လူကြိုက်အများဆုံး Disney ကာတွန်း မင်းသမီးလေးများ

2979
ဝတီ(NP News)- စက်တင်ဘာ ၄
ဒစ္စနေးဆိုတဲ့ ကာတွန်းဇာတ်ကားထုတ်လုပ်ရေး အမေရိကန်ကုမ္ပဏီကြီးဟာ ကမ္ဘာကျော်ကာတွန်းကားတွေ အများကြီးထုတ်လုပ်နိုင်ခဲ့ပြီး ခေတ်အဆက်ဆက်က ကလေးတွေကို ဖျော်ဖြေခဲ့ပါတယ်။ ဒါကြောင့် ဒစ္စနေးဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့ လူအများစုဟာ သူတို့ငယ်ဘဝကနှစ်သက်စွဲမက်ခဲ့ရတဲ့ ကာတွန်းဇာတ်ကောင်လေးတွေကို အောက်မေ့သွားတတ်ကြတာပါ။ မိန်းကလေးတွေအတွက်တော့ ဂါဝန်လှလှလေးတွေဝတ်ထားတဲ့ တော်ဝင်မင်းသ မီးချော လေးတွေကို ပြေးမြင်ကြမှာပါပဲ။ ကိုယ်ငယ်ငယ်က တရှိုက်မက်မက် စွဲလမ်းရူးသွပ်ခဲ့ရတဲ့ အဲဒီ ဒစ္စနေးမင်း သမီးလေးတွေထဲမှာ ဘယ်မင်းသမီးတွေက လူကြိုက်အများဆုံး၊ နာမည်အကြီးဆုံးပါလဲ။ ဒါကြောင့် ဒစ္စနေးမင်း သ မီးအများကြီးထဲမှာ လက်ရှိအချိန်အထိ လူကြိုက်အများဆုံးဖြစ်နေတဲ့ ဒစ္စနေးမင်းသမီးလေး (၁ဝ)ယောက်ကိုဖော်ပြ လိုက်ပါတယ်။
အန်နာ (Anna)
Frozen ကာတွန်းကားထဲက မင်းသမီးအန်နာဟာ လူကြိုက်အများဆုံးဒစ္စနေးမင်းသမီးများစာရင်းမှာပါပါတယ်။ သူဟာ ကိုးယိုးကားယားနိုင်တယ်၊ ရယ်ရတယ်၊ သစ္စာရှိတယ်၊ ချစ်ဖို့ကောင်းပါတယ်။ သူ့ဆီမှာသဘောကျစရာ အကောင်းဆုံးအချက်ကို ပြောပါဆိုရင် ခွင့်လွှတ်နိုင်စွမ်းရှိတာကို ပြောရမှာပါပဲ။ သူဟာ အသက်နဲ့ရင်းပြီး အယ်လ်ဆာကို ကယ်ဖို့ကြိုး စားခဲ့တဲ့အပြင် သဘောထားကြီးကြီးနဲ့လည်းခွင့်လွှတ်ခဲ့တယ်လေ။
မယ်ရီဒါ (Merida)
Brave ဆိုတဲ့ကာတွန်းကားထဲက မယ်ရီဒါကတော့ တခြားဒစ္စနေးမင်းသမီးတွေနဲ့ မတူပါဘူး။ ဒစ္စနေးမင်းသမီးတွေထဲမှာလေးမြားအတတ် ကျွမ်းကျင်ပိုင်နိုင်တာဆိုလို့ သူအပါအဝင် နှစ်ယောက်တည်းပဲရှိပါတယ်။ ဒစ္စနေး မင်းသမီးအများစုဟာ မိဘတွေဖြစ်တဲ့ ဘုရင်နဲ့ကြင်ယာတော်ရဲ့ ဖူးဖူးမှုတ်အလိုလိုက်တာ ခံထားရသူတွေ၊ မိထွေး နှိပ်စက်တာ ခံရသူတွေချည်းပဲများပါတယ်။ ဒါပေမဲ့ မယ်ရီဒါကတော့အဲဒီလိုမျိုး