ကမ္ဘာပေါ်မှ အချောအလှဆုံး တော်ဝင်အမျိုးသမီးများ

 2758

ဝတီ(NP News)- စက်တင်ဘာ ၃
ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ အချောအလှဆုံး တော်ဝင်အမျိုးသမီးတွေကဘယ်သူတွေပါလဲ။ ဒီစာရင်းထဲမှာ ကမ္ဘာတလွှားက ဘုရင်မတွေနဲ့ တော်ဝင်မင်းသမီးတွေ ပါပါတယ်။ စာရင်းထဲကတချို့တွေဆိုရင် ကမ္ဘာ့အချမ်းသာဆုံးတော် ဝင်အမျိုးသားတွေရဲ့ ချစ်ဇနီးတွေ၊ ချစ်သမီးတွေဖြစ်ပါတယ်။ တော်ဝင်အလှဘုရင်မ စာရင်းထဲဝင်တယ်ဆိုတော့ အ ကုန်လုံးက ချောလှနေပြီး ဘယ်သူ အချောဆုံးလဲဆိုတာ ရွေးရခက်နေတော့မှာပါ။ အကုန်လုံးက အလှဘုရင်မတွေဆိုတဲ့အတွက် တစ်ကမ္ဘာလုံးက တော်ဝင်အမျိုးသားတွေဟာ အလှတကာ့ ထိပ်ခေါင်တွေကိုမှရွေးပြီး ကတော်အ ဖြစ် တင်မြှောက်ထားကြတယ်ဆိုတာ ရှင်းနေပါတယ်။ ဒီတော့ ဒီမိန်းမချောတွေကဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

ယက်စ်မင်ဖလာဗီ (Yasmine Pahlavi)
ယက်စ်မင်ဖလာဗီကတော့ အီရန်အင်ပါယာဟောင်းကနောက်ဆုံး အိမ်ရှေ့စံမင်းသားရဲ့ ကြင်ယာတော် ဖြစ်ပါတယ်။ အ သက် (၅၂) အရွယ်သူဟာ အိမ်ရှေ့မင်းသားရဲ့ကြင်ယာတော်ဖြစ်တဲ့အပြင် ရှေ့နေလည်းဖြစ်ပါတယ်။

နော်ဝေးတော်ဝင်မင်းသမီး မာသာလူးဝစ် (Princes Martha Louise of Norway)
အသက် (၄၉) နှစ်ရှိပြီဖြစ်တဲ့ မာသာလူးဝစ်ဟာ နော်ဝေးဘုရင်နဲ့ဘုရင်မရဲ့ တစ်ဦးတည်းသော သမီးတော်ဖြစ်ပါတယ်။ သူ့မှာအစ်ကိုရှိပြီး သူ့အစ်ကိုကတော့ အိမ်ရှေ့မင်းသားပေါ့။ သူ့အစ်ကိုမှာ သားသမီးနှစ်ယောက် ထွန်းကားလာတဲ့အ တွက် သူဟာထီးနန်းဆက်ခံဖို့ အစဉ်အဆက်မှာ စတုတ္ထမြောက်နေရာ ရောက်သွားပါတော့တယ်။

စပိန်ဘုရင်မ လက်တီဇီယာ (Queen Letizia of Spain)
အသက် (၄၈) နှစ်အရွယ် လက်တီဇီယာဟာ လက်ရှိစပိန်ဘုရင်ရဲ့ကြင်ယာတော် ဖြစ်တာကြောင့် ဘုရင်မဆိုတဲ့ ဂုဏ်ပုဒ်ကို ရသွားတာဖြစ်ပါတယ်။ သူ့ခင်ပွန်းရဲ့ ဖခမည်းတော်တ ၂ဝ၁၄ ခုနှစ်မှာ နန်းစွန့်သွားတဲ့အတွက် သူ့ခင် ပွန်းကဘုရင်အရိုက်အရာကို ဆက်ခံရတာပါ။ ခင်ပွန်းနဲ့ လက်မဆက်ခင်တုန်းကဆို လက်တီဇီယာဟာ သတင်းသ မား၊ သတင်းတင်ဆက်သူ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာသမီးလေးနှစ်ယောက် ရှိပါတယ်။

