ကမ္ဘာပေါ်မှ အချောအလှ အပေါဆုံး (၁ဝ)နိုင်ငံ

 1364

ဝတီ (NP News) - စက်တင်ဘာ ၂၅
ချောတာလှတာကို မကြိုက်တဲ့လူရယ်လို့ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်းအချောအလှပေါတဲ့နိုင်ငံတွေဟာ ပိုပြီးလူ စိတ်ဝင်စားခံရတာပေါ့။ ဒါကြောင့် လှပျိုဖြူတွေအပေါဆုံးနိုင်ငံ (၁ဝ)နိုင်ငံက ဘယ်နိုင်ငံတွေလဲဆိုတာ ပြောပြသွားပါမယ်။

တူရကီ
လှပျိုဖြူတွေ အပေါဆုံးနိုင်ငံဆယ်နိုင်ငံထဲမှာ တူရကီလည်းပါပါတယ်။ တူရကီအမျိုးသမီးတွေဟာ မျက်နှာလေးတင် ကွက်လှနေတာမဟုတ်ဘဲခန္ဓာကိုယ်အချိုး အ စားလည်းလှတဲ့အပြင် သူတို့အလှဟာ မဟာလည်းဆန်ပါသေးတယ်။ တူရကီအမျိုး သမီးတွေ ဘယ်လောက်ချောလဲ၊ မချောလဲဆိုတာ သိချင်ရင်တော့ တူရကီဇာတ်လမ်းတွဲတွေ၊ တူရကီဇာတ်ကားတွေကိုသာ ကြည့်ကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ။

ဗြိတိန်
ဒီနေ့ခေတ် ဗြိတိသျှအမျိုးသမီးတွေဟာ လူမျိုးတွေစပ်ကုန်၊ ယဉ်ကျေးမှုတွေရောနှောကုန်ပြီး အသားအရောင်အမျိုးမျိုး၊ ရုပ်ရည်အမျိုးမျိုး ဖြစ်သွားကြပါပြီ။ သူတို့တွေဟာ ဆွဲဆောင်မှုရှိပြီး ပါးရိုးကျပုံလည်းလှတတ်ကြပါတယ်။ ပင်ကိုယ်အလှအပြင်စကားကြွယ်၊ ပညာတတ်၊ ယဉ်ကျေးပျူငှာတတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းအ ပြည့်ရှိတတ်ကြပါသေးတယ်။

ဖိလစ်ပိုင်
ဖိလစ်ပိုင်လူမျိုးတွေဟာ ခင်မင်စရာကောင်းတဲ့အပြင် ဖိလစ်ပိုင်နိုင်ငံရဲ့အထူးခြားဆုံးအချက်လည်းရှိနေပါသေးတယ်။ အဲဒါကတော့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီးလေးခုမှာ သရဖူတွေ အများဆုံးရထားတယ်ဆိုတဲ့ အချက်ပါပဲ။ ဖိလစ်ပိုင်အမျိုးသမီးတွေဟာ ပျော်ပျော်နေတတ်တဲ့အပြင် ချစ်ဖို့ကောင်းပြီး ကလေးတစ်ယောက်လိုအပြစ်ကင်းတဲ့အလှတရားမျိုးလည်း ရှိပါတယ်။

အမေရိကန် / ကနေဒါ
အမေရိကန်သူတွေဟာ ပျော်ပျော်နေတတ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်အပြည့်အဝရပ်တည်တတ်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းကောင်းကြီးဂရုစိုက်ထိန်း သိမ်းတတ်ပါတယ်။ အေးဆေးတည်ငြိမ်တတ်တာဟာ သူတို့ရဲ့ဆွဲဆောင်မှုတစ်မျိုးပါပဲ။ အမေရိကရောက်ရင် လမ်းပေါ်တစ်ချက်လှမ်းကြည့်လိုက်တာနဲ့စတိုင်ကျကျလှပနေတဲ့မိန်းမချောတွေ အများကြီးကို လက်ညှိုးထိုးမလွဲမြင်ရပါလိမ့်မယ်။ ဖက်ရှင်၊ အ လှအပ၊ သိပ္ပံနဲ့ နည်းပညာအပါအဝင် အရာရာမှာခေတ်ရှေ့ပြေးနေတဲ့အတွက် သူတို့ဟာကိုယ်နဲ့လိုက်ဖက်အောင် ဘယ်လိုဝတ်စားပြင်ဆင်လိမ်းခြယ်ရမယ်ဆိုတာ ကောင်း ကောင်းကြီးသိနေပြီး လှလှပပနေတတ်ကြတာပါ။ ကနေဒါသူနဲ့ အမေရိကန်သူကိုတော့ အဆင့်တစ်ခုတည်းမှာပဲအတူထားပြီး သတ်မှတ်လိုက်ပါတယ်။ နိုင်ငံချင်းကပ်လျက်ဖြစ်နေတော့အားကစားလိုက်စားတာချင်း၊ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်တာချင်းကလည်းတူနေကြတယ်လေ။ ကနေဒါအမျိုးသမီးတွေမှာလည်း အလှကိုယ်စီရှိကြပါတယ်။ သူတို့ဟာဖော်ရွေတတ်ကြပြီး မိတ်ဆွေဖွဲ့ရလွယ်ပါတယ်။

