မန္တလေးတွင် လျှပ်စစ်မန်နေဂျာရုံးမှ ဒုကြီးကြပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး
332
NP News - ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ လျှပ်စစ်မန်နေဂျာရုံးမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး သေနတ်ဖြင့ ်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သေဆုံးသူမှာ လျှပ်စစ်မန်နေဂျာရုံးမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးချစ်မင်း ဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ၃၃ x ၃၄ လမ်းကြား၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ လျှပ်စစ်မန်နေဂျာရုံးမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးချစ်မင်းသည် အောင်မြေသာစံမြို့နယ်ရှိ မရမ်းခြံ ဓာတ်အားခွဲရုံး ဝန်ထမ်းအိမ်ယာမှ မဟာအောင်မြေမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်စဉ် ချမ်းအေးသာစံမြို့နယ်၊ ၃၃ x ၃၄ လမ်းကြားသို့အရောက် အကြမ်းဖက် လက်နက် ကိုင်နှစ်ဦးသည် ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာကာ ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ သေဆုံးခဲ့ရသူ ဦးချစ်မင်း သည် ဝဲနောက်ကျောမှ ယာရင်ညွန့်သို့ ကျည် ပေါက်ထွက် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း စစ်ကောင်စီက ပြောသည်။
လျှပ်စစ်မန်နေဂျာရုံးမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးချစ်မင်း အား သေနတ်ဖြင့် ပစ်သတ် ထွက်ပြေးသွား သော လက်နက်ကိုင် တရားခံ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#NPNews #မန္တလေးတွင်လျှပ်စစ်မန်နေဂျာရုံး #ဦးချစ်မင်း #သေနတ်ဖြင့်ပစ်ခတ်ခံရ #စစ်ကောင်စီ #ချမ်းအေးသာစံမြို့နယ်၊၃၃x၃၄လမ်းကြား