ရှားလက်ကဆီရာဂီ (Charlotte Casiraghi )
အသက် (၃၄) နှစ်အရွယ် ရှားလက် ကဆီရာဂီကတော့ မိုနာကိုတော်ဝင်မင်းသမီးကယ်ရိုလင်းရဲ့ ဒုတိယမြောက် ရင်သွေးဖြစ်ပါတယ်။ ရှားလက်ရဲ့အဘိုးကတော့မိုနာကိုဘုရင်ကြီးဖြစ်ပါတယ်။ မိုနာကို ထီးနန်းဆက်ခံခွင့်မှာ သူက
နံပါတ် ခုနစ်နေရာမှာ ရပ်တည်နေပါတယ်။ အသက် (၁၆) နှစ်အရွယ်လေးမှာပဲသူဟာ ကြင်ယာဖက်အဖြစ် အရွေး ချယ်သင့်ဆုံး ကမ္ဘာ့အပျိုချောစာရင်းထဲမှာနံပါတ် (၁ဝ)ချိတ်ခဲ့ပါတယ်။

လေဒီ ဂက်ဘ်ရီလာဝင်ဆာ (Lady Gabriella Windsor)
အသက် (၃၉) နှစ်အရွယ် လေဒီဂက်ဘ်ရီလာဝင်ဆာကတော့အလွတ်တန်း စာရေးဆရာမဖြစ်ပြီး ဗြိတိသျှ တော်ဝင်မင်းသား မိုက်ကယ်ရဲ့( Prince Micheal ) တစ်ဦးတည်းသောသမီးဖြစ်ပါတယ်။

မင်းသမီး အမ်မီရာအယ်လ်တဝီးလ် (Princess Ameeerah Al-Taweel)
အသက် (၃၇) နှစ်အရွယ် ဒီမိန်းမချောကတော့ ဆော်ဒီအာရေဗျ တော်ဝင်မင်းသမီးလည်းဖြစ်၊ ပရဟိတသမားလည်းဖြစ်ပါတယ်။ သူဟာအချောအလှဆုံး အာရပ်အမျိုးသမီးဖြစ်တဲ့အပြင် အချောအလှဆုံးမွတ်စလင်အမျိုးသမီး စာရင်းထဲလည်း ဝင်ပါတယ်။ သူ့အမေက တစ်ခုလပ်ဖြစ်ပြီး သူ့ကို တစ်ယောက်တည်းအားနဲ့ ကျွေးမွေးပြုစုပျိုး ထောင်ခဲ့တာပါ။ အသက်(၁၈) နှစ်အရွယ်မှာတော့ သူဟာ ကျောင်းစာတမ်းတစ်ခုအတွက် တွေ့ဆုံမေးမြန်းခန်းလုပ်ရင်း ဆော်ဒီတော်ဝင်မင်းသားနဲ့ဆုံဖြစ်သွားပါတယ်။ သူတို့ဟာ ၂ဝဝ၈ ခုနှစ်မှာ လက်ဆက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှာတော့
ကွာရှင်းလိုက်ကြပါတယ်။ သူဟာ စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ဘွဲ့ရထားတာဖြစ်ပါတယ်။

ဆွီဒင်တော်ဝင်မင်းသမီး မက်ဒယ်လင် (Princess Madeleine of Sweden)
အသက် (၃၈) နှစ်အရွယ် ဒီတော်ဝင်မင်းသမီးကတော့ ဆွီဒင်ဘုရင်ကြီးရဲ့ အငယ်ဆုံးရင်သွေးဖြစ်ပါတယ်။ ဆွီဒင်ထီး နန်းဆက်ခံခွင့် နံပါတ်စဉ်မှာတော့ သူဟာ နံပါတ်ခုနစ်နေရာမှာပါ။ သူဟာ အမေရိကန်ငွေရှင်ကြေးရှင်တစ်ယောက်နဲ့လက်ထပ်ထားပြီး သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားပါတယ်။

