အံ့ဖွယ် ရှားပါးနှစ်မျိုးစပ် တိရစ္ဆာန်များ

 2297

ဝတီ (NP News) - စက်တင်ဘာ ၁၄
မျိုးစိတ်ချင်းမတူပေမယ့် မျိုးဗီဇချင်းတူနေတဲ့ တိရစ္ဆာန်တွေကိုပဲ မျိုးစပ်လို့ရနိုင်ပါတယ်။ ဥပမာပြောရရင် ကြောင်ကြီးမျိုးနွယ်ဝင်တွေဖြစ်တဲ့ကျားနဲ့ ခြင်္သေ့ကို မျိုးစပ်လို့ရသလိုမျိုးပေါ့။ မျိုးဗီဇချင်းမတူတဲ့တိရစ္ဆာန်တွေကိုတော့ ဘယ်လိုမှမျိုးစပ်လို့ရမှာမဟုတ်ပါဘူး။ ထူးထူးခြားခြားမျိုးဖောက်ထားတဲ့ ရှားပါးနှစ်မျိုးစပ် တိရစ္ဆာန်တွေရှိပါတယ်။ မျိုးဗီဇသုတေသီတွေက ပိုကောင်းတဲ့ မျိုး ထွက်လာမလားဆိုပြီး စမ်းသပ်ကြည့်တာ ဒါမှမဟုတ် စပ်စုချင်တာသက်သက်ကြောင့်ဒီလိုနှစ်မျိုး စပ်တိရစ္ဆာန်အများစုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီလိုနှစ်မျိုးစပ်ဖြစ်စဉ်အများစုဟာ သဘာဝတောရိုင်းထဲမှာ ဖြစ်လေ့မရှိပါဘူး။ မျိုးစိတ်မတူပေမယ့် မျိုးဗီဇချင် တူနေတဲ့ တိရစ္ဆာန်နှစ်ကောင်ကို လှောင်အိမ်ကြီးထဲမှာ သီးသန့်ထည့်ထားမှသာဒီလိုဖြစ်စဉ်မျိုးဖြစ်လေ့ရှိတာပါ။ ဒါကြောင့်ထူးခြားလှတဲ့ ရှားပါးနှစ်မျိုးစပ်တိရစ္ဆာန်တွေက ဘာတွေလဲဆိုတာတင်ဆက်လိုက်ပါတယ်။

တိုင်ဂွန် (Tigon)
Tigon ( တိုင်ဂွန် ) ဆိုတာကတော့ ကျားအထီးနဲ့ ခြင်္သေ့မမိတ်လိုက်ရာက ဖြစ်ပေါ်လာတဲ့ နှစ်မျိုး စပ်တိရစ္ဆာန်ဖြစ်ပါတယ်။ တိုင်ဂွန်အထီးရဲ့လည်ဆံမွေးဟာ ခြင်္သေ့အထီးရဲ့လည်ဆံမွေးထက် သိသိသာသာကြီးတိုနေတတ်ပါတယ်။ တိုင်ဂွန်ရဲ့အမေ ခြင်္သေ့မမှာ လည်ဆံမွေးရှည်စေတဲ့ မျိုးဗီဇ နည်း ပါးတဲ့အတွက် တိုင်ဂွန်အထီးမှာ လည်ဆံမွေးတိုနေတာဖြစ်ပါတယ်။ တိုင်ဂွန်အမနဲ့ ခြင်္သေ့အထီး မိတ်လိုက်လို့ဖြစ်လာတဲ့ ဒုတိယမျိုးဆက်တိရစ္ဆာန်ကိုတော့ လစ်တီဂွန် (Litigon) လို့ခေါ်ပြီး လစ်တီဂွန်ဟာ အိန္ဒိယနိုင်ငံကတိရစ္ဆာန်ရုံတစ်ခုမှာ ၁၉၇၁ ခုနှစ်က ပထမဦးဆုံးအကြိမ်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ သူတို့နှစ်ကောင် မိတ်လိုက်ပြီး လစ်တီဂွန် ခုနစ်ကောင်မွေးခဲ့ပါတယ်။

