ဆေးရုံတက်နေရသော ဦးသန်းရွှေ ကွယ်လွန်ပြီဟု သတင်းထွက်လာသော်လည်း ည ၁ဝ နာရီကျော်အထိ အတည်မပြုနိုင်သေး

1761
NPNews - သြဂုတ် ၁ဝ
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် ကျန်းမာရေးချို့ယွင်းလာမှုကြောင့် နေပြည်တော်ကုတင် ၁၀၀၀ တပ်မတော်ဆေးရုံ၌ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။ အသက် ၈၈ နှစ်ရှိပြီဖြစ်သော ဦးသန်းရွှေနှင့်ပတ်သက်၍ သြဂုတ်လ ၁၀ ရက် ည ၁၀ နာရီခန့်အထိ သတင်းများတွင် ည ၉ နာရီကျော်ကတည်းက ကွယ်လွန်သွားပြီဟု ရေးသားမှုများတွေ့နေရသော်လည်း ည ၁၀ နာရီ ၂၀ မိနစ်ခန့်အထိ ၎င်း၏မိသားစုဝင်တစ်ဦးထံသို့ အတည်ပြုမေးမြန်းမှုတွင် ၎င်းတို့ကိုယ်တိုင်ပင်လျင် အတည်မပြုနိုင်သေးကြောင်း၊ မိသားစုဝင်အချို့က ဖုန်းပိတ်ထားကြကြောင်း NP News ကိုပြောသည်။
ဆက်လက်အတည်ပြုနေဆဲဖြစ်ကြောင်း ရှေ့ပြေးယာယီသတင်းအဖြစ် ဖော်ပြပါသည်။
#အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေကျန်းမာရေး #ဦးသန်းရွှေကျန်းမာရေး #NPNews