အောက်ဆီဂျင် တကယ်လိုအပ်ပြီး ငွေကြေးမတတ်နိုင်သူများကို Oxygen Concentrator အခမဲ့ ဌားပေးမည်ဟု သရုပ်ဆောင် နန္ဒာလှိုင် အသိပေး

961

NP News - ဇူလိုင် ၁ဝ
နန္ဒာလှိုင်တို့မိသားစုမှ အောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်နေစဉ်အတွင်း ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင်တကယ်လိုအပ်ပြီး ငွေကြေးမတတ်နိုင်သည့်သူများအတွက် ရွှေ့ပြောင်းလွယ် Oxygen Concentrator များကို အခမဲ့ ဌားပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
နန္ဒာလှိုင် ပြည်ပမှ မှာယူထားသည့် အောက်ဆီဂျင်စက်များ ရှေ့တပတ်အတွင်း ရန်ကုန်မြို့သို့ ရောက်မည်ဖြစ်ကြောင်း သိရသည်။
“Oxygen Concentrator တွေ လာမယ့် အင်္ဂါနေ့ကစပြီး သောကြာနေ့အထိ အားလုံး ရန်ကုန်ကို ရောက်ပါမယ်။ တကယ်လိုအပ်ပြီး ငွေကြေးမတတ်နိုင်သူများကို အခမဲ့ ငှားပေးပါမယ်” ဟု နန္ဒာလှိုင်က သူမ၏ဖေ့ဘွတ်စ်အေ ကာင့်တွင် ရေးသားဖော်ပြထားသည်။
အစပိုင်းက ငွေကြေးမတတ်နိုင်သူများအတွက် အခမဲ့ဌားပေးမည်ဖြစ်ပြီး တတ်နိုင်သူများကို အမြတ် လုံးဝ မယူ ဘဲ ပြန်ရောင်းပေးမည်ဟု ဆိုခဲ့သော်လည်း ယခုတွင် ငွေကြေးအဆင်မပြေသူများအတွက် အခမဲ့ ဌားရမ်းပေး ခြင်းကိုသာ အဓိကလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောက်ဆီဂျင်ထုတ် (Medical Oxygen Plant) စက်ရုံ တည်ဆောက်ရန်အတွက်လည်း ပြည်တွင်း ပြည်ပ ဈေးနှုန်းများကို စုံစမ်းလျက်ရှိရာ ၎င်းတို့အနေဖြင့် တစ်နာရီကို အောက်ဆီဂျင်အိုး အလုံး ၆ဝ ဖြည့်နိုင်မည့် စက်ကို စိတ်ဝင်စားလျက်ရှိပြီး တဖက်တွင်လည်း အော်ဒါအရမ်းများနေသဖြင့် ကိုယ့်အလှည့်ဘယ်တော့မှ ရောက်မလဲ ဆိုသည့် အခက်အခဲများရှိနေကြောင်း သိရသည်။
Medical Oxygen Plant Factory စက်ရုံတစ်ခုဆောက်ရန် ကြာချိန်က အနည်းဆုံး ၄၅ ရက်အထက်ကနေ ၆ လလောက်အထိ အချိန်ယူရကြောင်းသိရသည်။
Oxygen Concentrator ကိုဖြင့် 5L, 7L, 10L အစုံ မှာထားပြီး လူနာအပေါ် မူတည်၍ အခမဲ့ ငှားပေးသွားမည်ဖြစ်ပြီး နေကောင်းသွားပြီဆိုပါက ဌားရမ်းထားသည့် အောက်ဆီဂျင်စက်ကို ပြန်အပ်ရမည်ဖြစ်သည်။
ဆေးပညာပိုင်းဆိုင်ရာကို နန္ဒာလှိုင်၏ မောင်နှင့် ညီမဖြစ်သူ ဒေါက်တာ စိန်ဖြိုးလှိုင်နဲ့ ဒေါက်တာ မြတ်စံပယ်လှိုင် တို့မှ ဖုန်းကနေတဆင့် အကြံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလို အောက်ဆီဂျင်စက်များ အခမဲ့ ဌာရမ်းခြင်းသည် စေတနာဖြင့် လုပ်ဆောင်ခြင်းဖြစ်သဖြင့် စပေါ်ငွေ ပေးရန်မလိုအပ်သော်လည်း ဌားရမ်းထားသည့် အောက်ဆီဂျင်စက်များကို စနစ်တကျ ပြန်လည်ပေးအပ်ကြရန် လိုအပ်သည်ဟု တောင်းဆိုထားပါတယ်။
#NPNews