ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး နာရီတွေက ဘာတွေလဲ

 1757

ဝတီ(NP News) - စက်တင်ဘာ ၄
ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး နာရီတွေက ဘာတွေလဲ၊ ဘယ်လောက်အထိဈေးကြီးသလဲဆိုတာကို သိချင်စိတ်ဖြစ်မိဖူးပါသလား။ သိချင်တယ်ဆိုရင်တော့ အခုပြောပြသွားမယ့် တန်ဖိုးအကြီးဆုံးနာရီများဆိုတဲ့ အကြောင်းအရာကိုအဆုံးထိ ကြည့်ရှုခံစားကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ။ ဒေါ်လာသန်းနဲ့ချီတန်တဲ့နာရီတွေမှာ စိန်၊ ရွှေ အစရှိတဲ့ ရတနာတွေနဲ့ အလှဆင်ထားပါတယ်။ ဒါကြောင့်လည်း သူတို့တန်ဖိုးဟာ မိုးထိုးနေတော့တာပေါ့။ ပြီးတော့ အထဲမှာ အရမ်းရှုပ် ထွေးတဲ့စက်ကိရိယာစနစ်တွေပါလို့ သာမန်နာရီတွေလိုမဟုတ်ဘဲ အချိန်ကို အသေးစိတ်အတိအကျ ဖော်ပြပါတယ်။ ဒီစနစ်တွေကြောင့်လည်းတန်ဖိုးတွေက မတန်တ ဆ မြင့်သွားရတာဖြစ်ပါတယ်။ ကဲ… ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးနာရီတွေက ဘာတွေလဲဆိုတာ နာရီချစ်သူတွေအတွက် တင်ဆက်လိုက်ပါပြီ။

ဘရေဂိတ် အိတ်ဆောင်နာရီ (Brequet Pocket Watch )
ဒီဇိုင်းက စွဲမက်စရာကောင်းလှတဲ့ ဒီအိတ်ဆောင်နာရီလေးကို ဘရေဂိတ် ( Brequet ) ဆိုတဲ့ နာရီထုတ်လုပ်ရေးကုမ္ပဏီက ရွှေ (၁၈) ကာရက်နဲ့လုပ်ထားတာပါ။ ဒါ့အပြင် ဒီနာရီကို လက်နဲ့ အနု စိတ်ပုံဖော်ထားတာဖြစ်ပြီး နာရီမျက်နှာပြင်ကိုကြည့်လိုက်ရုံနဲ့လက်ရာအင်မတန် ကောင်းမွန်သေသပ်မှန်း တန်းခနဲသိနိုင်ပါတယ်။ နာရီက ချိန်းကြိုးလေးလည်းပါသေးတယ်လေ။ ဒီနာရီရဲ့ တန်ဖိုးကတော့ ဒေါ်လာ (၇၃၄ဝဝဝ) ဖြစ်ပါတယ်။

ဘလောင့်ပန် ဆယ်ဗင်တင်းသတ်တီဖိုက် ဂရန်းကွန်ပလီကေးရှင်း ( Blancpain 1735 Grande Complication )
ဘလောင့်ပန် ( Blancpain ) ကုမ္ပဏီက ထုတ်လုပ်တဲ့ ဒီနာရီက တော့ ပတ်လို့အတော်ကောင်းမှာပါ။ နာရီအိမ်ကို ပလက်တီနမ်နဲ့လုပ်ထားပြီး နာရီကြိုးကိုတော့ မိကျောင်းသားရေနဲ့ လုပ်ထားတာပါ။ အထဲကအင်ဂျင်ကို အစိတ်အပိုင်းပေါင်း (၇၄ဝ) နဲ့ လုပ်ထားတာဖြစ်ပြီး အဲဒီအစိတ်အပိုင်းအားလုံးဟာလက်လုပ်တွေချည်းပါပဲ။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ထုတ်လုပ်ဖူးသမျှ လက်ပတ်နာ ရီတွေထဲမှာ ဒီနာရီဟာလည်းဖွဲ့စည်းတည်ဆောက်ပုံ အရှုပ်ထွေးဆုံး နာရီတွေထဲပါနေတာပါ။ တန်ဖိုးကလည်း ဒေါ်လာ ၈ဝဝဝဝဝ ( ဒေါ်လာ ရှစ်သိန်း) ဖြစ်ပါတယ်။

