၂ဝ၂၁ ခုနှစ် လူကြိုက်အများဆုံး၊ အလန်းဆုံး ထိုင်းမင်းသမီးများ

6249
ဝတီ (NP News) - သြဂုတ် ၂၅
ထိုင်းဇာတ်ကားတွေဟာ အာရှတလွှားမှာ နာမည်ကြီး လူကြိုက်များပါတယ်။ အိန္ဒိယကားတို့၊ ကိုရီးယားကားတို့လောက် နိုင်ငံတကာကို မထိုးဖောက်နိုင် သေးဘဲ အာရှအဆင့်မှာပဲ နာမည်ကြီးနေသေးတယ်ဆိုပေမယ့် ထိုင်းဇာတ် ကားတွေရဲ့ အရည်အသွေး၊ ဇာတ်လမ်းဇာတ်အိမ် ဘယ်လောက်ကောင်းတယ်ဆိုတာ ရုပ်ရှင်ပရိသတ်တွေ ကောင်း ကောင်း သိကြပါတယ်။ ထိုင်းဇာတ်ကားတွေ လူကြိုက် များရတဲ့အကြောင်းရင်းတွေထဲမှာ ထိုင်းမင်းသမီးတွေရဲ့ အလှကြောင့်လည်း ပါတာပေါ့။ ထိပ်တန်း ထိုင်းမင်းသမီးတွေမှာ အများစုက ကပြားတွေဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၂၁ ခုနှစ် လူကြိုက်အများဆုံး၊ အလန်းဆုံး ထိုင်းမင်းသမီးချောတွေက ဘယ်သူတွေလဲဆိုတာ ဖော်ပြလိုက်ပါတယ်။
နံပါတ် ၁။ ။ ယာယာ အူရာဆေယာ (Yaya Urasayya )
ပရိသတ်ကြားမှာ ယာယာလို့ ထင်ရှားတဲ့ မင်းသမီးချောကတော့ ထိုင်း-နော်ဝေး ကပြားဖြစ်ပါတယ်။ သူဟာ သိပ်ချော၊ သိပ်လှတဲ့အပြင် သရုပ်ဆောင် လည်း အရမ်းကောင်းတော့ အခုလို အရမ်းနာမည်ကြီးနေတာ မဆန်းပါဘူး။ သူဟာ ၂ဝဝ၈ ခုနှစ်မှာ ထိုင်းအနုပညာလောကထဲ စဝင်လာတာဖြစ်ပြီး အဲဒီအချိန်တုန်းက ဆိုရင် သူဟာ ထိုင်းစ ကားတောင် ကောင်းကောင်း မပြောတတ်သေးပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကြိုးစားသင်ယူရင်း ထိုင်းဘာ သာစကားကို ကျွမ်းကျင်ပိုင်နိုင်သွားပြီး ထိုင်းမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာပါတော့တယ်။
နံပါတ် ၂။ ။ မိုင်ဒေဗီကာ (Mai Davika)
မိုင်လို့ လူသိများထင်ရှားတဲ့ ဒီမင်းသမီးကတော့ ၂ဝ၁ဝ ခုနှစ်မှာ ထိုင်းအနုပညာလောကထဲ စဝင်လာတာပါ။ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ Heart attack ၊ Suddenly Twenty ဆိုတဲ့ဇာတ်ကားတွေဟာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။ သူကတော့ ဘယ်လ်ဂျီယံ-ထိုင်း ကပြားမင်းသမီးဖြစ်ပါတယ်။ သူဟာလည်း သရုပ်ဆောင်ကောင်းသလို ရုပ်ကလည်း ချောတော့ ကြော်ငြာတွေ အများကြီးရိုက်ရပါတယ်။
