အနုပညာရှင်များထံမှ ငွေယူ၍ ပြန်လွှတ်ပေးခြင်းမျိုး မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

 1271

Iris (NP News) - ဇွန် ၁၇

စစ်ကောင်စီဘက်က ဖမ်းဆီးထားပြီးနောက် ပြန်လွှတ်ပေးခဲ့သော အနုပညာရှင်များနှင့်ပတ်သက်၍ ငွေယူခဲ့ခြင်းမျိုး မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတိအလင်းပြောကြားလိုက်ပြီး လီဆည်ရေးသားသော မီဒီယာများအနေဖြင့်လည်း ဖာ-မကျသင့်ကြောင်း ဝေဖန်ပစ်တင်လိုက်သည်။

စစ်အုပ်ချုပ်ရေးကို အလိုမရှိသောကြောင့် ဆန့်ကျင်ဆန္ဒပြကြသည့်အပြင် CDM လှုပ်ရှားမှုကို အားပေးအားမြောက်ပြုခဲ့သည်အထိ ဥပဒေပြင်ပကိုပါ ကျော်လွန်သွားခဲ့သည်ဟုယူဆကာ စစ်ကောင်စီဘက်က နာမည်ကျော်အနုပညာရှင်များကို ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း ယခုလမှစ၍ အနုပညာရှင်အချို့ကို စတင်ပြန်လွှတ်ပေးနေခြင်းဖြစ်ကြောင်းသိရကာ ယင်းကဲ့သို့လွှတ်ပေးနေမှုများတွင် အခကြေးငွေပေးခဲ့ရသည်ဆိုသော သတင်းများက မီဒီယာအချို့ထံမှစတင်ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။ “ မီဒီယာများအနေနဲ့လည်း မိမိမီဒီယာရပ်တည်နိုင်ရေးအတွက်ပေ့ါလေ။ ပြောရတာတော့ အားနာပါတယ်။ တစ်ချို့မီဒီယာတွေကို ပြောတာပါ။ အနုပညာရှင်တွေကို ပိုက်ဆံယူပြီး လွှတ်ပေးတယ်လို့ ရေးတဲ့မီဒီယာတွေပေ့ါနော်။ ယူပြီး လွှတ်ပေးစရာလည်း အကြောင်းမရှိဘူး။ တကယ်ပြစ်မှုကျုးလွန်ထားတဲ့သူကိုလည်း လွှတ်ပေးစလို့ မရဘူး။ ကိုယ့်မီဒီယာရပ်တည်နိုင်ရေးအတွက် ဒီလောက် ဖာ-ကျဖို့ မလိုဘူးလို့ ပြောချင်ပါတယ် ” ဟု စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ဖမ်းဆီးခံထားရသော နာမည်ကျော်အနုပညာရှင်များအဖြစ် ပြေတီဦး ဇနီးမောင်နှံ၊ ဦးဇင်ဝိုင်း၊ လူမင်း အစရှိသူတို့ပါဝင်နေပြီး ယင်းတို့အထဲမှ ဦးဇင်ဝိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီလည်း ဖြစ်သည်။ ယင်းကဲ့သို့ လွတ်မြောက်လာနေမှုကိုလည်း အချို့သော ထင်ရှားသည့်ဆိုရှယ်မီဒီယာအကောင့်ပိုင်ရှင်များနှင့် သတင်းဌာနအချို့က သတင်းမှားများဖြင့် ပုံဖျက်ရေးသားမှုများ ရှိနေသည်ကိုလည်း တွေ့ရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ လွတ်ပေးလိုက်သောအနုပညာရှင်များထံ ကိုယ်တိုင်သွား၍ မေးကြည့်နိုင်ကြောင်းနှင့် အဆိုပါအနုပညာရှင်များကိုယ်တိုင်က ငွေပေးခဲ့ရခြင်းမရှိကြောင်း ရေးသားနေမှုများကို အချို့မီဒီယာများက မသိကျိုးကျွန်ပြုနေသည်ဟုလည်း အပြစ်တင်ပြောကြားသည်။

Related news

© 2021. All rights reserved.