အဆိုတော် အောင်လ ဗုံး ထိမှန်ခဲ့တယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်ကြောင်း ဝိုင်းစုခိုင်သိန်း ရှင်း

 3210

NP News - ဇူလိုင်လ ၂၇

အဆိုတော် အောင်လအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အောင်လ ဗုံးထိမှန်ခဲ့ပြီး ဒဏ်ရာတွေ ရရှိခဲ့တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်ပါတယ်လို့ အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက ပြန်လည်ဖြေရှင်း ခဲ့ပါတယ်။
“ဦးနှောက်ထဲ ကျည်ဝင်သွားလည်း ကိစ္စမရှိဘူး။ အနည်းဆုံး မင်းတို့ဆီက ငါးယောက်လောက်တော့ အပါခေါ်သွားမယ်။ ဆရာတွေက ပြောတယ် သူရဲကောင်းတံဆိပ်နဲ့ မတွေ့ချင်ဘူးတဲ့။ အသက်ရှင်လျက်ပဲ တွေ့ချင်တယ်တဲ့။ မတတ်နိုင်ဘူး။ မသေမချင်း ကြိုးစားသွားမယ်” ဆိုတဲ့ စာ Caption နဲ့ အောင်လ မျက်နှာမှာ ဗုံးထိမှန်ထားတဲ့ ပုံတွဲထားတဲ့ ပိုစ့်ကို အောင်လက သူ့ရဲ့အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အဆိုတော် အောင်လဟာ ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီး၊ ကိုဗစ်ရောဂါ ပျောက်ကင်းအောင်သာ ဆေးကုသမှု ခံယူနေရတာဖြစ်တယ်လို့ သိရပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သတင်းလို အောင်လဟာ ဗုံးထိမှန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
“ကိုအောင်လ ဘာမှမဖြစ်ပါဘူး။ Covid ဖြစ်နေတာကလွဲရင် အကောင်းကြီးပါ။ ဗုံးလည်း မပေါက်ပါဘူး။ covid ဖြစ်လို့ရော မဖြစ်ခင်တည်းက အပြင်ကိုမထွက်ဖြစ်တာ ဗုံးပေါက်ရင်လည်း တစ်ရပ်ကွက်လုံးသိမှာ။ လိမ်လို့ရတဲ့ အရာလည်းမဟုတ်ဘူး။ သေချာရေရာ မသိဘဲ။ တင်ချင်ရာတွေ ခေါင်းစဉ်တပ်ပြီး လျှောက်မတင်ကြပါနဲ့တော့။ လာမေးကြတာကိုပြန်ဖြေရတာနဲ့တင်မောလွန်းလို့ပါ” လို့ အဆိုတော် ဝိုင်းစုခိုင်သိန်းက သူမအကောင့်မှာ ပြန်လည်းဖြေရှင်းထားပါတယ်။
အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ဇနီးမောင်နှံဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲတွေမှာ အားတက်သရောပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေ စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အောင်လက ကိုဗစ်ကူးစက်ခံထားရပေမယ့် ဝိုင်းစုခိုင်းသိန်းကတော့ ကျန်းမာရေးကောင်းမွန်လျ က်ရှိတယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.