သရုပ်ဆောင် နန္ဒာလှိုင် ဆေးရုံတက်ရ

4730

Photo – ZayThiha Fb
NP News - စက်တင်ဘာ ၁၃
ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် နန္ဒလှိုင်ဟာ လက်ရှိမှာ ဆေးရုံတက်၊ ဆေးကုသမှုခံယူနေရကြောင်း ဆေးရုံကုတင်ပေါ်ရောက်နေတဲ့နန္ဒာလှိုင်ပုံကို ခင်ပွန်းဖြစ်သူ ဦးဇေသီဟက သူကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘွတ်စ်အကောင့်မှာ ဒီနေ့ စက်တင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းက ဖော်ပြခဲ့ပါတယ်။
ဦးဇေသီဟ ဖော်ပြခဲ့တဲ့ပိုစ့် ကွန်းမန့်ဘောက်မှာတော့ သူတို့ရဲ့မိတ်ဆွေတွေနဲ့ အနုပညာမောင်နှမတွေက နန္ဒာလှိုင်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းထားတာကိုတွေ့ရပြီး၊ နန္ဒာလှိုင် အမြန်ဆုံး ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။
နန္ဒာလှိုင်ရဲ့လက်ရှိကျန်းမာရေးအခြေအနေဟာ လက်ကနေ ဆေးပိုက်တပ်ထားရတာကို မြင်တွေ့ရပြီး၊ အောက်စီဂျင်ရှုနေရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဦးဇေသီဟရဲ့ဖော်ပြမှုမှာတော့ နန္ဒာလှိုင် ကိုဗစ်ကူးစက်ခံလိုက်ရပြီ ဆိုတာ မပါဝင်ခဲ့ပေမယ့်လည်း “သူတို့တစ်မိသားစုလုံး ကိုဗစ် ရှိ/ မရှိ အစစ်ဆေးခံနေရပြီ” လို့တော့ ဒီနေ့ စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းကပဲ သူ့လူမှုကွန်ရက်မှာ တင်ထားတာတွေ့ရပါတယ်။
နန္ဒာလှိုင်ရဲ့ကျန်မာရေးအခြေအနေကို တရားဝင်ဖော်ပြထားတာမျိုးတော့ မရှိသေးပေမယ့်လည်း ဦးဇေသီဟရဲ့ စကားကြောင့် နန္ဒာလှိုင်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဆေးရုံတက် ဆေးကုသမှုခံယူနေတာမျိုးလို့ ဆိုနိုင်ပါတယ်။
လက်ရှိမှာတော့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
#NPNews