ထိုင်းနိုင်ငံတွင် လူ ၂ဦးကို ပြန်ပေးဆွဲကာ ငွေကြေးအမြောက်အများဖြင့်ရွေးခိုင်းသည့် အမျိုးသား ၄ ဦး ဖမ်းဆီးခံရ

 677

ရောင်နီ (NP News) - ဇွန် ၁၆
ထိုင်းနိုင်ငံ၊ ရာဇဝတ်မှု နှိမ်နှင်းရေးဌာန (CSD) ရဲတပ်ဖွဲ့သည် Singha Nakhon ခရိုင်တွင် လူ ၂ ဦးကို ပြန်ပေးဆွဲကာ ငွေကြေးအမြောက်အများဖြင့် ခြိမ်းခြောက်ရွေးခိုင်းသူ ပြန်ပေးဆွဲသမား ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရ သိရသည်။

CSD ဌာနခွဲ ၆ မှ အရာရှိများသည် ဇွန်လ ၁၅ရက် ညနေ ၅ နာရီခန့်က Thamnop စီရင်စု၊ Moo 5 ကျေးရွာရှိ 49/3 အခန်းကို သတင်းအရ ဝင်ရောက်စီးနင်းခဲ့ရာတွင် ပြန်ပေးဆွဲသမားလေးဦးကို ဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အခန်းအတွင်း ပစ္စတိုတစ်လက်၊ ခဲယမ်းမီးကျောက်အ ချို့၊ မူးယစ်ဆေးဝါးအချို့ကို သိမ်းဆည်းရမိခဲ့ကာ ဓားစာခံ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။ ဓားစာခံ၂ ဦးကို ပြန်ပေးဆွဲသမားများက ရိုက်နှက်ထားကာ မျက်လုံးကို အဝတ်စဖြင့်စည်းကာပိတ်ထားပြီး သံကြိုးခတ်ထားကြောင်းသိရသည်။

ရဲတပ်ဖွဲ့၏အဆိုအရ ပြန်ပေးဆွဲသမားများက ဓားစာခံတစ်ဦး၏မိသားစုထံဘတ်ငွေ ၂သန်း၊ အခြားတစ်ဦး၏ မိသားစုထံ ဘတ်ငွေ ၁၈ဝဝဝဝ ဖြင့်လာရွေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။ ဓားစာခံနှစ်ဦး၏ ဆွေမျိုး၊ မိသားစုများ အကူအညီတောင်းခံမှုများကြောင့် CSD သည် စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီး လက်ရှိတွင်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.