ဘားအံ၊ တာချီလိတ်၊ ဘုတ်ပြင်း မြို့နယ်များတွင် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 1828

NP News - ဇူလိုင် ၄

ဘားအံမြို့နယ်တွင် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၏ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝ အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်အရ ဘားအံမြို့နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့ဝင်များသည် ပူးပေါင်းအဖွဲ့သည် သတင်းအရ ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စု၊ ဘုရားလုံကျေးရွာနေ မနန်းသဇင်ခိုင် (အသက် ၂၄ နှစ်) ၏ နေအိမ်အား ဇူလိုင်လ ၃ ရက်နေ့ နေ့လည် ၁ နာရီ ၃ဝ မိနစ်အချိန်ခန့်က ဝင်ရောက်ရှာ ဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝ အား သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတ ပ်ဖွဲ့ထံမှ သိရသည်။

တာချီလိတ်မြို့နယ်တွင် ဇူလိုင်လ ၃ ရက် ညနေ ၄ နာရီ ၃၅ မိနစ်အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိပ်န င်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်ရှိ တည်းခိုခန်း သို့ လာသည့် ရဲမင်းထွန်း (အသက် ၂၁ နှစ်) မောင်းနှင်ပြီး၊ အာကာထွန်း (အသက် ၂၇ နှစ်) ဆိုသူ လိုက်လာသည့် မော်တော်ဆိုင်ကယ်ကို ကားပါကင်တွင် ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးရာ အာကာထွန်း လွယ်ထားသည့် အိတ်အ တွင်းမှ အိုက်စ် မူးယစ်ဆေးဝါး ၁ ကီလိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်းများသည် ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဘုတ်ပြင်း - ကော့သောင်းသွား ကားလမ်း၊ အေးမြသာယာကျေးရွာအနီးတွင် ဇူလိုင်လ ၃ ရက် နေ့လည် ၁၁ နာရီ ၅ဝ မိနစ် အချိန်ခန့်က အသက် ၁၉ နှစ်အရွယ် ဖုန်းစံအောင်နှင့် ရဲကိုကိုမြင့်တို့ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာတွင် ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆ဝဝဝ ပြားအား သိမ်းဆည်းရမိခဲ့ ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဘားအံမြို့နယ်မှ မနန်းသဇင်ခိုင် (အသက် ၂၄ နှစ်)၊ တာချီလိတ်မြို့မှ ရဲမင်းထွန်း (အသက် ၂၁ နှစ်) အာကာထွန်း (အသက် ၂၇ နှစ်)၊ ဘုတ်ပြင်းမြို့ နယ်မှ ဖုန်းစံအောင်နှင့် ရဲကိုကိုမြင့်(အသက် ၁၉ နှစ်) တို့ကို သက်ဆိုင်ရာ ရဲစခန်းများမှ မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

#NPNews

Related news

© 2021. All rights reserved.