မဲဆောက်မြို့ရှိစက်ရုံများတွင် မြန်မာနှင့်ထိုင်းအလုပ်သမား ၄၅ဝ ကျော် ကိုဗစ်ရောဂါပိုးကူးစက်ခံရ

1068

ဂျန်ဇက် (NP News)- ဇွန် ၂၈
ထိုင်းနိုင်ငံမဲဆောက်ဒေသရှိစက်ရုံသုံးခုတွင် အလုပ်လုပ်နေသည့် မြန်မာနှင့် ထိုင်းအလုပ်သမား ၄၅၂ ဦး ကိုဗစ်ရော ဂါပိုးကူးစက်ခံခဲ့ရကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရသည်။ အဆိုပါစက်ရုံးသုံးခုရှိ အလုပ်သမား ၈၄ဝ ကိုစစ်ဆေးခဲ့ရာ ထက်ဝက်ကျော် ကိုဗစ်ရောဂါပိုကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
မဲဆောက်မြို့အုပ်ချုပ်ရေးအာဏာပိုင်များသည် ဆေးရုံတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဇွန်လ ၂၇ ရက် ညပိုင်းက မဲဆောက်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိစမ်းသပ်စစ်ဆေးမှုလုပ်ချိန်အတွင်း ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်မြို့ရှိဆရာဝန်တစ်ဦးကပြောသည်။ မဲဆောက်မြို့တွင် နေထိုင်သည့် ဆရာဝန်တစ်ဦးက အလုပ်သမားပေါင် ၄၅၂ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းတွေ့ရှိရပြီးနောက်ထပ်၂၅ဦးနှင့် ပတ်သက်သည့် အဖြေမသိရသေးကြောင်း လူမူကွန်ရက်တွင် ဖော်ပြခဲ့သည်။
မဲဆောက်မြို့ခံဆရာဝန်က"ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတွေကိုဆေးရုံကိုလွှဲပြောင်းပေးပို့ပြီးကုသမှုခံယူစေမှာပါ။ သတိပေးမှုတွေပိုမိုလုပ်ဆောင်ရမယ်။ မျက်နှာကိုMask တပ်ဖို့၊ လက်ကိုဆေးကြောဖို့နဲ့ အပြင်သိပ်မထွက်ဖို့သတိပေးရမှာဖြစ်တယ်"ဟု ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုသည် ရွှေ့ပြောင်းအလုပ်သမားများရှိသည့် နေရာများတွင် မြင့်တက်နေပြီးအချို့သူများသည် ဘန်ကောက်မြို့ကို ထွက်ပြေးခြင်းမျိုးရှိနေကြောင်းသိရသည်။
#NPNews