နယ်သာလန်
နယ်သာလန်သူတွေ ( ဒတ်ခ်ျအမျိုးသမီးတွေ ) ရဲ့ ပျမ်းမျှအရပ်အမြင့်ဟာ ၅ ပေ ၇ လက်မဖြစ်ပြီး သူတို့တွေဟာ ရွှေရောင်ဆံနွယ်ပိုင်ရှင်တွေပါ။ ဒါကြောင့်လည်း အချောအလှအပေါဆုံး နိုင်ငံဆယ်နိုင်ငံစာရင်းမှာ သူတို့ဟာ နံပါတ် (၆)နဲ့ ကောင်းကောင်းကြီးထိုက်တန်ပါတယ်။ သူတို့ဟာ အရေပြားတစ်ထောက်စာ အပေါ်ယံ အလှအပအပြင် အတွင်းစိတ်ထားလည်းလှကြပါတယ်။ ကိုယ်နဲ့မတူတဲ့အမြင်တွေကို တစ်ဖက်ပိတ်ငြင်းလေ့ မရှိဘဲ သေသေချာချာနားထောင်ပေးပြီး လက်သင့်ခံတတ်တဲ့အတွက် ပွင့်ပွင့် လင်းလင်းရှိပြီး စိတ်ထားလည်းလှတယ်လို့ ပြောရတာပါ။ ဒတ်ခ်ျအမျိုးသမီးတွေဟာ အရပ်ထောင်ထောင်မောင်းမောင်းတွေ ဖြစ်ပြီးညှို့ဓာတ်လည်း ရှိကြပါတယ်။ ပြီးတော့ အလှအပကို ဂရုတစိုက်ထိန်းသိမ်းတတ်ကြပါသေးတယ်။ ဒါကြောင့်လည်း နယ်သာလန်ဟာ လှပျိုဖြူတွေ အပေါဆုံးနိုင်ငံဆယ်နိုင်ငံစာရင်းထဲမှာ ပါနေတာပါ။

အီတလီ
အချောအလှတွေအကြောင်းပြောရင် အီတလီသူတွေ မပါလို့မဖြစ်ပါဘူး။ သူတို့ဟာ ဖက်ရှင်ကျ၊ စတိုင်ကျတဲ့အပြင် မိတ်ကပ်အပြင်အဆင်မှာလည်း သိပ်ခေတ်မီပါတယ်။ အီတလီသူတွေရဲ့ မျက်လုံးညိုညိုတွေဟာ စူးရှရှရှိလှပြီး သွားလာလှုပ်ရှားတဲ့နေရာမှာလည်း သူတို့က ကျော့ကျော့မော့မော့၊ လှလှပပ သွားလာလှုပ်ရှားတတ်ပါတယ်။ အပြင်အဆင်၊ အသွားအလာမှာပါ စတိုင်ကျတဲ့အတွက် အီတလီမှာ မျက်စိပသာဒဖြစ်စရာအချောအလှတွေ ပေါနေတော့တာပါ။ အသားအရေက ညိုညက်တောက်ပကြည် လင်နေပြီး ဆံပင်အရောင်ကလည်း အညိုရောင်ဆိုတော့ အီတလီသူတွေက လှချင် တိုင်းလှနေကြတော့တာပေါ့။ ဖက်ရှင်အမြင်လည်းရှိတဲ့အပြင် စကားပြောရင်လည်းဝဲဝဲလေးဆိုတော့ အီတလီသူတွေဟာ ပိုလို့တောင် ချစ်ချင်စရာ ကောင်းနေပါတော့တယ်။

