ကလေးမြို့တောင်ပိုင်းရွာများမှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရ
487
NP News - ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တောင်ပိုင်းရွာများမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ စစ်ကောင်စီ၏ ဖမ်းဆီးထိန်း သိမ်းခြင်းခံထားရပြီး ဒေသခံအချို့ ခြိမ်းခြောက်ခြင်းခံနေရသည်ဟု ကလေးမြို့ ဒေသခံတစ်ဦးထံမှ သိရသည်။
ကလေးမြို့တောင်ပိုင်းရွာများမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ကလေးမြို့သို့ သွားသည့်အချိန်တွင် ၃ ဦးကို စစ်ကောင်စီ ဘက်ကဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ၃ ဦးကို ရိုက်နှပ်စစ်ဆေးရာ နောက်ထပ် ၅ ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့သည့် ၈ ဦးကို ရိုက်နှက်စစ်ဆေးမေးမြန်းရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်စာ ရင်းရရှိခဲ့ပြီးနောက် လာရောက်အဖမ်းခံကြရန်နှင့် ရွာအတွင်းရှိ လက်နက်များကို လာရောက်အပ်နှံရန်၊ လက်နက်များ လာရောက်အပ်နှံခြင်းမရှိပါက ဖမ်းမိထားသည့် သူများ၏ အသက်ကို အာမခံမည်မဟုတ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။
#NPNews