လူးဝီမွိုင်နည်း မဂျစ်ထရယ်လစ် (Louis Moinet Magistralis)
ဒီနာရီကတော့ တမူထူးခြားပြီး မဟာဆန်ပါတယ်။ ပတ်လိုက်ရင် စတိုင်သိပ်ကျမယ့်ဒီအဖိုးထိုက် နာရီထဲမှာ ဥက္ကာခဲ အပိုင်းအစအ စစ်တစ်ခု ပါပါတယ်။ ပြီးရင်နေ့စွဲတွေကိုလည်း အတိအကျ ဖော် ပြပေးပါသေးတယ်။ တန်ဖိုးကတော့ဒေါ်လာ ရှစ်သိန်းခြောက်သောင်း ( ဒေါ်လာ ၈၆ဝဝဝဝ ) ပါတဲ့။

အူဘလို ဘလက်ခ်ကက်ဗီယာဘန်း (Hublot Black Caviar Bang)
အူဘလို ( Hublot ) ကုမ္ပဏီက ထုတ်တဲ့ဘလက်ခ်ကက်ဗီယာဘန်းနာရီဟာ ၂ဝဝ၉ ခုနှစ်မှာ ထွက်ပါတယ်။ ဒီလက်ပတ်နာရီကို အနက်ရောင်စိန်ပွင့်ပေါင်း (၅ဝ၁) ပွင့် ၊ ရွှေဖြူ (၁၈) ကာရက်နဲ့အ လှဆင်ထားလို့ တည်ငြိမ်တဲ့ အလှမျိုးနဲ့ကျက်သရေ ရှိနေပါတော့တယ်။ တန်ဖိုးကတော့ ဒေါ်လာ တစ်သန်း( 1 million ) ပါ။

ရှိုပတ်ဒ် စူပါအိုက်စ်ကျုဘ် (Chopard Super Ice Cube)
ဒီနာရီကိုတော့ ရှိုပတ်ဒ် ( Chopard ) ဆိုတဲ့ ဆွစ်ကုမ္ပဏီကထုတ် ပါတယ်။ နာရီကို ကုဗတုံးပုံစံလေးတွေ လုပ်ထားတဲ့ စိန်တွေနဲ့ အ စီအရီ ဖန်တီးထားတာပါ။ လက်ပတ်နာရီလည်းဖြစ်၊ စိန်လက် ကောက်လည်းဖြစ်တဲ့ ဒီနာရီဟာ ရေစိုခံတဲ့အပြင် ခြစ်ရာ၊ ပွန်းရာလည်း မထင်နိုင်ပါဘူးတဲ့။ ဒီလောက်ထိ အဖိုးထိုက်ပြီး စွဲမက်စရာကောင်းလှတဲ့စိန်နာရီကို မလိုချင်တဲ့အမျိုးသမီးရယ်လို့ ရှိမယ်မထင်ပါဘူးနော်။ တန်ဖိုးကတော့ဒေါ်လာ (၁ ဒသမ ၁) သန်းဖြစ်ပါတယ်။

စကိုင်းမွန်းတိုးဘီယွန် (Sky Moon Tourbillon)
ပထိပ်ခ်ဖီးလစ်ပ် Patek Philippe ကုမ္ပဏီက ထုတ်ဖူးသမျှနာရီတွေထဲမှာဒီနာရီက ဖွဲ့စည်းပုံအရှုပ်ထွေးဆုံး လက်ပတ်နာရီဖြစ်ပါတယ်။ သူ့မှာမျက်နှာပြင်နှစ်ဖက်ပါပြီး တစ်ဖက်က ညကောင်း ကင်ယံဆိုတဲ့နာမည်အတိုင်း အပြာရင့်ရောင်အောက်ခံနဲ့ဖြစ်ပြီး နောက်တစ်ဖက်ကတော့ အဖြူရောင်အောက်ခံနဲ့ဖြစ်ပါတယ်။ နာရီတန်ဖိုးကတော့ ဒေါ်လာ (၁ ဒသမ ၃) သန်းဖြစ်ပါတယ်။

