လှသလောက် မအောင်မြင်သည့် မင်းသမီးချောများ

 1623

ဝတီ(NP News)- သြဂုတ် ၂၆
ဟောလီဝုဒ်ရုပ်ရှင်လောကမှာ အောင်မြင်ဖို့၊ နာမည်ကြီးဖို့ဆိုရင် ရုပ်ချောတာတစ်ခုတည်းနဲ့ မရပါဘူး။ သရုပ်ဆောင်ဆိုတဲ့အတိုင်း သရုပ်ဆောင်ပိုင်းမှာ ပိုင်နိုင်ကျွမ်းကျင်ဖို့လိုသလို စန်းကလည်း လိုပါသေးတယ်။ ဘာအကြောင်းမှ မရှိဘဲ အလကားသက်သက် နာမည်ကြီးနေတဲ့ အနုပညာရှင်တချို့လည်းရှိသလို နာမည်ကြီးသင့်သလောက် မကြီးတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။ တချို့ဆို ရုပ်ချောလို့ ဒါမှမဟုတ် သရုပ်ဆောင်ကောင်းလို့ဆိုပြီး ရုပ်ရှင်တစ်ကား၊ နှစ်ကားလောက်နဲ့ ပရိသတ်သိသွားတာရှိပါတယ်။ ဒါပေမဲ့ ပရိသတ်က သူတို့ကို သိပေမယ့် နာမည်ကိုတော့ မသိကြပါဘူး။ အဲဒီလိုမျိုး ရုပ်ချောသလောက် နာမည်မကြီးတဲ့ မင်းသမီးတွေ ဟောလီဝုဒ်မှာ ထောင်ပေါင်းများစွာ ရှိပါတယ်။ တကယ်တော့ ဟောလီဝုဒ်လောကဟာ အရမ်းကြီးတဲ့အတွက် မင်းသမီးတွေလည်း အများကြီးရှိနေတာပါ။ ဒါကြောင့် ထိပ်တန်းအဆင့်အထိ ရောက်လာနိုင်ဖို့ဆိုတာ မလွယ်ရေးချမလွယ်ပါဘူး။ ဒါကြောင့်လည်း ရုပ်ချောလျက်သားနဲ့ သိပ်မထင်ရှားတဲ့ မင်းသမီးတွေ တပုံကြီးဖြစ်နေတာပေ့ါ။ အဲဒီထဲမှာမှ ဆယ်ယောက်ကို ရွေးပြီးဖော်ပြလိုက်ပါတယ်။

ဇူလေကာဆေးလ်ဗား (Zuleyka Silver)
ကမ္ဘာကျော်အဆိုတော်လည်းဖြစ်၊ ရုပ်ရှင်မင်းသားလည်းဖြစ်တဲ့ Justin Timberlake ရဲ့ In Time ဇာတ်ကားကို ကြည့်ဖူးတဲ့သူတိုင်း ဒီမင်းသမီးကို မြင်ဖူးကြမှာပါ။ အသက် ၂၈ နှစ်အရွယ် ဒီမင်းသမီးချောဟာ မက္ကဆီကို မင်းသမီးဖြစ်ပြီး မော်ဒယ်လည်းဖြစ်ပါတယ်။ ဇူလေကာဆေးလ်ဗားဟာ အပြစ်ပြောစရာရယ်လို့ မရှိလောက်အောင်ကို လှပေမယ့် ဟောလီဝုဒ်ရုပ်ရှင်လောကမှာတော့ သိပ်မအောင်မြင်ပါဘူး။ ဒါကြောင့် သူ ကျွမ်းကျင်တဲ့ မော်ဒယ်အလုပ်ပဲ ဆက်လုပ်သင့်တယ်လို့ ထင်ပါတယ်။

အဲလိဇဘက်သ်ဟောင်ဝါ (Elisabeth Hower)
ဒီမင်းသမီးချောကို Escape room ဆိုတဲ့ ဇာတ်ကားရယ်၊ Suits ဆိုတဲ့ဇာတ်လမ်းတွဲရယ်ကြောင့် ပရိသတ်တွေ သ တိထားမိလာကြပါတယ်။ သူဟာ မင်းသမီးအင်္ဂါရုပ်ရှိပေမယ့် သူ့ကို ကမ္ဘာကျော် မင်းသမီးအဆင့်အထိရောက်အောင်ပို့ပေးမယ့် ဇာတ်ရုပ်မျိုးမှာတော့ အခုထက်ထိ သရုပ်ဆောင်ခွင့် မရသေးပါဘူး။ သူဟာ စာရေးတဲ့အလုပ်လည်း လုပ်ပါသေးတယ်။

ဒိုင်အိုရာလင်းဘတ် (Diora Lynn Baird)
တစ်ချက်ကြည့်လိုက်တာနဲ့ စွဲမက်စရာ ကောင်းလှတဲ့ ဒီညှို့မင်းသမီးဟာ Texas Chainsaw Massacre နဲ့ The Wedding Crashers ဆိုတဲ့ဇာတ်ကားတွေကြောင့် စပြီးလူသိများလာတာပါ။ မော်ဒယ်ဘက်ကနေ သရုပ်ဆောင်ဘက်ပြောင်းလာတဲ့ အသက် (၃၆) နှစ်အရွယ် ဒိုင်အိုရာလင်းဘတ်ဟာ သရုပ်ဆောင်ဘက်မှာတော့ ထိပ်တန်းအ ဆင့်အထိ ရောက်မလာသေးပါဘူး။