ဂျက်တ်ဆန်ပီးမား (Jetsun Pema)
အသက် (၃၁)အရွယ် ဒီမိန်းမချောလေးကတော့ ဘူတန်ဘုရင်ရဲ့ ချစ်ဇနီးလေးပဲ ဖြစ်ပါတယ်။ သူဟာ ဘုရင်နဲ့ ၂ဝ၁၁ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့တာပါ။ သူဟာ အိန္ဒိယမှာ ကျောင်းတက်ခဲ့ပြီး လန်ဒန်ကောလိပ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ကမ္ဘာ့မီဒီယာစာမျက်နှာတွေမှာပါလေ့ပါထသိပ်မရှိလို့ သူ့ကိုလူတွေသိပ်မသိကြဘူးဆိုပေမယ့် သူ့အလှက လည်း မြင်ရသူအပေါင်းကို စွဲငြိသွားစေတဲ့ အာရှအလှပါပဲ။ သူ့ကို အရှေ့တိုင်းရဲ့ ကိတ်ဒ်မစ်ဒယ်လ်တန်လို့ ခေါ်ရင် မှားမယ်မထင်ပါဘူး။

ကိတ်ဒ်မစ်ဒယ်လ်တန် (Kate Middleton)
ကဲ.. ဒီတစ်ခါတော့ ကမ္ဘာ့တော်ဝင်အမျိုးသမီးတွေထဲမှာ လူသိအများဆုံး၊ အထင်ရှားဆုံး ၊ အလှဆုံးလို့ ပြောရမယ့် ကိတ်ဒ်မစ်ဒယ်လ်တန်အလှည့် ရောက်လာပါပြီ။ သူဟာ တော်ဝင်မင်းသား ဝီလျံရဲ့ ကြင်ယာတော်ပါ။ မင်းသား ဝီလျံဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းမင်းသား ချားလ်စ်ရဲ့ သား၊ အဲလိဇဘက်သ်ဘုရင်မကြီးရဲ့ မြေးတော်ပဲ
ဖြစ်ပါတယ်။ ကမ္ဘာ့အချောအလှဆုံး တော်ဝင်အမျိုးသမီးစာရင်းဟာသူမပါဘဲ ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။ အသက် (၃၉)နှစ်ရှိပြီဖြစ်တဲ့ သူဟာ ၂ဝဝ၁ ခုနှစ်မှာ တက္ကသိုလ်တက်ရင်း ဗြိတိသျှ တော်ဝင်မင်းသား ဝီလျံနဲ့ဖူးစာဆုံခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂ဝ၁ဝ ခုနှစ် နှစ်ကုန်ပိုင်းမှာ စေ့စပ်ခဲ့ကြပြီး ၂ဝ၁၁ ခုနှစ် ဧပြီလမှာ လက်ထပ် ထိမ်းမြားခဲ့ကြပါတယ်။ ဗြိတိသျှတော်ဝင်အသိုင်းအဝိုင်းထဲ သူရောက်လာကတည်းကလူတိုင်းရဲ့ အသည်းနှလုံးကို သူ့အပြုံးလှလှနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။ သူဟာလှတဲ့အပြင် ဝတ်တာ၊စားတာလည်း သိပ်ဖက်ရှင်ကျပါတယ်။ သူ့ဝတ် ပုံ၊ စားပုံကဗြိတိသျှနဲ့ အမေရိကန်ဖက်ရှင်လောကအပေါ် လွှမ်းမိုးမှု ရှိပါသတဲ့။ နာမည်ကျော်တိုင်းမ်မဂ္ဂဇင်းကလည်း သူ့ကိုကမ္ဘာပေါ်မှာ သြဇာလွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်ပေါင်း (၁ဝဝ) စာရင်းထဲထည့်ထားပါတယ်။
#NPNews

Related news

© 2021. All rights reserved.