ကွယ်လွန်သူ အဆိုတော်ရေမွန် နာမည်ကိုအသုံးချပြီး စီးပွားရေး လုပ်မစားနဲ့လို့ ရေမွန် ညီမ သတိပေး

 1723

အိဖြူ (NP News) - ဇူလိုင် ၄

ကွယ်လွန်သူ အဆိုတော် ရေမွန် ပုံ နဲ့ Idiots Band Logo တပ်ပြီး အကျီထုတ်ကာ ရောင်းစားနေသူ အားလုံး “သေဆုံးသူကိုအသုံးချပြီး စီးပွားရေးလုပ်မစားနဲ့” လို့ ရေမွန်ရဲ့ညီမဖြစ်သူ လပြည့်က သူမရဲ့ဖေ့ဘွတ်စ် အကောင့်ကနေ တရားဝင် သတိပေးပြောလိုက်ပါတယ်။

အဆိုတော် ရေမွန် အမှတ်တရလို့ ဆိုကာ Idiots Band Logo ပုံရိုက်နှိပ်ထားတဲ့အကျီတွေ လူမှုကွန်ရက် ပေါ်မှာပါ ရောင်းချနေတာကို တွေ့မြင်နေရပြီး အဲဒီလိုရောင်းချမှုအတွက် မိသားစုထံမှာ မည်သူတစ်ဦးတစ်ေ ယာက်ကမှ ခွင့်ပြုချက်တစ်စုံတစ်ရာ တောင်းခံခဲ့ကြတာမျိုး မရှိဘူးလို့ သိရပါတယ်။

“ Idiots Band ပုံ အကျီတွေထုတ်ပြီး စီးပွားရေးဆန်ဆန် ရောင်းစားနေတာတွေကို အကုန်ပြန်ဖျက်ပေးပါ။ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မယူဘဲ လုပ်ချင်တိုင်း လုပ်လို့ မရပါဘူးနော်။ ဆုံးသွားတဲ့ သူကိုလည်း အားနာပါဦး။ Ethic ရှိပါ။ ရောင်းတော့ မစားပါနဲ့” လို့ အဆိုတော် ရေမွန်ရဲ့ ညီမဖြစ်သူ လပြည့်ကဗျာက သူမရဲ့ဖေ့ဘွတ်စ်အေ ကာင့်မှာ အသိပေးရေးသားထားပါတယ်။

အဆိုတော် ရေမွန်(အသက် ၃၃) နှစ်ဟာ ဇွန်လ ၂၃ ရက်က အစာအိမ်သွေးကြောပေါက်ကာ (ဆရာဝန်ပြော ကြားချက်အရ) ထိုင်း- မြန်မာနယ်စပ်မျဉ်းအနီး မြန်မာဘက်ခြင်း မြဝတီခရိုင်အတွင်းနေထိုင်စဉ် ကွယ်လွန်ခဲ့ တာဖြစ်ပါတယ်။

ရေမွန်ရဲ့ဈာပနအခမ်းအနားကို မိသားစုဝင်တွေဟာ ဇွန်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ထိုင်း- မြန်မာနယ်စ ပ်မှာ ပြုလုပ်ခဲ့ကြပြီး ရုပ်အလောင်းကိုတော့ မီးသဂြိုလ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ကွယ်လွန်သူ အဆိုတော် ရေမွန် ဝတ်ဆင်ခဲ့တဲ့ Idiots Band ပုံပါ အကျီကို လေလံတင်ရောင်းချခဲ့ရာမှာ ငွေကျပ် ၂၄ သိန်းနဲ့ လေလံအောင်ခဲ့ပြီး အဲဒီငွေကိုတော့ မိသားစုဝင်တွေက ရေမွန်အတွက် ရည်စူးပြီး အလှူအတန်းတွေပြုလုပ်ပေးခဲ့ကြပါတယ်။

ဒါ့အပြင် ရေမွန်ကို သတိရခြင်းအထိမ်းအမှတ်အဖြစ် ကမ္ဘာမြေကို အကျိုးပြုတဲ့သစ်ပင်တွေကို ကိုယ်စီစိုက်ပျိုး ကြဖို့ Raymond Tree ဆိုတဲ့ သစ်ပင်စိုက်ကမ်းပိန်းကို ပြုလုပ်ခဲ့ကြပြီး ပရိသတ်များ၊ အနုပညာမောင်နှမများ အားလုံး ပါဝင်ခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။

ရေမွန်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးတို့အတွက် ဆန္ဒထုတ်ဖော်ပွဲတွေမှာ လည်း ကိုယ်တိုင်ဦးဆောင်ပါဝင်ခဲ့သူဖြစ်သလို တော်လှန်ရေးအတွက် ကြိုးစားနေကြတဲ့ အနုပညာရှင်တွေထဲမှာ ပထမဆုံး အသက်စွန့်သွားခဲ့ရသူလည်းဖြစ်ပါတယ်။
#NPNews

Related news

© 2021. All rights reserved.