နံပါတ် ၃။ ။ ဘယ်လာရနီး (Bella Ranee)
သူကတော့ ထိုင်း-အင်္ဂလိပ် ကပြားမင်းသမီး ဖြစ်ပါတယ်။ သူက ၂ဝ၁၁ ခုနှစ်မှာ အနုပညာအလုပ် စလုပ်တာဖြစ်ပြီး မော်ဒယ်လည်း လုပ်ပါတယ်။ သူဟာ ဘယ်ဇာတ်ရုပ်နဲ့မဆို တစ်ထပ်တည်းကျအောင် သရုပ်ဆောင်တတ်တာကြောင့် တဖြည်းဖြည်းနဲ့ ထိုင်းမှာ ထိပ်တန်းမင်းသမီးစာရင်း ဝင်လာတော့တာပါ။ သရုပ်ဆောင်ကောင်းလို့လည်း သူဟာ သရုပ် ဆောင်ထူချွန်ဆုတွေ အများကြီး ရထားတာပေါ့။
နံပါတ် ၄။ ။ ဘိုင်ဖန် ပင်မ်ချနွတ်ခ် (Baifern Pimchanok)
ဘိုင်ဖန်လို့ ပရိသတ်ကြားမှာ နာမည်ကြီးတဲ့ ဒီမင်းသမီးလေးကတော့ ၂ဝ၁ဝ ခုနှစ်မှာ အနုပညာလှုပ်ရှားမှုတွေ စလုပ်ခဲ့ပါတယ်။ သူဟာ Lhong Fai နဲ့ Fallen Leaves ဆိုတဲ့ ဇာတ်ကားတွေကြောင့် ဆုတွေ ဆွတ်ခူး ခဲ့ပါတယ်။ Friend Zone ဆိုတဲ့ ဇာတ်ကားမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့လို့ လည်း သူဟာ ပိုပြီး နာမည်ကြီးလာတာပါ။
နံပါတ် ၅။ ။ မွတ်ခ်ဒါ နရင်ရက်ခ် (Mookda Narinrak)
ကိုယ်လုံးကိုယ်ပေါက် လှတဲ့အပြင် အသားအရည်ကလည်း ကြည်လင် ဝင်းမွတ်နေတော့ မွတ်ခ်ဒါ နရင်ရက်ခ်ကို အရူးအမူးဖြစ်နေတဲ့ ပုရိသ ပရိသတ်တွေ တောင်လို ပုံနေပါတော့တယ်။ သူဟာ ထိုင်းရုပ်ရှင်လောကထဲကို ၂ဝ၁၆ ခုနှစ်ကမှ စဝင်လာတာပါ။ ထူးခြားတာကတော့ သူက အကဘက်မှာလည်း သိပ်တော်ပါသတဲ့။ Mussaya ဆိုတဲ့ ဇာတ်ကားမှာ ပါခွင့်ရအပြီးမှာတော့ သူဟာ နာမည်ကြီးမင်းသမီး တစ်လက် ဖြစ်သွားပါတော့တယ်။
နံပါတ် ၆။ ။ ပက်တ်ချရာပါ ချိုင်ချူအာ (Patcharapa Chaichua)
သူဟာ အသက် ၄ဝ ကျော်နေပြီဆိုပေမယ့် လူကြိုက်အများဆုံး မင်းသမီးတွေထဲမှာ ပါနေတုန်းပါပဲ။ အသက် ၄ဝ ကျော်တာတောင် သူက နောက်ပေါက်မင်းသမီးလေးတွေနဲ့ ယှဉ်နိုင်လောက်အောင် လန်းနေ၊ လှနေတုန်းပဲလေ။ သူဟာ ၁၉၉၇ ခုနှစ်မှာ ထိုင်းအနုပညာလောကထဲ စခြေချခဲ့တာပါ။ သူဟာ So Sanae Ha ဆိုတဲ့ ဇာတ်ကားနဲ့ ၂ဝဝ၃ ခုနှစ်မှာ သရုပ်ဆောင်ထူးချွန်ဆုရခဲ့ပါတယ်။ ဒါ့အပြင် သူဟာ စားသောက်ဆိုင်တစ်ဆိုင်လည်း ဖွင့်ထားပြီး ပြင်သစ်နိုင်ငံထုတ် ရေမွှေး အမှတ်တံဆိပ်တစ်ခုကိုလည်း ပိုင်ပါသေးတယ်။
