အဆိုတော် ရေမွန် က လုပ်ကြံခံရလို့၊ ဌက်ဖျားပိုးဝင်လို့ မဟုတ်ဘဲ အစာအိမ်သွေးကြောပေါက်ပြီး သေဆုံးတာ ဖြစ်တယ်လို့ နိုဗန်ထူး ပြော

 1246

အိဖြူ (NP News) - ဇွန် ၂၃

အဆိုတော် ရေမွန် ရုတ်တရက်သေဆုံးရတာဟာ လူမှုကွန်ရက်ပေါ်မှာ အများပြောနေသလို ဦးနှောက်ထဲ ဌက်ဖျားပိုးဝင်လို့၊ လုပ်ကြံခံရလို့ သေဆုံးတာမဟုတ်ဘဲ ဆရာဝန်ရဲ့ပြောစကားအရ စားသောက်ကြရင်း အခန့် မသင့်လို့ အစာအိမ်သွေးကြောပေါက်ပြီး သေဆုံးသွားရတာဖြစ်တယ်လို့ နိုဗန်ထူးက ရှင်းပြခဲ့ပါတယ်။

Idiots အဖွဲ့ဝင် အဆိုတော် ရေမွန် (အသက် ၃၃) နှစ်ဟာ ဒီနေ့ ဇွန်လ ၂၃ ရက် နံနက်ပိုင်းက ရုတ်တရုတ် လဲကျ ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ပေမယ့်လည်း အချိန်မမီတော့တာကြောင့် အခုလို ကွယ်လွန်သွားခဲ့ရတာဖြစ်တ ယ်လို့ သိရပါတယ်။

“နဂိုကတည်းက ကိုတွတ်က အစားအသောက်မမှန်ခဲ့မိတာ။ အိပ်လည်း သိပ်မပျော်၊ နေမကောင်းတာလေးတွေ ရှိခဲ့တယ်။ အကိုက်အခဲ ပျောက်ဆေး နည်းနည်းပါးပါး သောက်နေခဲ့ရသေးတယ်။ ဒါပေမယ့် ခုတလော နေပြန် ကောင်းနေပြီး အိပ်လို့လည်း ကောင်းကောင်းရတယ်ဆိုတော့ အေးဆေးပဲ ထင်နေခဲ့မိတာ။ ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း၊ စားရင်း အခန့်မသင့်လို့ အစာအိမ်သွေးကြော ပေါက်သွားတယ်(ဆရာဝန်က အဲဒီလိုသုံးသပ်ပြသွားတာပဲ) ဆရာဝန်ပြပြီးတော့ ကုသမှုယူခဲ့သေးပေမယ့် မမီလိုက်တော့ဘဲ ခုလို ဖြစ်သွားရ တာပါ” လို့ အဆိုတော် နိုဗန်ထူးက သူကိုယ်တိုင်အသုံးပြုတဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေမွန်ရဲ့သေဆုံးမှုအခြေအနေကို ရှင်းပြခဲ့ပါတယ်။

ရေမွန် ဟာ သူမကွယ်လွန်ခင် ရှေ့ရက်ပိုင်းက ဟေ့ာပေါ့စားနေရင်း နိုဗန်ထူးနဲ့ Messenger မှာ စကားပြောခဲ့ကြပြီး သတိရကြောင်းတွေ ပြောခဲ့တယ်လို့ သိရပါတယ်။

ရေမွန် က အရက်သေစာ သောက်စားမူးယစ်ပြီး အချင်းချင်းရန်ဖြစ်ရင်း သေဆုံးတာဖြစ်တယ်ဆိုပြီး တပ်လော်ဘီတွေက သတင်းမှားလွင့်ခြင်းသာဖြစ်တယ်လို့ နိုဗန်ထူးက ရေးသားဖော်ပြထားပါတယ်။

ဒါ့ကြောင့် ကွယ်လွန်သူ အဆိုတော် ရေမွန်ရဲ့ ဂုဏ်သိက္ခာကို လိုက်ချနေတာတွေကို ရပ်တန်းကရပ်ပါဆိုပြီး နိုဗန်ထူးက သတိပေးထားပါတယ်။

#NPNews

Related news

© 2021. All rights reserved.