စာချုပ်သက်တမ်းမပြည့်သေးသည့် CDM ဝန်ထမ်းများအား လျော်ကြေးငွေပေးသွင်းစေခြင်းသည် စာချုပ်နှင့်ကိုက်ညီမှုမရှိဟုဆို

 793

NP News - ဇွန် ၈
စာချုပ်သက်တမ်းမပြည့်မီသေးသည့် CDM ဝန်ထမ်းများအား လျော်ကြေးငွေပေးသွင်းစေခြင်းသည် စာချုပ်နှင့်ကိုက်ညီမှုမရှိကြောင်း ဇွန်လ ၈ရက် (ယနေ့)တွင် NUG၏ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် အချို့သော ဝန်ထမ်းများအား အလုပ်ခန့်ထားစဉ်က ဝန်ထမ်းခန့် ထားရေးမူအရ ချုပ်ဆိုထားသောကတိဝန်ခံချက်စာချုပ်သက်တမ်း မပြည့်သေးသည့် အကြောင်းပြချက်ဖြင့် စာချုပ်အရလျော်ကြေး ငွေများကို (၂)ပတ်အတွင်း သို့မဟုတ် မေလကုန်တွင် နောက်ဆုံးထားပေးသွင်းရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ် ကြောင်း ဝန်ထမ်းအချို့အား စာဖြင့်ခြိမ်းခြောက်မှုများရှိနေကြောင်း သိရသည်။

“စာချုပ်အရ ဝန်ထမ်းဖြစ်သူက သတ်မှတ်လုပ်သက်မပြည့်မီ မိမိဆန္ဒအလျောက်အလုပ်မှ နုတ်ထွက်ရင် စာချုပ်ပါလျော်ကြေးငွေကို ပေးလျော်ရမှာဖြစ်ပါတယ်။ CDM ဝန်ထမ်းတွေက အလုပ်မှနှုတ်ထွက်ခြင်း မဟုတ်ဘဲ တရားမဝင်စစ်ကောင်စီအစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအား ဆန့်ကျင်ပြီးလုပ်ငန်းခွင်ကို ယာယီရပ်နားထားခြင်းဖြစ်တဲ့အတွက် အဆိုပါလျော်ကြေးငွေတွေကို ပေးလျော်ဖို့ မလိုအပ်ပါဘူး”ဟု အလုပ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သုဝဏ္ဏက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသော လုပ်ဆောင်ချက်များ အားရှုတ်ချကြောင်းနှင့် CDM ဝန်ထမ်းများအနေဖြင့် နှစ်လစာချေးယူငွေများ၊ လုပ်သက်စာချုပ်လျော် ကြေးများ အားပေးလျော်ရန် မလိုအပ်ကြောင်း NUG ၏ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနကလည်း ချေးငွေများအား ပြန်လည်ပေးဆပ်ရန်မလိုအပ်သော ချေးငွေများအဖြစ် နှစ်ကြိမ်တိုင်တိုင်ကြေညာထားပြီးဖြစ်သည်။
#NPNews

Related news

© 2021. All rights reserved.