မဟုတ်ပါဘူး။ သူဟာ တခြားဒစ္စနေးမင်း သမီးလေးတွေလို ကြွကြွရွရွ၊ ချောချောလှလှလည်းမဟုတ်၊ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့လည်း မဟုတ်ပါဘူး။ သူကဇွတ်တရွတ်ဆန်ပြီး သတ္တိအရမ်းကောင်း၊ ဆံပင်ကလည်းတစ်ခေါင်းလုံး ကောက်နေတယ်လေ။
ပိုကာဟွန်းတက်စ် (Pocahontas)
သူကတော့ ဒစ္စနေးမင်းသမီးလေးတွေထဲမှာ လေးမြားအတတ်ကျွမ်းကျင်ပိုင်နိုင်တဲ့ နောက်တစ်ယောက်ပေါ့။ သူဟာ မချစ်သင့်တဲ့သူနဲ့မေတ္တာမျှခဲ့ပေမယ့် ငြိမ်းချမ်းရေးအတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့သူပါ။
အယ်လ်ဆာ (Elsa)
အယ်လ်ဆာကတော့ တော်ဝင်မင်းသမီးလည်းဖြစ်၊ ဘုရင်မလည်းဖြစ်ပါတယ်။ သူဟာ အန်နာဆိုတဲ့ မင်းသမီးရဲ့အစ် မလည်းဖြစ်ပါတယ်။ သူနဲ့ပတ်သက်လို့ ကာတွန်းပရိသတ် လူငယ်၊ လူကြီးတွေ အမှတ်မိဆုံးအရာကတော့ သူ့ဂါဝန်လှလှလေးပါပဲ။ သူ့ညီမ အန်နာရဲ့ဝတ်စုံက မလှသလောက် သူ့ဂါဝန်ကတော့ ရုပ်ရှင်ပရိသတ်တွေအားလုံးတစ်ခါတည်း တန်းမှတ်မိသွားလောက်အောင်ကို ထင်းခနဲလှပါတယ်။
စင်ဒရဲလား (Cinderella)
စင်ဒရဲလားဟာ အကူအညီမဲ့နေပြီး ပျော့ညံ့တဲ့ မင်းသမီးဆိုပေမယ့် လူကြိုက်အများဆုံး မင်းသမီးနေရာမှာရပ်တည် နေပါတယ်။ သူဟာ ကြင်နာတတ်တယ်၊ ရက်ရောတတ်တယ်၊နူးညံ့သိမ်မွေ့တယ်၊ ဟာသညာဏ်လည်း ရှိပါတယ်။
ဂျပ်စ်မင် (Jasmine)
ဂျပ်စ်မင်ကတော့ မိန်းကလေးတွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်ပါတယ်။ သူ့ကို အတင်းအကျပ် အိမ်ထောင်ပြုခိုင်းပေမယ့် သူကလုံးဝလက်မခံခဲ့ဘူးလေ။ သူဟာ သတ္တိရှိပြီး ခွင့်လွှတ်နိုင်စွမ်းလည်းရှိသူပါ။ သူဟာ အာလာဒင်ကို ချစ်တဲ့အတွက် အာလာဒင်ရဲ့ကောင်းကွက်တွေကိုပဲ ရွေးကြည့်ပြီးအားနည်းချက်တွေကို ခွင့်လွှတ်ပေးခဲ့ပါတယ်။
ရပန်ဇယ်လ် (Rapunzel)