ဇော့စ် (Zorse)
ဇော့စ် (Zorse) ဆိုတာကတော့ မြင်းနဲ့မြင်းကျား မိတ်လိုက်ရာကပေါ်လာတဲ့ နှစ်မျိုးစပ်တိရစ္ဆာန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇော့စ်ဟာတိုင်ဂွန်လိုမျိုး မျိုးမပွားနိုင်တဲ့အတွက် ဒုတိယမျိုးဆက်မရှိတော့ဘူးပေါ့။ ဇော့စ် ဖြစ်လာအောင် မျိုးစပ်ပြီး သားဖောက်တဲ့အလုပ်ကို လူတွေက (၁၉) ရာစုကတည်းက လုပ်လာတာပါ။ တောင်အာဖရိကမှာ စစ်ပွဲဖြစ်တော့သယ်ယူပို့ဆောင်ရေးအတွက် အသင့်တော်ဆုံး တိရစ္ဆာန်ဖြစ်လာအောင်ဆိုပြီး လူတွေက အဲဒီလို တမင်မျိုးစပ်လိုက်တာဖြစ်ပါတယ်။

လစ်ဂါ (Liger)
လစ်ဂါ ( Liger ) ဆိုတာကတော့ ကျားမနဲ့ ခြင်္သေ့အထီး မိတ်လိုက်ရာကပေါ်လာတဲ့နှစ်မျိုးစပ်သတ္တဝါဖြစ်ပါတယ်။ ကျားမနဲ့ခြင်္သေ့အထီးကို လှောင်အိမ်ထဲမှာ နှစ်ကောင်တည်း သီးသန့်ထားမှလစ်ဂါဆိုတာ ပေါ်လာတာဖြစ်ပါတယ်။ လစ်ဂါက သူ့မိဘနှစ်ကောင်လုံးထက် ကိုယ်လုံးကိုယ်ထည် သိသိသာသာကြီးထွားပါတယ်။ သူကတိုင်ဂွန်ထက်တောင် ကြီးထွားပါသေးတယ်။ တကယ်တော့ လစ်ဂါက ကမ္ဘာပေါ်မှာ ရှိရှိသမျှကြောင်မျိုးနွယ်ဝင်တွေထဲမှာ အကြီးထွားဆုံး ဖြစ်ပါတယ်။

Leopon (လီယိုပွန်)
လီယိုပွန် (Leopon ) ဆိုတာကတော့ ခြင်္သေ့မနဲ့ကျားသစ်အထီး မိတ်လိုက်လို့ ပေါ်လာတဲ့ နှစ်မျိုး စပ်သတ္တဝါဖြစ်ပါတယ်။ လီယိုပွန်ရဲ့ဦးခေါင်းက ခြင်္သေ့နဲ့တူပေမယ့် ကျန်တဲ့ကိုယ်ခန္ဓာကတော့ကျား သစ်နဲ့ပဲတူပါတယ်။ ခြင်္သေ့မနဲ့ကျားသစ်အထီးကို လှောင်အိမ်ထဲသီးသန့်ထည့်ထားမှပဲ လီယိုပွန်ဆိုတာ ဖြစ်လာနိုင်တာဖြစ်ပြီး သူ့သဘာဝအတိုင်း တောရိုင်းထဲမှာဆိုရင် မဖြစ်နိုင်ပါဘူး။

ဆဗားနားကြောင် (Savannah Cat)
ဆဗားနားကြောင် (Savannah Cat) ဆိုတာကတော့ အိမ်မွေးကြောင်နဲ့အာဖရိကန်တောကြောင်ကို မျိုးစပ်ထားတာဖြစ်ပါတယ်။ ထူးခြားတာကတော့ ဆဗားနားကြောင် Savannah Cat ရဲ့ အမူအ ကျင့်က ခွေးနဲ့ ပိုတူနေတယ်ဆိုတဲ့ အချက်ပါပဲ။ သူ့ကို ခွေးလိုပဲလည်ပတ်ချည်ပေးပြီး အပြင်ဘက် ထွက်ကျောင်းပေးလို့ရပါတယ်။ ဒါ့အပြင် သခင်ပစ်ပေးလိုက်တဲ့ပစ္စည်းတွေကို ခွေးတွေလိုသွားကောက်တတ်အောင်လည်း လေ့ကျင့်ပေးလို့ရပါသေးတယ်။ သူကလူစိမ်းလည်း မကြောက်တတ်ပါဘူး။ ဒါ့အပြင် တခြားကြောင်တွေ၊ ခွေးတွေနဲ့လည်း ရင်းနှီးလွယ်ပါတယ်။ နောက်တစ်ချက်ကတော့အမြင့်ကြီး ခုန်တတ်ပြီး သာမန်ကြောင်တွေလိုလည်း ရေမကြောက်တတ်ပါဘူး။