ဗင်နီဇွဲလား
နိုင်ငံတကာအဆင့် အလှမယ်ပြိုင်ပွဲကြီးတွေမှာ သရဖူခဏခဏဆွတ်ခူးနေတဲ့ မိန်းမချောလေးတွေကတော့ ဗင်နီဇွဲလားသူတွေပါပဲ။ သူတို့ဟာ အရပ်အမောင်းကောင်းကြပြီး ခန္ဓာကိုယ်ကလည်း နွဲ့နွဲ့နှောင်းနှောင်း ပိန်ပိန်သွယ်သွယ်လေးတွေပါ။ ဒါကြောင့်လည်း ဗင်နီဇွဲလားသူတွေဟာ နှစ်တိုင်းအဲဒီပြိုင်ပွဲကြီးတွေမှာ ထိပ်ဆုံးအဆင့်အထိ တက်လေ့ရှိပါတယ်။ မယ်စကြာဝဠာ( Miss Universe ) နဲ့ မယ်ကမ္ဘာ ( Miss World ) ဆုတွေကိုဗင်နီဇွဲလားသူတွေက အများဆုံးဆွတတ်ခူးထားတာပါ။ ဒါကြောင့်လည်း သူတို့ဟာလှပျိုဖြူအများဆုံးဆယ်နိုင်ငံစာရင်းမှာ ထိပ်ပိုင်းက ပါနေတာဖြစ်ပါတယ်။

ရုရှား
ရုရှားသူတွေရဲ့အလှဟာ အနောက်တိုင်းသူတွေနဲ့ အရှေ့တိုင်းသူတွေ ပေါင်းစပ်ထားတဲ့ အလှတရားမျိုးပါ။ သူတို့ဟာ အရပ်မြင့်ကြပြီး ဆံပင်တွေကလည်း ရွှေရောင်ဖြစ်နေတဲ့အပြင်အသားအရေလည်း လှကြပါတယ်။ ဒါ့အပြင် မျက်လုံးပြာပြာ၊ ခန္ဓာကိုယ်အချိုး အစားလှလှကလည်းသူတို့ရဲ့ ရှိရင်းစွဲအလှကို အားဖြည့်ပေးနေတာကြောင့် အလှပေါ်အယဉ်ဆင့်နေတော့တာပေါ့။

ယူကရိန်း
ယူကရိန်းနဲ့ ရုရှား အတူတူပဲလို့ ဆိုလို့ရလောက်ပေမယ့် ယူကရိန်းသူတွေကပိုလှပါတယ်။ ယူကရိန်းသူတွေဟာ ညှို့ဓာတ်ရှိတဲ့အပြင် ချစ်ဖို့လည်း ကောင်းနေပြန်ပါသေးတယ်။ ယူကရိန်းသူတွေ ဘယ်လောက်လှသလဲဆိုတာ ဥပမာပြရရင်တော့ကမ္ဘာကျော်မင်းသမီး မီလာကူးနစ် Mila Kunis ကိုပဲကြည့်ပါ။

ဘရာဇီး
ဘရာဇီးသူတွေဟာ အားကစားလိုက်စားတယ်၊ အသားအရေ ညိုညက်တောက်ပတယ်၊ ခန္ဓာကိုယ်ကောက်ကြောင်းလှတယ်ဆိုပြီး ကမ္ဘာကျော်ပါတယ်။ ဘရာဇီးသူတွေဟာညိုချောဖြစ်ဖြစ်၊ ဖြူချောဖြစ်ဖြစ် သူတို့မျက်နှာက နှစ်ခါပြန်၊ သုံးခါပြန်ငေးကြည့်ရလောက်တဲ့ မျက်နှာမျိုးတွေပါ။ ဒါကြောင့်လည်း ကမ္ဘာ့ထိပ်တန်းမော်ဒယ်တွေထဲမှာ ဘရာဇီးသူတွေ ပါနေတာပေါ့လေ။ ကမ္ဘာကျော်အမှတ်တံဆိပ်တွေအတွက် သူတို့တွေ ကြော်ငြာပေးနေရတာလည်း အခုထက်ထိပါပဲ။ ဘရာဇီးသူ အချောအလှကို တစ်ခါမြင်ဖူးလိုက်ပြီဆိုရင် အိပ်မက်ထဲထိပါစွဲသွားပါလိမ့်မယ်။ ဒါကြောင့် ဘရာဇီးဟာ ကမ္ဘာပေါ်မှာ အချောအလှအပေါဆုံး နံပါတ်တစ်နိုင်ငံ ဖြစ်နေပါတော့တယ်။
#NPNews

Related news

© 2021. All rights reserved.