ရပန်ဇယ်လ်ကတော့ မြင်နေကျ ဒစ္စနေးမင်းသမီးမျိုး မဟုတ်ပါဘူး။ ဒစ္စနေးမင်းသမီးတွေထဲမှာတော့ သူကမျက်လုံး အစိမ်းရောင်ဖြစ်နေပြီး တင်းတိပ်မှဲ့ခြောက်လေးတွေလည်း ရှိပါတယ်။ နောက်တစ်ချက်ထူးခြားတာက ဒစ္စနေးမင်း သမီးလေးတွေထဲမှာ သူကမျက်လုံးအကျယ်ဆုံးပါ။ သူဟာ လိမ်မာပါးနပ်တယ်၊ တစ်ခုခုကို လိုချင်တဲ့စိတ်ဆန္ဒပြင်း ပြတယ်၊ သတ္တိလည်း ရှိပါတယ်။
အေရီယယ် (Ariel)
အေရီယယ်ကတော့ ဒစ္စနေးမင်းသမီးလေးတွေထဲမှာ လူသားမဟုတ်တဲ့တစ်ဦးတည်းသော မင်းသမီးပါပဲ။ ဒီရေသူမကာ တွန်းဇာတ်ကား ထွက်ခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပြီဆိုပေမယ့် ပရိသတ်တွေ အခုထက်ထိ သူ့ကိုကြိုက်နေကြသေးတာ၊ မမေ့သေးတာ အံ့သြစရာကောင်းလှပါတယ်။ ရေအောက်ကမ္ဘာကို စိတ်ဝင်စားသူတိုင်း အေရီယယ်ရဲ့ ပရိ သတ်အော်တို ဖြစ်သွားကြပုံရပါတယ်။ အေရီယယ်ဟာ စွန့်စားလိုစိတ်၊စူးစမ်းချင်စိတ်ရှိသူပါ။
မူလန် (Mulan)
မူလန်ကတော့ တရုတ်ဒဏ္ဍာရီလာ ဇာတ်ကောင်မင်းသမီး ဖြစ်ပါတယ်။ ဒစ္စနေးမင်းသမီးတွေထဲမှာ ဘယ်သန်ဆိုလို့
သူအပါအဝင်မှ နှစ်ယောက်ပဲရှိပါတယ်။ သူဟာ ကိုယ့်အားကိုယ်ကိုးတယ်၊ ရဲရင့်တယ်၊ မိန်းမဆိုတာ ဘယ်လိုမျိုးနေ ထိုင်ပြုမူရမယ်ဆိုတဲ့ ပုံစံခွက်ထဲကနေ ဖောက်ထွက်ပါတယ်။ ပုံပြင်ထဲက မင်းသမီးဆိုတာ ချောရ၊ လှရမယ်၊ အသံ ချိုရမယ် ၊ မင်းသားကိုပဲ မျှော်လင့်စောင့်စားအားကိုးနေရမယ်ဆိုတာမျိုးချည်းပဲ မဟုတ်ဘူးဆိုတာကို သူသက်သေ ပြသွားတာပါ။
ဘဲလ် (Belle)
ဟုတ်ပါတယ်။ လူကြိုက်အများဆုံး ဒစ္စနေးမင်းသမီးလေးက ဘဲလ် ဖြစ်နေတာအံ့သြစရာအရမ်းကောင်းပါတယ်။ အဲဒီကာတွန်းကားထွက်တာ ၁၉၉၁ ခုနှစ်ကတည်းက ဆိုပေမယ့် ကာတွန်းပရိသတ်တွေ ဒီမင်းသမီးလေးကို အခုထက်ထိ စွဲလမ်းမြတ်နိုးနေကြတုန်းပဲဆိုတာကို ဒီသဘောထားစစ်တမ်းက ဖော်ပြနေပါတယ်။ ဘဲလ် ဆိုတဲ့ အဓိပ္ပာယ်က မိန်းမချောလေးဆိုတဲ့ အဓိပ္ပာယ်ပါ။ သူဟာရုပ်ချောသလောက် မောက်မာတဲ့ ကိုလူချောအစားရုပ်ဆိုး သလောက် ကြင်နာတတ်တဲ့ သတ္တဝါကြီးကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ပြီးတော့ စင်ဒရဲလားမင်းသမီးလေးလိုပဲ သူဟာလည်း တော်ဝင်မျိုးနွယ်ကဆင်းသက်လာတာမဟုတ်ပါဘူး။
#NPNews