ဒေါ်လာဘီလီယံနှင့်ချီချမ်းသာပြီးမှ ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးလိုက်ရသူများ

680
ဝတီ (NP News) - စက်တင်ဘာ ၁၆
ဒေါ်လာဘီလီယံနဲ့ချီအောင်ရှာနိုင်၊ ဖွေနိုင်တိုင်း အဲဒီပိုင်ဆိုင်မှုတွေကိုမပျောက်ပျက်အောင်ထိန်းသိမ်းထားနိုင်တယ်လို့ တသမတ်တည်းပြောလို့မရပါဘူး။ ထိပ်တန်းသူ ဋ္ဌေးကြီးအဆင့်အထိရောက်အောင် သမာတဲ့နည်းနဲ့ဖြစ်စေ၊ မသမာတဲ့နည်းနဲ့ဖြစ်စေ လုပ်လာခဲ့ပြီးမှ အဲဒီပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးလိုက်ရတဲ့ ဘီလီယံနာသူဋ္ဌေးကြီးတွေ ရှိခဲ့ဖူးလို့ အခုလိုပြောရတာဖြစ်ပါတယ်။ ဒီတော့ သူတို့တွေဘယ်လိုနည်းနဲ့ကျိကျိ တက်ချမ်းသာလာကြပြီး အဲဒီကြွယ်ဝမှုတွေကို ဘယ်လိုဆုံးရှုံးလိုက်ကြရတယ်ဆိုတာ ကြည့်လိုက်ကြရပါအောင်ပါ။ သင်ဆိုရင်ကော ဒိတ်ဒိတ်ကြဲသူဋ္ဌေးကြီးဘဝကနေ ကုန်းကောက်စရာမရှိတဲ့ဘဝကို နေ့ချင်းညချင်း ရောက်သွားမယ်ဆိုရင် အဲဒီဒဏ်ကို ခံနိုင်ပါ့မလား။
ဘီဂျော်ဂေါ်ဖာဂပ်မတ်ဒ်ဆင် (Bjorgolfur Gudmundsson)
သူကတော့ အိုက်စ်လန်ဘီလျံနာသူဋ္ဌေးကြီးဖြစ်ခဲ့ဖူးသူပါ။ ဒါပေမဲ့ ၂ဝဝ၈ ခုနှစ်အိုက်စ်လန် စီးပွားရေးကျဆင်းမှုမှာ သူ့ပိုင်ဆိုင်မှု ဒေါ်လာ (၁ ဒသမ ၁ ဘီလီယံ) ဟာ ချက် ချင်းနေ့မြင်ညပျောက်ဖြစ်သွားရပါတော့တယ်။ ဖြစ်ပုံကဒီလိုပါ။ သူဟာဘဏ်ကြီးတစ်ခုမှာ အဓိကရှယ်ယာရှင်ဖြစ်ပြီး စီးပွားရေးကျဆင်းမှုကြောင့် ဘဏ်အခြေအနေလည်း မကောင်းရောသူ့ပိုင်ဆိုင်မှုတွေလည်း တန်ဖိုးထိုးကျသွားတော့တာပေါ့။ သူဟာ ဘဝအခြေအနေမြင့်မားတုန်းကဆိုရင် ဘောလုံးအသင်းကြီးတစ်ခုကိုပါဝယ်ထားပြီး ဘဝအခြေအနေလည်း ဇောက်ထိုးဖြစ်သွားရော အဲဒီဘောလုံးအသင်းကိုလည်းထုတ်ရောင်းလိုက်ရပါတော့တယ်။
ရှောင်ကွင် (Sean Quinn)
သူဟာ ၂ဝဝ၈ ခုနှစ်တုန်းကဆို ပိုင်ဆိုင်မှု ဒေါ်လာ (၆) ဘီလီယံရှိခဲ့ပြီးအိုင်ယာလန်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ နောက်သုံးနှစ်အကြာမှာပဲသူဟာ ဒေဝါလီခံလိုက်ရပါတော့တယ်။ သူကမိသားစုပိုင်ဆိုင်မှုရဲ့ (၂၅)ရာခိုင်နှုန်းကို အင်ဂလိုအိုင်းရစ်ရ်ှဆိုတဲ့ ဘဏ်မှာရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူကအဲဒီရင်းနှီးမြှုပ်နှံမယ့် ငွေကို သူ့ရဲ့အာမခံကုမ္ပဏီကနေချေးယူခဲ့တာပါ။ ဒါကြောင့်၂ဝဝ၈ ခုနှစ် စီးပွားရေးပျက်ကပ်မှာ အင်ဂလိုအိုင်းရစ်ရ်ှဘဏ်လည်း ပြိုလဲလုနီးပါးဖြစ်ရော ရှောင်ကွင်ဟာအ ကြွေးတွေ ဒေါ်လာဘီလီယံနဲ့ချီဖြစ်သွားပါတော့တယ်။ ဒါကြောင့်သူဟာ သူ့ကုမ္ပဏီကို လက်လွှတ်လိုက်ရပါတော့တယ်။ သူသာသူ့အာမခံကုမ္ပဏီကငွေကိုယူပြီး ဘဏ်မှာ မရင်းနှီး၊ မမြှုပ်နှံခဲ့ရင်၊ တိုင်းပြည်စီးပွားရေး အခြေအနေကိုသာအနီးကပ် သေ သေချာချာ စောင့်ကြည့်ခဲ့ရင် ဒီလို ကြွေပျက်သွားစရာ အကြောင်းမရှိပါဘူး။
ပက်ထရစ်ရှာကလပ်ဂ်ျ (Patricia Kluge)
ပက်ထရစ်ရှာကလပ်ဂ်ျဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖြစ်သူထိပ်တန်းသူဋ္ဌေးကြီး ဂျွန်ကလပ်ဂ်ျနဲ့ကွာရှင်းပြီးနောက်မှာ ဧက (၂ဝဝ) အကျယ်ရှိတဲ့ ခြံဝင်းကြီးထဲမှာဆောက်ထားတဲ့စံအိမ်ကြီးအပြင် တစ်နှစ်ဒေါ်လာတစ်သန်းလည်း ရခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂ဝ၁၁ ခုနှစ်မှာတော့ သူဟာဒေဝါလီခံလိုက်ရပါတယ်။ သူက ပိုင် ဆိုင်သမျှ ငွေကြေးဥစ္စာအားလုံးကိုသူ့အိမ်နားမှာရှိတဲ့ ဧက (၉၆ဝ) ရှိတဲ့ မြေပြင်ကျယ်ကြီးကိုဝယ်ပြီးရင်းနှီးမြှုပ်နှံလိုက်တာပါ။ ပြီးတော့ဝိုင်ထုတ်မယ်ဆိုပြီး အဲဒီမှာစပျစ်ခြံကြီးလုပ်ပစ်လိုက်ပါတယ်။ အိမ်ခြံမြေဈေးကွက်ပြိုကျမသွားခင်လေးမှာပဲ သူက အဲဒီလိုကြီး ဝယ်လိုက်မိတာဖြစ်ပါတယ်။ ဒါနဲ့ သူဟာအကြွေးတပုံကြီး တင်ပြီး အိမ်လည်းအသိမ်းခံလိုက်ရပါတော့တယ်။ စပျစ်ခြံကြီးကိုတော့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ဒေါ်နယ်ထရမ့်က ဒေါ်လာ (၆ ဒသမ ၂)သန်းနဲ့အဆမတန်ဈေးနှိမ်ပြီးဝယ်လိုက်ပါတယ်။
အယ်လန်စတန်းဖို့ဒ် (Allen Stanford)
အယ်လန်စတန်းဖို့ဒ်ဆိုတာကတော့ တစ်ချိန်က သိပ်နာမည်ကြီးခဲ့တဲ့ငွေရှင်ကြေးရှင်ကြီးဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ သူဟာ ထောင်နန်းစံနေရပါပြီ။ သူတည်ထောင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ကု မ္ပဏီကြီးဟာ ပွန်ဇီလိမ်ကွက် ( Ponzi Scheme )နဲ့ လိမ်စားနေတဲ့ လုပ်ငန်းဆိုတဲ့စွဲချက်ကြောင့် သူဟာထောင်ဒဏ်နှစ်ပေါင်း (၁၁ဝ)ချမှတ်ခံထားရတာဖြစ်ပါတယ်။ သူ့ကုမ္ပဏီဟာ ရင်းနှီးမြှုပ် နှံသူတွေဆီကနေ ဒေါ်လာဘီလျံတွေနဲ့ချီအောင် လိမ်ခဲ့တယ်လို့စွဲ ချက်က ဆိုပါတယ်။
ဗီဂျေမော်လ်ယာ (Vijay Mallya)