တိုးဒီအေးလ် (Tour de I’lle)
ဗက်ရ်ှရွန်ကွန်စတက်တန် ( Vacheron Constatin ) ဆိုတဲ့ဆွစ်ဇာလန်နာရီကုမ္ပဏီကြီးက ကုမ္ပဏီသက်တမ်း နှစ် (၂၅ဝ) အထိမ်း အမှတ်အနေနဲ့ တိုးဒီအေးလ် ဆိုတဲ့ ဒီနာရီကို ၂ဝဝ၅ ခုနှစ်မှာထုတ် လုပ်ခဲ့တာဖြစ်ပါတယ်။ရွှေ (၁၈) ကာရက်နဲ့ လုပ်ထားတဲ့ ဒီနာရီမှာ မျက်နှာပြင်က အရောင်မပြန်နိုင်တဲ့ပြာလဲ့လဲ့ နီလာမှန်သားပြင်ပါ။ ဒီနှစ်ဖက်လှ နာရီရဲ့ တန်ဖိုးကတော့ဒေါ်လာ (၁ ဒသမ ၅) သန်း ဖြစ်ပါသတဲ့။

ပလက်တီနမ်ဝေါဒ်တိုင်းမ် (Platinum World Time)
ပထိပ်ခ်ဖီးလစ်ပ် Patek Philippe ကုမ္ပဏီထုတ် ဒီနာရီကတော့ ၂ဝဝ၂ ခုနှစ် လေလံမှာ ဒေါ်လာ (၄) သန်းကျော်နဲ့ လေလံအောင်သွားပါတယ်။ ကုမ္ပဏီက ဒီလိုနာရီမျိုး တစ်လုံးတည်းပဲ ထုတ်ခဲ့တယ်လို့ အခိုင်အမာယူဆရပြီး၂ဝဝ၂ ခုနှစ်တုန်းကဆိုရင်တော့ ဒီနာရီဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးလက်ပတ်နာရီပေါ့။ ကိုယ်ဘယ်နိုင်ငံပဲ ရောက်ရောက်၊ နာရီက သက်ဆိုင်ရာနိုင်ငံရဲ့အ ချိန်ကို သူ့ဘာသာသူ အော်တိုလှည့်ပြီးဖော်ပြပေးမှာပါ။

စူပါကွန်ပလီကေးရှင်း (Super Complication)
ပထိပ်ခ်ဖီးလစ်ပ် Patek Philippe ကုမ္ပဏီကပဲ ဟင်နရီဂရေ့ဗ်စ်ဂျူနီယာ Henry Graves Jr. ဆိုတဲ့ ဘဏ်လုပ်ငန်းရှင်အတွက် ၁၉၃၃ ခုနှစ်မှာ ဒီအိတ်ဆောင်နာရီကို ရွှေ (၁၈) ကာရက်နဲ့ဖန်တီး ခဲ့တာပါ။ ဒီ ဒီဇိုင်းထုတ်ဖို့၊ ဒီနာရီဖြစ်လာဖို့ ကုမ္ပဏီက အချိန်ငါးနှစ် ယူခဲ့ရပါတယ်။ တန်ဖိုးက ဒေါ်လာ (၁၁) သန်းပါ။

စိန်လက်ကောက်နာရီ
ရှိုပတ်ဒ် ( Chopard ) ဆိုတဲ့ ဆွစ်ကုမ္ပဏီကပဲ ထုတ်လုပ်တဲ့ ဒီလက်ပတ်နာရီကတော့ နာရီထက် လက်ကောက်နဲ့ပဲ ပိုတူပါတယ်။ ကုမ္ပဏီကလည်း ဒါကိုလက်ဝတ်ရတနာအဖြစ်ပဲ ပိုပြီး ဦး စားပေးဖန်တီးထားတာပါ။ ဒီလက်ကောက်နာရီကို စိန်ပွင့်ရောင်စုံပေါင်း (၂ဝ၁) ကာရက်နဲ့ လုပ်ထားပါတယ်။ ဒါကြောင့် သူ့ကိုကြည့်လိုက်ရင်ပန်းရောင်စုံ ဝန်းရံထားတဲ့ နာရီလို့ ထင်ရပါလိမ့်မယ်။ တန်ဖိုး ဒေါ်လာ (၂၆) သန်းရှိတဲ့ ဒီလက်ကောက်နာရီက တော့ စိန်ရောင်စုံတဖိတ်ဖိတ်နဲ့တလက်လက် တောက်ပနေပါတယ်။
#NPNews

Related news

© 2021. All rights reserved.