တေလာကိုးလ် (Taylor Cole)
တေလာကိုးလ်ဟာလည်း မော်ဒယ်ဘက်ကနေ သရုပ်ဆောင်ဘက်ကူးလာတဲ့ သူပါပဲ။ သူဟာ အမေရိကန်ပြည် ထောင်စုတက္ကဆက်စ်ပြည်နယ်မှာ မွေးတာဖြစ်ပြီး ကျောင်းမှာတုန်းကလည်း အားကစားမှာ ထူးချွန်ပါတယ်။ သူဟာ CSI Miami နဲ့ တခြား ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါခွင့်ရခဲ့သလို မြူးဇစ်ခ်ဗီဒီယိုတချို့မှာလည်း ပါခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ အခုထက်ထိတော့ အောင်မြင်မှုအထွတ်အထိတ်ကို ရောက်မလာသေးပါဘူး။

လော်ရာဟက်ဒေ့ါခ် (Laura Haddock)
အိန်ဂျလီနာဂျိုလီနဲ့ တူတယ်လို့ အပြောခံရလေ့ရှိတဲ့ လော်ရာဟက်ဒေါ့ခ်ဟာ ဂျိုလီလိုတော့ ကမ္ဘာကျော်မင်းသမီးကြီးဖြစ်မလာသေးပါဘူး။ ဒါပေမဲ့ သူကဆမ်ကလက်ဖ်လင် Sam Claflin ဆိုတဲ့ နာမည်ကြီး စူပါစတားနဲ့ လက်ထပ်ထားတာဆိုတော့ သူနာမည်မကြီးလည်း သိပ်တော့ကိစ္စမရှိဘူးပေါ့။

အယ်လီကော့ဘ်ရင် (Ali Cobrin)
American Reunion Neighbours ဆိုတဲ့ ရုပ်ရှင်ကားတွေမှာ ပါခွင့်ရခဲ့တဲ့ အသက် (၃ဝ)အရွယ် အယ်လီကော့ဘ်ရင်ဆိုတဲ့ မင်းသမီးချောရဲ့စန်းဟာ အဲဒီအဆင့်မှာပဲတန့်နေပြီး ရှေ့ဆက်တက်မလာတော့ပါဘူး။

မိုရီနာဘက်ကရင် (Morena Baccarin)
မိုရီနာဘက်ကရင်ဆိုတဲ့ မင်းသမီးဟာ သိပ်ချော၊ သိပ်လှတဲ့ ဘရာဇီး၊ အမေရိကန် ကပြားဖြစ်ပါတယ်။ သူဟာ Deadpool ဆိုတဲ့ နာမည်ကြီးဇာတ်ကားမှာ သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ သူက သိပ်ချောတော့ သူ့မျက်နှာကို ပရိ သတ်တွေက မှတ်မိကြပေမယ့် သူ့နာမည်ကိုတော့ မသိကြပါဘူး။ သူဟာ ဇာတ်ကားတစ်ကားမှာ ပါခွင့်ရတာနဲ့ အဲဒီဇာတ်ရုပ်ပီပြင်အောင် အတတ်နိုင်ဆုံး ကြိုးစားတဲ့အပြင် ရုပ်ခံလည်းရှိပေမယ့် အခုထက်ထိတော့ သိပ်ကြီး မအောင် မြင်သေးပါဘူး။

အလီဆန်ဘရီ (Alison Brie)
အသက် (၃၇) နှစ်အရွယ် အလီဆန်ဘရီဟာလည်း မြင်သူတကာ စွဲမက်လောက်စရာ ရုပ်ရည်မျိုးရှိပေမယ့် အောင် မြင်သင့်သလောက် မအောင်မြင်ဘူးလို့ သူ့ပရိသတ်တွေက ဆိုကြပါတယ်။ သူဟာ Get Hard နဲ့ How to be Single အစရှိတဲ့ဇာတ်ကားတွေမှာ ဇာတ်ရံအခန်းက ပါခွင့်ရခဲ့ပါတယ်။ သူက ၂၀၁၇ ခုနှစ်မှာ မင်းသားဒေ့ဗ်ဖရန်ကိုနဲ့ လက်ထပ်ခဲ့ပါတယ်။

အလက်ဇန်းဒရား ဒက်ဒါရီယို (Alexandra Daddario)
အလက်ဇန်းဒရား ဒက်ဒါရီယိုဟာလည်း ပုရိသအပေါင်းရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်လောက်အောင် လှသွေးကြွယ်ပါတယ်။ ဒါပေမဲ့လည်း လှသာလှပြီး နာမည်ကြီးမင်းသမီးတော့ ဖြစ်မလာသေးပါဘူး။

မင်ကာကယ်လီ (Minka Kelly)
ဒီမင်းသမီးချောကိုသိတဲ့ ပရိသတ်များပေမယ့် သူ့နာမည်ကိုသိတဲ့ ပရိသတ်တော့နည်းပါလိမ့်မယ်။ သူဟာ Friday Night Lights ဆိုတဲ့ဇာတ်လမ်းတွဲ၊ The Roommate ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားမှာ ပါခွင့်ရခဲ့ပါတယ်။ သူဟာ အသက် (၃၉) နှစ်ရှိပြီဆိုပေမယ့် ချောတုန်း၊ လှတုန်းပါ။ ဒါပေမဲ့ သူဟာ ခေါင်းဆောင်မင်းသမီးအခန်းထက် အရံမင်းသမီးအခန်းတွေမှာပဲ ပါခွင့်ရနေပါသေးတယ်။
#NPNews

Related news

© 2021. All rights reserved.