လွိုင်ကော်နဲ့ ကလေး ဒစကမှူး ဗိုလ်မှူုးချုပ်နှစ်ဦး ထိန်းသိမ်းခံရသည့်သတင်း တပ်မတော်ဘက်က ငြင်းဆို

 1517

Iris (NP News) - စက်တင်ဘာ ၇
လွိုင်ကော်ဒေသ ကွပ်ကဲရေးမှူးနဲ့ ကလေးဒေသ ကွပ်ကဲရေးမှူးတို့ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းဌာနအချို့ ဖော်ပြချက်မှာ မှားယွင်းနေပြီး မူလတာဝန်များကို ကောင်းမွန်စွာထမ်းဆောင်လျှက်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

တပ်မတော်တွင် ကစထမှူး၊ ဒစကမှူးဟူ၍ အဆင့်လိုက်တာဝန်ပေးထားရသည့်အရာရှိကြီးများ ရှိပြီး ဒစကမှူးဆိုသည်မှာ အရေးပါသည့်ဒေသကြီးတစ်ခုခုအတွက် ယုံကြည်စိတ်ချစွာတာဝန်ပေးထားသည့် ဒေသကွပ်ကဲရေးမှူးမျိုးဖြစ်ကြောင်း သိရသည်။ ယင်းတွင် တိုင်းဒေသကြီးများနှင့်ပြည်နယ်အသီးသီး၌ပင်လျှင် ဒစကမှူးများစွာ ရှိထားပြီး မီဒီယာအချို့က ဖော်ပြသော ကလေးဒေသနှင့်လွိုင်ကော်ဒေသတို့အတွက် ဒစကမှူးများကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားပြီဆိုသော သတင်းမှာ စစ်ကောင်စီထိပ်ပိုင်းနှင့် နီးစပ်သူများက ပြောသည်ဟုသာ သတင်းရင်းမြစ်ကို ဖော်ပြထားသည်။ “ ကလေးမြို့နဲ့လွိုင်ကော်မြို့က ဒေသကွပ်ကဲရေးမှူးတွေ သူတို့တာဝန်ကျရာနေရာတွေမှာ တာဝန်တေါကို ကောင်းကောင်းမွန်မွန်နဲ့ ပုံမှန်ထမ်းဆောင်လျှက် ရှိပါတယ်။ ဒီသတင်းဟာ ကောလဟလသတင်းပဲ ဖြစ်ပါတယ် ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးက စက်တင်ဘာ(၇)ရက်တွင် မီဒီယာများကို ပြောသည်။ မီဒီယာအချို့က ဖော်ပြမှုတွင် ကလေး ဒစကမှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦးက ကနီဒေသတွင် စစ်တပ်ဘက်က ပြည်သူများကို သတ်ခဲ့သည်ဆိုသောကိစ္စနှင့်ပတ်သက်၍ အရေးယူရန်ပြောဆိုမှုကြောင့် အဂတိမှုဖြင့်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဆိုသည်။ လွိုင်ကော် ဒစကမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးကိုမူ စစ်ဆင်ရေးများတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းကြောင့် တာဝန်ပေါ့လျော့မှုဖြင့် အရေးယူခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါဖြစ်စဉ်များကို စစ်တပ်နှင့်အတိုက်အခံမီဒီယာများထံ ပြောပြသတင်းပေးသည်ဆိုသော စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်နှင့် နီးစပ်သူဆိုသော ကိစ္စမှာ ယုံရခက်သောသတင်းရင်းမြစ်မျိုး ဖြစ်နေသည်ကို တွေ့ရသည်။

လက်ရှိတိုင်းပြည်အရှုပ်အထွေးကာလများတွင် သတင်းမျိုးစုံကို သတင်းရင်းမြစ်ခိုင်မာစွာ ဖော်ပြခြင်းမျိုး မရှိဘဲ ပြည်သူများထံ ရည်ရွယ်ချက်တစ်ခုခုဖြင့် ဦးတည်ချက်ရှိရှိ ခေါင်းစဉ်တပ်၍ရေးသားဖော်ပြနေသော သတင်းများစွာကို တွေ့လာရသည်။

Related news

© 2021. All rights reserved.