ဂရိုလာဘဲ ဒါမှမဟုတ် ပစ်ဇ်လီ (Grolar Bear or Pizzly)
ဂရိုလာဘဲ ဒါမှမဟုတ် ပစ်ဇ်လီလို့လည်း ခေါ်တဲ့ ရှားပါးဝက်ဝံကတော့ ဝက်ဝံအဖြူနဲ့ဝက်ဝံအညိုကို စပ်ထားတာဖြစ်ပါတယ်။ ပိုလာဘဲ Polar Bear ဆိုတဲ့ ဝက်ဝံအဖြူနဲ့ ဂရစ်ဇ်လီဘဲ (Grizzly Bear) ဆိုတဲ့ ဝက်ဝံအညိုစပ်ထားတဲ့ ဒီနှစ်မျိုးစပ်ရှားပါးဝက်ဝံကို ၂ဝဝ၆ ခုနှစ်ကမှ ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့တာပါ။ တခြားနှစ်မျိုးစပ်တွေလို လှောင်အိမ်ထဲမှာ သီးသန့်အထားခံရလို့ ပေါ် လာတာမဟုတ်ဘဲ တောရိုင်းသဘာဝထဲမှာဝက်ဝံအဖြူနဲ့ အညိုသူ့ဘာသာသူ မိတ်လိုက်ရင်းပေါ် လာတဲ့ နှစ်မျိုးစပ်ဖြစ်လို့ ဒီဖြစ်ရပ်ကိုသုတေသီတွေ လေ့လာနေကြတုန်းပါပဲ။

ဇွန်ကီ (Zonkey)
ဇွန်ကီ (Zonkey) ဆိုတာကတော့ မြည်းနဲ့ မြင်းကျားမျိုးစပ်ရာကပေါ်လာတဲ့ နှစ်မျိုးစပ်တိရစ္ဆာန်ပါ။ ရောဂါတွေကိုခံနိုင်ရည်ရှိတဲ့ မျိုးစိတ်ဖန်တီးချင်တဲ့အတွက် ပညာရှင်တွေက ၁၉၇၃ ခုနှစ်မှာ မြည်းတွေနဲ့မြင်းကျားတွေကို မျိုးစပ်လိုက်တာဖြစ်ပါတယ်။ ကုန်ပစ္စည်းလေးလေးလံလံတွေကို ဆွဲခိုင်းဖို့အတွက် ရောဂါဒဏ်ခံနိုင်ရည်ရှိမယ့် ဇွန်ကီကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ကို အာဖရိကမှာမျိုးဖောက်ပြီး ကင်ညာတောင်ခြေလျင်ခရီးကြမ်းမှာ သုံးပါတယ်။

ဝံပုလွေခွေး (Wolfdog)
ဒါကတော့ ဝံပုလွေနဲ့ အိမ်မွေးခွေးကို မျိုးစပ်ထားတာပါ။ ဝံပုလွေခွေးလို့ခေါ်တဲ့ Wolfdog ပေါ်နေတာအတော်ကြီးကိုကြာနေပါပြီ။ ဒီ နှစ်မျိုးစပ်တိရစ္ဆာန်ပေါ်နေတာ နှစ်ပေါင်း (၁ဝဝဝဝ) လောက်ရှိပြီလို့ပြနေတဲ့ သက်သေသာဓကရှိပါတယ်။ လက်ရှိကာလမှာတော့သူတို့ကို စစ်ခွေးအဖြစ် ဒါမှမ ဟုတ် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြပါတယ်။
#NPNews

Related news

© 2021. All rights reserved.