နံပါတ် ၇။ ။ အာရာယာ အယ်လ်ဘာတာဟာဂိတ် (Araya Alberta Hargate)
သူကတော့ ထိုင်း-လာအို-အင်္ဂလိပ် ကပြားဖြစ်ပါတယ်။ လူမျိုးသုံးမျိုးတောင် စပ်ထားတာကတော့ သူ့အလှက အလှပေါင်းစုံ ရောစပ်ထားသလိုဖြစ်နေပါတော့ တယ်။ ရုပ်က တစ်မျိုးတဖုံ ထူးထူးခြားခြားလှနေတာဆိုတော့ သူဟာသရုပ် ဆောင် အလုပ်တွေ အများကြီး ကမ်းလှမ်းခံရတဲ့အပြင် မော်ဒယ်အလုပ်တွေလည်း အများကြီး ကမ်းလှမ်းခံရပါသေးတယ်။
နံပါတ် ၈။ ။ အေယွန်မ် ဆူရှာ (Aom Sushar)
အေယွန်မ်ဆူရှာဆိုတဲ့ ဒီမင်းသမီးကတော့ နောက်ပေါက်မင်းသမီးတွေထဲမှာ အတော် လူကြိုက်များပါတယ်။ သူဟာ ထိုင်းမှာအရမ်းလူကြိုက်များတဲ့အပြင် တခြားအာရှနိုင်ငံတွေမှာလည်း လူကြိုက်များပါတယ်။ အထူးသဖြင့် တ ရုတ်မှာပေါ့။ သူက တရုတ်လူမျိုးစပ်တာကြောင့် တရုတ်ပရိသတ်တွေက သူ့ကို ကြိုက်ကြတာ ပါ။ သူက ၂ဝဝ၈ ခုနှစ်မှာ ထိုင်းအနုပညာလောကထဲ စဝင်လာတာဖြစ်ပါတယ်။ သူဟာ Yes or No ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်အသိ အမှတ်ပြုတာ ခံခဲ့ရတာပါ။ အဲဒီ နောက်ပိုင်းမှာတော့ ဇာတ်ကားကောင်းတွေမှာ ဆက်တိုက်နီးပါး ပါခွင့်ရခဲ့ပါတယ်။
နံပါတ် ၉။ ။ ကာအို ဆူပက်စ်ဆာရာ (Kao Supassara)
သူကတော့ မင်းသမီးလည်းဖြစ်၊ မော်ဒယ်လည်းဖြစ်ပါတယ်။ သူက ၂ဝ၁၁ ခုနှစ်ကမှ အနုပညာလောကထဲ စခြေချတာပါ။ သူဟာ ဇာတ်ကားတွေ ရိုက်တဲ့အပြင် နာမည်ကြီး ရုပ်သံအစီအစဉ်တွေမှာလည်း ပါလေ့ရှိတဲ့အတွက် ပရိသတ်နဲ့ အမြဲမပြတ် ထိတွေ့ခွင့်ရနေပါတော့တယ်။
နံပါတ် ၁ဝ။ ။ မြူနစ်သာ (Mew Nittha)
ဘန်ကောက်သူဖြစ်တဲ့ ဒီမင်းသမီးချောဟာ ရုပ်ရှင်ကားတွေ၊ မြူးဇစ်ခ်ဗီဒီယိုတွေ အတော်များများမှာ ပါခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေလည်း အများကြီးရိုက်ခွင့် ရခဲ့ပါတယ်။ လူကြိုက်အများဆုံး မင်းသမီးတွေထဲမှာ ပါနေတဲ့အတွက် သူဟာ အနုပညာအလုပ်တွေ လက်မလည်အောာင် လုပ်နေရတာပေါ့။ ၂ဝ၂ဝ ခုနှစ်မှာတော့ ဒီမင်း သမီးချောဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။
#NPNews