အာဖဂန်နစ္စတန် ဆေးရုံတစ်ခုမှာ တာလီဘန်များရဲ့ တိုက်ခိုက်မှုကြောင့် ကိုဗစ်ကာကွယ်ဆေးများ မီးလောင်ကုန်

 730

ရောင်နီ ( NP News )

အာဖဂန် နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ ဆေးရုံတစ်ရုံကို မော်တော်ဆိုင်ကယ်များနဲ့ လူတစ်ခုက တိုက်ခိုက်ခဲ့ပြီး ဆေးရုံမှာ ထားရှိတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း မီးလောင်ပျက်စီးစေခဲ့တယ်လို့ သိရပါတယ်။ ယင်းတိုက်ခိုက်သူတွေကို တာလီဘန်များ ဖြစ်မယ်လို့ ရဲတပ်ဖွဲ့က သံသယရှိထားပါတယ်။

အာဖဂန်နစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကာဘရာဟတ်ခါလ်က တာလီဘန်အကြမ်းဖက်အဖွဲ့ဟာ“ အပြစ်မဲ့ပြည်သူများအားအန္တရာယ်ဖြစ်စေရန်” အတွက် အများပြည်သူနေရာတွေကို မကြာခဏ ပစ်မှတ်ထားကာတိုက်ခိုက်လေ့ရှိကြောင်း၊ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက အာဖဂန် နစ္စတန်အရှေ့ပိုင်း Kunar ဒေသရှိ Asadabad ဗဟို ဆေးရုံမှာ တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ကြောင်း တွစ်တာမှာ သတင်းပေး ပြောကြားခဲ့ပါတယ်။

သို့ပေမယ့် တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်သေးဘူးလို့ သိရပါတယ်။ ဒေသခံရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဆေးရုံတောင်ဘက်မှ သေနက်နဲ့ ပစ်ခက်ခဲ့ခြင်းဖြစ်ကာ ထိခိုက်သေဆုံးမှု မရှိသေးသော်လည်း အရေးကြီးတဲ့ ကိုဗစ်ကာကွယ်ဆေးများ ဆုံးရှုံးမှုနဲ့ ဘဏ္ဍာရေး ထိခိုက်မှုများမှာ သိသာထင်ရှားခဲ့တယ်လို့ သိရပါတယ်။ Kunar ဒေသ ကျန်းမာရေးအရာရှိ Aziz Safai က "ပိုလီယိုနဲ့ Covid-19 တိုက်ဖျက်ရေးအတွက် ရည်ရွယ်ထားတဲ့ ဆေးများအပါအဝင် ကိုဗစ်ကာကွယ်ဆေးများ မီးလောင်ကာ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

လူဦးရေရဲ့ ဝ.၉ ရာခိုင်နှုန်းကို အပြည့်အဝ ကာကွယ်ဆေး ထိုးပေးနိုင်မယ့် ဆေးပမာဏ ပျက်စီးဆုံးရှုံးရခြင်းနဲ့အတူ ဆေးရုံကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဟာ အာဖဂန်နစ္စတန်ရဲ့ ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားမှုမှာ အမှန်တကယ် ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ ကူးစက်ရောဂါစတင်ကတည်းက ယနေ့ထိအတွင်း အာဖဂန်နစ္စတန်မှာ Covid-19 ကူးစက်လူနာ ၁၁၀,၀၀၀ နီးပါးရှိပြီး ၄,၃၆၆ ဦး သေဆုံးခဲ့ပါတယ်။ သို့ပေမယ့် ကျွမ်းကျင်သူများကတော့ အမှန်တကယ်ကူးစက်လူနာ အရေအတွက်ဟာ ယင်းပမာဏထက် များနေနိုင်တယ်လို့ သံသယရှိနေပါတယ်။

အာဖဂန်နစ္စတန် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ghulam Dastagir Nazari က WHO မှ ထောက်ပံ့တဲ့ ကာကွယ်ဆေး ၃ မီလီယံဟာ လာမယ့် သြဂုတ်လတွင်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်ဟာ အိန္ဒိယမှ AstraZeneca ကာကွယ်ဆေး လှူဒါန်းမှု အပေါ်များစွာမှီခိုအားထားခဲ့ပြီး တရုတ်မှ Sinopharm ကို ဝယ်ယူခဲ့တယ်လို့ ဇွန်လ အစောပိုင်းက ပြောကြားခဲ့ပါတယ်။

#NPNews

Related news

© 2021. All rights reserved.