မရမ်းကုန်းမြို့နယ်၊ သမိုင်းကုန်းကျော်အနီးရှိ လှသီတာရွှေဆိုင်တွင် လုယက်ပတ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးကို ဖမ်းဆီးရမိထား

1337
NP News - ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ သမိုင်းကုန်းကျော်အနီးရှိ လှသီတာရွှေဆိုင်တွင် ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်က လုယက် ပတ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုယက်သူ တရားခံတစ်ဦးကို ဖမ်းဆီးရမိ ထားကြောင်း သတင်းရရှိသည်။
ယနေ့ နံနက်ပိုင်းက လှသီတာရွှေဆိုင်သည် ဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ် အမည်မသိလူ ၅ ဦးမှ Mark II ယာဉ်ဖြင့် ရောက်လာပြီး လှသီတာရွှေဆိုင်အတွင်းသို့ ဝင်ရောက်လာကြကာ သေနတ်ထုတ်ပြ၍ ခြိမ်းခြောက်လုယက်မှု များပြုလုပ်ခဲ့ကြသော်လည်း ဆိုင်ပိုင်ရှင်နှင့် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသဖြင့် တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်လေးဦးမှာမူ ၎င်းတို့စီးလာသည့် ယာဉ်ဖြင့် ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
လှသီတာ ရွှေဆိုင်လုယက်မှုတွင် ပါဝင်ခဲ့သူ ၅ ဦးအနက် အမှတ်-၂၈၉၊ မီးခွက်(၁) လမ်း၊ မီးခွက်ဈေး၊ လှိုင်သာ ယာမြို့နယ်နေသူ ဝေယံ(ခ)အသေးလေး (အသက် ၁၈) နှစ်ကို ၎င်းကိုင်ဆောင်ထားသည့် ပစ္စတိုသေနတ်တ စ်လတ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ ကျန်တရားခံ လေးဦးကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွ က်လျက်ရှိကြောင်းသတင်းရရှိသည်။
#NPNews