သီရိလင်္ကာကမ်းခြေတွင် လင်းပိုင်နှင့်လိပ်များ သေဆုံးနေမှု စင်ကာပူ၏ X-Press Pearl သင်္ဘောမီး လောင်မှုနှင့် ဆက်စပ်မှုရှိမရှိ လေ့လာနေ
937
ရောင်နီ (NP News) - ဇွန် ၁၇
သီရိလင်္ကာ အနောက်ဘက် ကိုလံဘိုမြို့၏ ကမ်းခြေအနီးတွင် ကုန်တင်သင်္ဘောတစ်စင်း မီးလောင် ကျွမ်းမှုုဖြစ်ပွားခဲ့ပြီးနောက် ကမ်းခြေတွင် လင်းပိုင်ငါးကောင်နှင့် ပင်လယ်လိပ် ၃ဝ ကျော် သေဆုံးခဲ့ ကြောင်း Straitstimes သတင်းဖော်ပြချက်အရသိရသည်။
စင်ကာပူအလံနှင့် X-Press Pearl သင်္ဘောသည် မေလ ၂ဝရက်က ကမ်းခြေအနီးမီးလောင်ခဲ့ပြီးနောက် ရေနံ၊ ဓာတုပစ္စည်းများနှင့် ပလက်စတစ်အချို့သည် ဝေလငါး၊ လင်းပိုင်၊ ငါးမန်းစသည် ရေနေသတ္တဝါ များစွာနေထိုင်ရာ ပင်လယ်ထဲ ကျဆင်းခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းခဲ့သည့် ကွန်တိန်နာသင်္ဘောသည် ပင်လယ်ကြမ်းပြင်နှင့်ထိနေအောင် နစ်မြုပ်နေခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ရေနံနှင့်ဆိုဒီယမ်ဒိုင်အောက်ဆိုဒ်၊ ကြေးနီနှင့်ခဲစ သည့် ဓာတုပစ္စည်းများယိုဖိတ်ခဲ့ပါက ဒေသတွင်းရှိ ပင်လယ်ရေကို ညစ်ညမ်းစေကာ ရေနေသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပြောဆိုထားသည်။
လွန်ခဲ့သည့် သီတင်းပတ်က ကိုလံဘိုနှင့် ကိုကာဒါမြို့ရှိ ကမ်းခြေပေါ်တွင် လင်းပိုင်၊ ငါးရှဉ့်နှင့် လိပ်များ ရှားရှားပါးပါး သောင်တင်ကမ်းကပ်နေခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်း စောင့် ရှောက်ရေး ဦးစီးဌာနက ပြောကြားခဲ့ပြီး သားရိုင်းတိရိစ္ဆာန်ဌာနမှ ညွှန်ကြားရေးမှူးချုပ် Chandana Sooriyabandara က တိရိစ္ဆာန် အသေကောင်များမှ တစ်သျှူးများကို စုဆောင်းပြီး ရင်ခွဲရုံကို ပို့ဆောင်ထားကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယသမုဒ္ဒရာ၏ ယင်းအပိုင်းရှိ ပင်လယ်လိပ်နှင့် ရာနှင့်ချီသော သန္တာကျောက်ငါးများသည် ပင်လယ်ခ ရီးသွားလုပ်ငန်း၊ တောရိုင်းတိရိစ္ဆာန် သုတေသန နှင့် ငါးဖမ်းခြင်းတို့အတွက် ရေပန်းစားကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံ၏ရေကြောင်း ပတ်ဝန်းကျင်ကာကွယ်ရေးအာဏာပိုင်(Mepa)က တောရိုင်း တိရိစ္ဆာန်နှင့် အဏ္ဏဝါပတ်ဝန်းကျင်အတွက် ကုန်ကျစရိတ်ကို အပြည့်အဝအကဲမဖြတ်ရသေးကြောင်း ပြောသည်။
ထို့ကြောင့် လျော်ကြေးငွေသည် ပိုပြီးများလာနိုင်ဖွယ်ရှိပြီး သီရိလင်္ကာရေတပ်က အဆိုပါ မီးလောင်မှုသည် နိုက်ထရစ်အက်ဆစ်နှင့်အခြားဓာတုပစ္စည်း ၂၂တန်ကျော်ပါဝင်သည့် ဓာတုကုန် ပစ္စည်းများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အများစုသည် မီးနှင့်ပျက်စီးခဲ့ကြောင်းသိရသည်။
#NPNews