မြန်မာ့ လက်ရှိနိုင်ငံရေးအခြေအနေအကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဆွေးနွေး

 6441

Iris (NP News) - ဇွန် ၂၁
မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးအခြေအနေများနှင့် နှစ်နိုင်ငံအစိုးရ၊တပ်မတော်တို့အကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအကြောင်းကို ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်ေးအာင်လှိုင်တို့ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မော်စကိုမြို့သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှုူးကြီး မင်းအောင်လှိုင်နှင့် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးတို့၏ တွေ့ဆုံဆွေးနွေးမှု၌ နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပြီး ယင်းအချက်မှာ စိတ်ဝင်စားဖွယ်ကောင်းနေကြောင်းလည်း ဆိုနိုင်သည်။ စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ရုရှားနိုင်ငံဘက်က သိရှိစေရန်အတွက် ထည့်သွင်းဆွေးနွေးခဲ့ကြောင်းနှင့် နှစ်နိုင်ငံတပ်မတော်အကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားနိုင်ရေးကိုသာ ဦးတည်ထားကြောင်း ဆိုသည်။ ယင်းဆွေးနွေးမှုမှာ လက်ရှိ မြန်မာနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံအများစုထံမှ ရောက်ရှိလာသည့် ဖိအားများကို ရုရှားဘက်က နားလည်မှုပေးနိုင်စေရန် ရည်ရွယ်ထားပုံရပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်သွားရေးကို စစ်ကောင်စီဘက်က အလိုရှိနေကြောင်း ဖော်ပြထားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့် တွေ့ဆုံပြီးချိန်၌ နောက်ဆက်တွဲအဖြစ် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Rosoboronexport နှင့် ထပ်မံတွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာနည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုများအကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းကမူ မြန်မာနိုင်ငံအပေါ် စစ်လက်နက်ရောင်းချမှု ရုတ်သိမ်းရေး သဘောတူညီချက်အဖြစ် ကုလသမဂ္ဂ၌ နိုင်ငံပေါင်း(၁၁၉)နိုင်ငံက ထောက်ခံအတည်ပြုခဲ့ကြပြီးဖြစ်သော်လည်း ရက်ပိုင်းအတွင်းမှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ရုရှားစစ်လက်နက်ထုတ်လုပ်ရေးနှင့် တွေ့ဆုံပြခဲ့ခြင်းလည်း ဖြစ်လာသည်။

Related news

© 2021. All rights reserved.