ကမ္ဘာပေါ်မှ လူနေမှု စရိတ်စက အသက်သာဆုံးနိုင်ငံများ

1390
ဝတီ (NP News) - သြဂုတ် ၂၃
ကမ္ဘာပေါ်မှာ လူနေမှု စရိတ်စက အသက်သာဆုံးနိုင်ငံတွေက ဘယ်နိုင်ငံတွေပါလိမ့်လို့ သိချင်စိတ် ဖြစ်မိဖူးပါသ လား။ ဒီလို သိချင်သူတွေအတွက် စရိတ်စက အသက်သာဆုံး (၁ဝ)နိုင်ငံကို ဖော်ပြလိုက်ပါတယ်။ ဒီမှာဖော်ပြထားတဲ့ တစ်လ ကုန်ကျစရိတ်တွေဟာ လူတစ်ယောက်အတွက် နေထိုင်စားသောက် စရိတ်တွေပဲဖြစ်ပါတယ်။ လူနှစ်ယောက်ဆိုရင်တော့ ဖော်ပြထားတဲ့ စရိတ်ထက် နှစ်ဆနီးပါး ဖြစ်သွားမှာပါ။ ကဲ.. ဒီစာရင်းထဲမှာ ဘယ်နိုင်ငံတွေ ပါသလဲ၊ လူတစ်ယောက်အတွက် တစ်လ ပျမ်းမျှကုန်ကျစရိတ် ဘယ်လောက်လဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။
နံပါတ် ၁ဝ။ ကမ္ဘောဒီးယား (တစ်လ ပျမ်းမျှကုန်ကျစရိတ် ၈၁၂ ဒေါ်လာ )
ကုန်ကျစရိတ် အသက်သာဆုံး ဆယ်နိုင်ငံစာရင်းမှာ နံပါတ်တစ်ဆယ် ချိတ်တာကတော့ ကမ္ဘောဒီးယားပဲ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘောဒီးယားဟာ အရှေ့တောင် အာရှမှာ တည်ရှိပြီး မြို့တော်က ဖနွမ်းပင်၊ စုစု ပေါင်းလူဦးရေ (၁၆) သန်းလောက် ရှိပါတယ်။ ကမ္ဘောဒီးယားမှာ လူတစ်ယောက်အတွက် တစ်လ ပျမ်းမျှကုန်ကျစ ရိတ်ဟာ (၈၁၂) ဒေါ်လာပါ။ မြို့တော်ဖနွမ်းပင်မှာ မဟုတ်ဘဲ တခြား ဈေးသက်သာတဲ့ မြို့ကြီးတစ်ခုခုမှာ တိုက်ခန်းလေးတစ်ခန်း ငှားနေမယ်ဆိုရင် တစ်လလုံးမှ (၂၄၆) ဒေါ်လာပဲ ရှိပါမယ်။
နံပါတ် ၉။ ထိုင်း ( တစ်လ ပျမ်းမျှကုန်ကျစရိတ် ၆၇၉ ဒေါ်လာ )
ကမ္ဘာပေါ်မှာ လူနေမှုစရိတ်စက အသက်သာဆုံး ဆယ်နိုင်ငံစာရင်းထဲမှာ ထိုင်းက နံပါတ် ၉ ချိတ်ပါတယ်။ ထိုင်းမှာ လူဦးရေ (၆၉) သန်းလောက် ရှိပါတယ်။ မြို့တော် ဘန်ကောက်မဟုတ်ဘဲ တခြားဈေးသက်သာတဲ့ မြို့ကြီးတစ်ခုခုမှာဆိုရင် တိုက်ခန်းလေးတစ်ခန်းကို တစ်လ (၁၉၉) ဒေါ်လာလောက်နဲ့ ငှားနေလို့ရပါတယ်။ အဲဒီမှာ လူတစ်ယောက် စားဝတ်နေရေးအတွက် တစ်လလုံးမှ ကုန်ကျစရိတ် (၆၇၉) ဒေါ်လာလောက်ပဲ ရှိပါမယ်။ ပြီးတော့ ထိုင်းမှာ လည်ပတ်စရာ နေရာတွေ အများကြီးပဲလေ။ ထိုင်းဟာ ကမ္ဘာပေါ်မှာ ခရီးသွားဧည့်သည် အလာအများဆုံးနိုင်ငံတွေထဲမှာ ပါပါတယ်။
နံပါတ် ၈။ မလေးရှား ( တစ်လ ပျမ်းမျှကုန်ကျစရိတ် ၅၈၈ ဒေါ်လာ )
