ဖခင်ကွယ်လွန်တာ တစ်လပြည့်နေ့အတွက် ထူးခြားတဲ့အစီအစဉ်ပြုလုပ်ဖို့ စီစဉ်နေတဲ့ ဦးမေတ္တာရဲ့သားဖြစ် သူ မေတ္တာမြင့်မြတ်ဟိန်း

686

NP News - သြဂုတ် ၂၉
ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် ဦမေတ္တာရဲ့သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းက သူ့ရဲ့ဖခင်ကွယ် လွန်တာ တစ်လပြည့်နေ့မှာ အမှတ်တရဖြစ်စေချင်တဲ့အတွက် ဦးမေတ္တာကိုချစ်ကြတဲ့ ရင်းနှီးခင်မင်ကြတဲ့ အနုပညာရှင်တွေနဲ့ ဖေဖေ့ရဲ့သူငယ်ချင်းမိတ်ဆွေများထံ သို့ဆိုပြီး လူမှုကွန်ရက်ကတဆင့် တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
သရုပ်ဆောင်၊ ဒါရိုက်တာ၊ လူရွှင်တော် ဦးမေတ္တာဟာ သြဂုတ်လ ၂ ရက် နေ့လည် ၁၂ နာရီအချိန်က ကိုဗစ်ရောဂါ ဖြင့် နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၂ ရက်ဆိုရင်တော့ ကွယ်လွန်သွားတာ တစ်လပြည့်ပြီးပဲဖြစ်ပါတယ်။
“တွေ့ဆုံဖို့ ခဲယဉ်းတဲ့ကာလမို့ ဖြစ်နိုင်မယ်ဆို ဖေဖေ့အတွက် အမှတ်တရစကားလေးကို ဗီဒီယိုလေး ရိုက်ပြီး ကျွန်တော်ဆီကို ပို့ပေးကြပါလားခင်ဗျာ။ ဖေဖေဆုံးတာ တစ်လပြည့်တော့မှာမို့လို့ မှတ်တမ်းလေးတစ်ခုအနေနဲ့ အမှတ်တရသိမ်းထားချင်လို့ပါခင်ဗျာ” လို့ တောင်းဆိုထားပါတယ်။
ဖခင်ကို သတိရခြင်းများစွာဖြင့် သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းဟာ ဖခင်အတွက် ရည်စူးအလှူအဖြစ် လူရွှင် တော်ကြီး ဦးပေါ်လေးနဲ့ ဦးမိုးဒီတို့အတွက် ဆန်၊ ဆီနဲ့ စားသောက်ကုန်များ သွားရောက်လှူဒါန်းကန်တော့ခဲ့ပြီး၊ သြဂုတ်လ ၂၂ ရက် ဝါခေါင်လပြည့်နေ့ကလည်း ဖခင်အတွက်ရည်စူးပြီး ကျန်ရစ်သူမိသားစုဝင်တွေက ရွှေတောင် တိုက်သစ်စာသင်တိုက်နှင့် ဘုန်းကြီးသင်ပညာရေးကျောင်းရှိသံဃာတော်များအား အာရုံဆွမ်းနဲ့ အခြားသော လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဦးမေတ္တာ ကွယ်လွန်သွားချိန်မှာတော့ သူ့ရဲ့စိတ်နေစိတ်ထားဖြူစင်မှုတွေ၊ လူငယ်တွေအပေါ် စေတနာစိတ်အြ ပည့်နဲ့ဆုံးမသွန်သန်လေ့ရှိကြောင်းတွေ၊ လူငယ်မျိုးဆက်သစ်တွေကို လက်တွဲခေါ်ယူမှုတွေအပြင် သူ့ရဲ့အနု ပညာခံယူချက်တွေကို လေးစားအတုယူ ချစ်ခင်ရကြောင်း အနုပညာအသိုင်းအဝိုင်းမှ ထုတ်ဖော် ရေးသား ဂုဏ်ပြုခဲ့ကြတာကို တွေ့ရပါတယ်။
လူရွှင်တော် ဦးမေတ္တာ ဟာ ပညာတတ်တစ်ယောက်ဖြစ်တဲ့အပြင် အနုပညာဝမ်းစာပြည့်ဝလွန်းလှပြီး စကားပြော စွမ်းရည် ပါးနပ်လွန်းလှတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ပြက်လုံးပြက်ရာမှာလည်း နိုင်ငံရေးအပါအဝင် ဘက်ကပေါင်းစုံ၊ ကဏ္ဍပေါင်းစုံရဲ့အခြေအနေအမှန်ကို ပညာသားပါပါနဲ့ ဝေဖန်ထောက်ပြလေ့ရှိတဲ့ လူရွှင်တော် ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။
#NPNews