တရုတ်နိုင်ငံတွင် အသက် (၁၈) နှစ်အောက်ကလေးငယ်များကို ဂိမ်းကစားခြင်းအား တစ်ပတ်လျှင် (၃)နာရီ ထက်မပိုရန်တားမြစ်

 866

ရောင်နီ (NP News) - သြဂုတ် ၃၁
တရုတ်နိုင်ငံတွင် အသက် (၁၈) နှစ်အောက် လူငယ်များအား တစ်ပတ်လျှင် သုံးနာရီထက် ပို၍ဂိမ်းမကစားရန် တားမြစ်လိုက်ကြောင်း CNA သတင်းဖော်ပြချက်အရသိရသည်။

စိတ်ဝိညာဉ်ဘိန်းဟုခေါ်သည့် စွဲလမ်းစေတတ်ခြင်းကို ထိန်းချုပ်နိုင်စေရန်အတွက် ယင်းကန့်သတ်ချက်ကိုချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့ (သြဂုတ် ၃ဝ ရက်) က ထုတ်ဝေခဲ့သည့် စည်းမျဉ်းသစ်များသည် နှစ်ပေါင်းများစွာ ကြီးထွားလာခဲ့သည့် နည်းပညာ၊ ပညာရေးနှင့် အိမ်ခြံမြေအပါအဝင် ၎င်း၏ လူ့အဖွဲ့အစည်းနှင့် အဓိ က စီးပွားရေးကဏ္ဍများအပေါ် ထိန်းချုပ်မှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းသိရသည်။

ကန့်သတ်ချက်သည် ဖုန်းများအပါအဝင် မည်သည့်စက်ပစ္စည်းများနှင့်မဆို ဂိမ်းဆော့ခြင်းများအတွက် အကျုံးဝင်ပြီး ကမ္ဘာ့အမြတ်အများဆုံး ဈေးကွက်၏ လူငယ်ကစားသမား သန်းဆယ်ဂဏန်းကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာလုံးဆိုင်ရာ ဂိမ်းလုပ်ငန်းကို ထိခိုက်စေကြောင်းသိရသည်။ ဆင်ဟွာသတင်းအေဂျင်စီ၏ အဆိုအရ ၎င်းတို့သည် အ သက် (၁၈)နှစ်အောက် လူငယ်များကို သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင်သာ တစ်ရက်လျှင် တစ်နာရီခန့် ဂိမ်းကစားရန် ကန့်သတ်ထားကြောင်းသိရသည်။

ဂိမ်းကုမ္ပဏီများကိုလည်း သတ်မှတ်ထားသည့်အချိန်ပြင်ပအတွင်း မည်သည့်ပုံစံဖြင့်မဆို ဝန်ဆောင်မှုပေးခြင်းကို တားမြစ်ထားပြီး ဂိမ်းတွင်အမည်ရင်း အတည်ပြုခြင်းစနစ်များကိုသာ သေချာထည့်သွင်းထားရမည်ဖြစ်ကြောင်း နိုင် ငံ၏ ဗီဒီယိုဂိမ်းဈေးကွက်ကို ကြီးကြပ်သည့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကပြောသည်။

ယခင် ၂ဝ၁၉ ခုနှစ်စည်းမျည်းစည်းကမ်းများတွင် အသက် (၁၈) နှစ်အောက် လူငယ်များအနေဖြင့် နေ့စဉ်နေ့တိုင်း တစ်ရက်လျှင် တစ်နာရီခွဲဂိမ်းကစားခွင့် နှင့် အားလက်ရက်များတွင် (၃) နာရီ ကစားခွင့်ရှိခဲ့ကြောင်းသိရသည်။ ယခုစည်းမျဉ်းသစ်များသည် တရုတ်တွစ်တာမှ Weibo အထိ ဆွေးနွေးမှုအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပြီး အချို့သော သုံးစွဲသူများသည် ယင်းအစီအမံများအတွက် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အခြားသူ များကလည်း စည်းမျဉ်း၏ပြင်းထန်ပုံကို အံ့သြမိကြောင်းပြောကြားခဲ့သည်။
#NPNews

Picture

Like Yah-42forcer9dihf88

13/05/2023 20:14

myanmar

Related news

© 2021. All rights reserved.