ထိုင်းနဲ့ကပ်လျက် လိုက်နေတာကတော့ မလေးရှားပါ။ မလေးရှားမှာ လူတစ်ယောက်အတွက် တစ်လ စားဝတ်နေရေးကုန်ကျစရိတ် (၅၈၈) ဒေါ်လာပဲ ရှိပါမယ်။ မလေးရှားမှာ လူဦးရေ ၃၁ ဒသမ ၆ သန်းရှိပါတယ်။ မြို့တော်က တော့ ကွာလာလမ်ပူပါ။ ကွာလာလမ်ပူမဟုတ်ဘဲ တခြားဈေးသက်သာတဲ့ မြို့ကြီးတစ်ခုခုမှာဆိုရင် တိုက်ခန်းလေးတစ်ခန်းကို (၂၀၉) ဒေါ်လာလောက်နဲ့ ငှားနေလို့ရပါတယ်။ မလေးရှားမှာ သာမန်ထမင်းတစ်နပ်ကိုမှ ၁ ဒသမ ၇ ဒေါ်လာလောက်ပဲ ကျပါတယ်တဲ့။
နံပါတ် ၇။ မက္ကဆီကို ( တစ်လ ပျမ်းမျှကုန်ကျစရိတ် ၅၈၇ ဒေါ်လာ )
အမေရိကန်ပြည်ထောင်စုနဲ့ ကပ်လျက် မက္ကဆီကိုနိုင်ငံမှာ လူတစ်ယောက်အတွက် တစ်လ ပျမ်းမျှကုန်ကျစရိတ်က (၅၈၇) ဒေါ်လာပဲ ရှိပါသတဲ့။ မက္ကဆီကိုမှာ လူဦးရေ (၁၂၉) သန်းကျော်ရှိပြီး မြို့တော်ကတော့ မက္ကဆီကိုစီးတီးပါ။ မက္ကဆီကိုမှာ ဈေးသက်သာတဲ့ မြို့ကြီးတွေ ရှိပြီး အဲဒီမှာဆိုရင် တစ်လ (၂၅၆) ဒေါ်လာလောက်နဲ့ တိုက်ခန်းလေးတစ်ခန်း ငှားနေလို့ရပါတယ်။
နံပါတ် ၆။ ပီရူး ( တစ်လ ပျမ်းမျှကုန်ကျစရိတ် ၅၄၃ ဒေါ်လာ )
ဈေးအသက်သာဆုံး (၁ဝ)နိုင်ငံစာရင်းမှာ နံပါတ်ခြောက်နေရာက ရပ်တည်နေတာကတော့ ပီရူးပါပဲ။ စပိန်စကား ပြောနိုင်ငံဖြစ်တဲ့ ပီရူးမှာ လူတစ်ယောက်အတွက် တစ်လ ပျမ်းမျှကုန်ကျစရိတ် (၅၄၃) ဒေါ်လာပါ။ ကမ္ဘာလှည့်ခရီး သွားတွေကြား ရေပန်းစားလှတဲ့ ပီရူးဟာ တောင်အမေရိကတိုက်မှာ တည်ရှိပါတယ်။ အဲဒီမှာ လူဦးရေ (၃၂) သန်းကျော်ရှိပါတယ်။ ပီရူးမှာ ဈေးသက်သာတဲ့မြို့ကြီးတစ်ခုခု ရှာပြီး တိုက်ခန်းငှားနေမယ်ဆိုရင် တစ်လ (၁၉၈)ဒေါ်လာ လောက်နဲ့ ရနိုင်ပါတယ်။
နံပါတ် ၅။ အာဂျင်တီးနား ( တစ်လ ပျမ်းမျှကုန်ကျစရိတ် ၅၄၂ ဒေါ်လာ )
နံပါတ်ငါးနေရာက လိုက်နေတာကတော့ အာဂျင်တီးနားပါပဲ။ အာဂျင်တီးနားနိုင်ငံမှာ ဆော့လ်တာ (Salta) ဆိုတဲ့မြို့ကြီးရှိပြီး အဲဒီမှာဆိုရင် လူတစ်ယောက်အတွက် တစ်လလုံး နေထိုင်စားသောက်စရိတ်က (၅၄၂) ဒေါ်လာပဲ ရှိပါတယ်။ သူဟာလည်း စပိန် စကားပြောနိုင်ငံဖြစ်ပြီး တောင်အမေရိကတိုက်မှာ တည်ရှိပါတယ်။ ဆော့လ်တာမြို့မှာ တိုက်ခန်းလေးတစ်ခန်း ငှားနေမယ်ဆိုရင် ဒေါ်လာ ၁ဝဝ လောက်နဲ့ ရနိုင်ပါသတဲ့။
နံပါတ် ၄။ ဗီယက်နမ် ( တစ်လ ပျမ်းမျှကုန်ကျစရိတ် ဒေါ်လာ ၅ဝဝ )
