(၁ဝ)တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်းများရယူလိုပါက စာတိုက်မှတစ်ဆင့် လျှောက်ထားနိုင်

5060

NP News - ဇူလိုင် ၁၄
၂ဝ၂ဝပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းကို ရယူလိုပါက စာတိုက်များမှတစ်ဆင့် လိုအပ်သည့် အချက်အလက်များ ပေးပို့လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာ နမှ သိရသည်။
လျှောက်ထားလာသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းကို စာတိုက်မှတစ်ဆင့် ကာ ယကံရှင် ကျောင်းသား၊ ကျောင်းသူ ၊ မိဘထံသို့ပြန်လည်ပေးပို့သွားမည် ဖြစ်ပြီး လူကိုယ်တိုင်လာရောက် လျှောက် ထားထုတ်ယူခြင်းကို လုံးဝ ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရသည်။ စာဖြေသူတစ်ဦးချင်းစီအတွက် စာအိတ်တစ်ခုစီဖြင့်သာ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အောင်လက်မှတ်၊ အမှတ်စာရင်းတောင်းခံရာတွင် ကျသင့်ငွေကို မြန်မာ့စာတိုက်လုပ်ငန်း၏ ငွေပို့လွှာဖြင့် မိမိတောင်းခံလိုသည့် နေပြည်တော် (သို့မဟုတ်) ရန်ကုန်ရုံးလိပ်စာသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ အောင် လက်မှတ်၊ အမှတ်စာရင်းအတွက် လိုအပ်သည့် အချက်အလက်များနှင့်အတူ ငွေပို့လွှာလက်ခံဖြတ်ပိုင်း(မူရင်း) အား ပူးတွဲပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။ အချက်အလက်ပြည့်စုံမှန်ကန်ခြင်း မရှိသည့် တောင်းခံလွှာများ နှင့် ငွေပို့ လွှာလက်ခံဖြတ်ပိုင်းမပါသည့် တောင်းခံလွှာများအား လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်းသိရသည်။
#NPNews