ဗီဂျေမော်လ်ယာဆိုတာကတော့ တစ်ချိန်က အိန္ဒိယစီးပွားရေးလောကမှာမော်ကြည့်ရဲသူ မရှိလောက်အောင်ကို အရှိန်အဝါကြီးခဲ့၊ ချမ်းသာခဲ့သူပါ။ ဘီလျံနာသူဋ္ဌေးကြီးဆိုတဲ့အတိုင်းပဲ သူဟာ ဇိမ်ခံပစ္စည်းတွေ အလျှံအပယ်သုံး၊ ပါတီပွဲကြီးတွေလည်း ခဏခ ဏလုပ်ပါတယ်။ အရက်လုပ်ငန်းနဲ့ ဘီလျံနာဖြစ်လာတဲ့သူဟာကင်းဖစ်ရှာ Kingfisher ဆိုတဲ့ အိန္ဒိယလေကြောင်းလိုင်းကိုလည်း ပိုင်ပါသေးတယ်။၂ဝ၁၂ ခုနှစ်မှာတော့ သူဟာ သူ့လေကြောင်းလိုင်းဆက်လည်ပတ်နိုင်ရေးအတွက် အိန္ဒိယဘဏ်တွေဆီကနေ ငွေတွေအများကြီးချေးခဲ့ပါတယ်။ ပြီးတော့ အဲဒီငွေတွေကိုပြန်မဆပ်ပါဘူး။ ဒီတော့ဘဏ်တွေက သူ့ဆီလိုက်လာတော့တာပေါ့။ ဒါပေမဲ့ သူကလွှတ်တော်အမတ်လည်း ဖြစ်နေတဲ့အတွက် သံတ မန်နိုင်ငံကူးလက်မှတ်ရှိနေပါတယ်။ ဒီနိုင်ငံကူးလက်မှတ်ကို သူ ကအကောင်းဆုံးအသုံးချပြီး ယူကေကိုထွက်ပြေးသွားပါတော့တယ်။ အခုတော့ သူ့ကိုအိန္ဒိယပြန်ပို့နိုင်ဖို့ ဘဏ်တွေကရော၊ အ စိုးရကပါ ကြိုးစားနေကြပါပြီ။ သူဟာ ဒေါ်လာ (၁ ဒသမ ၃)ဘီလီယံလိမ်လည်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ သူ့လေကြောင်းလိုင်းလည်း မရှိတော့ပါဘူး။
အဲလိဇဘက်သ်ဟုမ်းစ် (Elizabeth Holmes)
သွေးစစ်တဲ့နည်းလမ်းကို လုံးဝပြောင်းလဲပစ်လိုက်ပြီး Theranos (သရာနော့စ်)ဆိုတဲ့ သွေးစစ်ကုမ္ပဏီတည်ထောင်လိုက်တုန်းကဆို အဲလိဇဘက်သ်ဟုမ်းစ်ကိုလူတွေက ဝိုင်းချီးကျူးခဲ့ကြပါတယ်။လုပ်ငန်းအထွတ်အထိပ်ရောက်နေတုန်းကဆို သူ့ကုမ္ပဏီဟာတန် ဖိုးဒေါ်လာ(၉)ဘီလီယံအထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကုမ္ပဏီက ထုတ်ပေးတဲ့ သွေးစစ်ချက်ရလဒ်တွေဟာ အတော်ကြီးမတိကျဘူးဆိုတာ နောက်ပိုင်းမှာပေါ်လာပါတယ်။ ဒါနဲ့ပဲ သူဟာ ၂ဝ၁၈ ခုနှစ်မှာလိမ်လည်မှုနဲ့ စွဲချက်တင်ခံခဲ့ရပြီး အခုဆိုရင်သူ့ပိုင်ဆိုင်မှုဟာ သုည ဖြစ်နေပါပြီ။
အိုက်ခ်ဘက်တစ်တာ (Eike Batista)
၂ဝ၁၂ ခုနှစ်တုန်းကဆိုရင် သူဟာ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလျံ (၃ဝ) ကျော်ရှိခဲ့ပြီး ဘရာဇီးမှာအချမ်းသာဆုံးပုဂ္ဂိုလ်၊ ကမ္ဘာပေါ်မှာ ခုနစ်ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်လည်းရောက်ရော သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း (၂ဝဝ) ပဲကျန်တော့ပြီး ဆက်ကျပြီးရင်းကျလာလိုက်တာ ၂ဝ၁၄ ခုနှစ်လည်း ရောက်ရောအကြွေးပါတင်လာပါတယ်။ ဒေါ်လာဘီလီယံ (၃ဝ)ကျော်ဆိုတဲ့ ပိုင်ဆိုင်မှုဟာ နှစ်နှစ်တည်းအတွင်းမှာပဲ လုံးပါး ပါးသွားတော့တာပါ။ မိုင်းတွင်းလုပ်ငန်းနဲ့ ရေနံလုပ်ငန်းမှာအကြီး အကျယ်အရှုံးပေါ်တာကြောင့် သူဟာဒီလိုလူမွဲစာရင်း ဝင်သွားရတာဖြစ်ပါတယ်။
#NPNews