အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်က Facebook၊ Youtube နှင့်Twitter တို့ကို တရားစွဲဆို
714
ရောင်နီ (NP News) - ဇူလိုင် ၈
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် Twitter၊ Facebook နှင့် YouTube ကို Class Action အဆင့် တ ရားစွဲဆိုမှု ပြုလုပ်ကြောင်း ဇူလိုင် ၇ ရက်နေ့က ပထမဆုံး ပြုလုပ်သည့် ၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ပြီး အဆိုပါ ကုမ္ပဏီသုံးခုသည် ၎င်း၏အခွင့်အရေးများကို ဖောက်ဖျက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။
တရားစွဲဆိုခြင်းခံရသူများသည် တွစ်တာအမှုဆောင်အရာရှိချုပ် Jack Dorsey၊ Facebook တည်ထောင်သူ Mark Zuckerberg နှင့် Google ၏အမှုဆောင်အရာရှိချုပ် Sundar Pichai တို့ဖြစ် ကြောင်း သိရသည်။
"ကျွန်တော်တို့က ပုံတူကူးခြင်း ပိတ်ပင်မှုကို ရပ်တန့်ဖို့၊ အသံ copy right ကို ရပ်တန့်ဖို့၊ black list ထဲ ထည့်သွင်းခြင်းကို ရပ်တန့်ဖို့နဲ့ ဒီစည်းမျည်းတွေကို ဖျက်သိမ်းဖို့ တောင်းဆိုနေခြင်း ဖြစ်တယ်" ဟု Trump ကသူ၏ Bedminster, NJ ဂေါက်ကလပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က ပါလီမန်အဆောက်အအုံကို တိုက်ခိုက်မှုအပြီးတွင် သမ္မတဟောင်း ထရန့်သည် ဆိုရှယ်မီဒီယာများ၏ ရက်ရှည်ဆင်ဆာဖြတ် ပိတ်ပင်မှုကို ခံခဲ့ရကြောင်း သိရသည်။ Twitter တွင် ထရန့်သည် တစ် သက်တာ ပိတ်ပင်ခံထားရပြီး Facebook နှင့် Youtube ကလည်း ၎င်း၏အကောင့်ကို ပိတ်ထားသော်လည်း အကောင့်ပြန်ပေး၊ မပေးကို ဖော့ဘုတ်က ဆုံးဖြတ်နေဆဲဖြစ်ကြောင်း သိရသည်။ ထရန့်၏ တရားစွဲဆိုမှုသည် ၎င်းကိုပိတ်ထားသည့် အကောင့်များကို ပြန်ပေးရန် တောင်းဆိုမှုများ ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့အတွက် Facebook နှင့် Twitter တို့က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး Google ကလည်း သတင်းဌာနများ၏ မှတ်ချက်ပေးရန် တောင်း ဆိုချက်များကို တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
#NPNews