လူထုကိုနှုတ်ဆက်နေစဉ် ပြည်သူတစ်ဦးက ပြင်သစ်သမ္မတကို ပါးရိုက်လိုက်

 605

ဝတီ (NP News) - ဇွန် ၉
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ပြင်သစ်သမ္မတက လူထုကိုသွားရောက်နှုတ်ဆက်ခဲ့ပြီး ထိုသို့နှုတ်ဆက်နေစဉ်အတွင်း အဆိုပါလူအုပ်ထဲမှတစ်ဦးက သမ္မတကို ပါးရိုက်လိုက်ကြောင်း ဇွန်လ ၉ ရက် စီအန်အေသတင်းတွင် ဖော် ပြထားသည်။

သမ္မတ အမ်နျူဝယ်မက်ခရွန်က မဲဆန္ဒရှင်များထံသွားကာ လက်ဆွဲနှုတ်ဆက်စဉ် အင်္ကျီအစိမ်းဝတ်ထားသူတစ်ဦးက သမ္မတလက်ကိုလှမ်းဆွဲလိုက်ပြီး သမ္မတနှင့်စကားအနည်းငယ်ပြောလိုက်ပြီးနောက် သမ္မတအား ပါးရိုက်လိုက်ခြင်းဖြစ်ကြောင်းသတင်းတွင်ဖော်ပြထားသည်။

အဆိုပါအဖြစ်အပျက်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်သည်အွန်လိုင်းတွင် တမဟုတ်ချင်းပလူပျံသွားခဲ့ပြီး သမ္မတ ထိုသို့ပါးရိုက်ခံလိုက်ရစဉ်အတွင်းတွင်ပင် လူတစ်ဦးက သမ္မတမက်ခရွန်ကျဆုံးပါစေဟုအော်လိုက်သည်ကို ဗီဒီယိုတွင် အတိုင်းသားကြားရသည်။ သမ္မတပါးရိုက်ခံလိုက်ရသည်နှင့်တပြိုင်နက် သမ္မတကိုယ်ရံတော်များ ချက်ချင်းလှုပ်ရှားခဲ့ကြောင်း၊ လူနှစ်ဦးလည်း ချက်ချင်းထိန်းသိမ်းခံလိုက်ရကြောင်း ဒေသခံအရာရှိများကပြောသည်။

“လူထုက လှမ်းခေါ်ပြီးနှုတ်ဆက်လို့ သမ္မတက သွားတာပါ။ အဲဒီအချိန်မှာပဲ အဲဒီကိစ္စဖြစ်သွားတာ” ဟု ဒေသခံအရာရှိတစ်ဦးက ပြောသည်။ အသက် ၂၈ နှစ်အရွယ် အမျိုးသားနှစ်ဦးကို စစ်ဆေးမေးမြန်းနေပြီ ဖြစ်သော်လည်း ထိုသို့ပါးရိုက်လိုက်ရသည့်အကြောင်းရင်းကို ယခုထက်ထိတိုင်မသိရသေးကြောင်း အရာရှိတစ်ဦးကပြောသည်။

#NPNews

Related news

© 2021. All rights reserved.