ကဲ… ဒီတစ်ခါတော့ အာရှနိုင်ငံဘက် ပြန်ရောက်လာပါပြီ။ ဗီယက်နမ်မှာ ဒေါ်လာ ၅၀၀ နဲ့ တစ်လလုံး နေထိုင်စားသောက်လို့ရပါတယ်။ ဗီယက်နမ်မှာ လူဦးရေ ၉၅ ဒသမ ၅ သန်းလောက်ရှိပြီး မြို့တော်က ဟနွိုင်းဆိုပေမယ့် ဟိုချီမင်းမြို့ကမှ လူဦးရေ အထူထပ်ဆုံးမြို့ဖြစ်ပါတယ်။ ဗီယက်နမ်မှာရှိတဲ့ နာထရန် (Nah Trang) ဆိုတဲ့မြို့ကြီးမှာနေမယ်ဆိုရင်စရိတ်စက သက်သာလှပါတယ်။ အဲဒီမှာ တိုက်ခန်းတစ်ခန်းကို (၂၅၉) ဒေါ်လာနဲ့ ငှားနေလို့ရပါတယ်။
နံပါတ် ၃။ နီပေါ ( တစ်လ ပျမ်းမျှကုန်ကျစရိတ် ဒေါ်လာ ၄၅၀ )
နီပေါကတော့ ကမ္ဘာပေါ်မှာ တတိယမြောက် ဈေးအသက်သာဆုံးနိုင်ငံပါပဲ။ နီပေါမှာ နေမယ်ဆိုရင် လူတစ်ယောက်အ တွက် တစ်လပျမ်းမျှကုန်ကျစရိတ် ဒေါ်လာ ၄၅၀ ပဲ ရှိပါမယ်။ နီပေါမှာ လူဦးရေ (၂၉) သန်းကျော်ပဲ ရှိပါတယ်။ ကမ္ဘာ့အမြင့်ဆုံး တောင်ကြီးရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြား နာမည်ကြီးလှတဲ့ နီပေါမှာ ပိုခါရာဆိုတဲ့ မြို့ကြီး ရှိပါတယ်။ အဲဒီမှာဆိုရင် တိုက်ခန်းတစ်ခန်းကို တစ်လ (၁၆၄) ဒေါ်လာ နဲ့ ငှားနေလို့ရပါတယ်။
နံပါတ် ၂။ ဘိုလီဗီးယား ( တစ်လ ပျမ်းမျှကုန်ကျစရိတ် ၄၃၁ ဒေါ်လာ )
ဘိုလီဗီးယားဟာ တောင်အမေရိကတိုက်မှာ တည်ရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပါတယ်။ အဲဒီမှာ လူဦးရေ (၁၁) သန်းကျော်လေးပဲ ရှိပါတယ်။ ဘိုလီဗီးယားမှာလည်း စပိန်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားပါတယ်။ ဘိုလီဗီးယားမှာ ဈေးသက်သာတဲ့ မြို့ကြီးတွေ ရှိပြီး အဲဒီမှာဆိုရင် တိုက်ခန်းတစ်ခန်းကို တစ်လ ၁၄၅ ဒေါ်လာလောက်နဲ့ငှားနေလို့ ရပါတယ်။ ဘိုလီဗီးယားမှာ လူတစ်ယောက်အတွက် တစ်လ ပျမ်းမျှ စားဝတ်နေရေးကုန်ကျစရိတ် (၄၃၁) ဒေါ်လာ ရှိပါတယ်။
နံပါတ် ၁။ အင်ဒိုနီးရှား ( တစ်လ ပျမ်းမျှကုန်ကျစရိတ် ဒေါ်လာ ၃၄ဝ )
ဟုတ်ပါတယ်။ ကမ္ဘာပေါ်မှာ လူနေမှု စရိတ်စက အသက်သာဆုံး နံပါတ်တစ်နိုင်ငံကတော့ အင်ဒိုနီးရှားပါပဲ။ ဒီကျွန်းနိုင်ငံကြီးမှာ လူဦးရေ (၂၆၄) သန်း ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဘာလီတို့၊ ဂျာကာတာတို့မှာ စရိတ်ကြီးတယ်ဆိုပေမယ့် ဆန်ဂီဂီ ( Senggigi ) လိုမျိုး အင်ဒိုနီးရှားမြို့ကြီးမှာတော့ လူတစ်ယောက်အတွက် တစ်လလုံး နေထိုင်စားသောက်စရိတ်မှ ဒေါ်လာ ၃၄၀ ပဲ ရှိပါတယ်။
#NPNews