အမေရိကန်နှင့်စင်ကာပူတို့က မြန်မာပြည်သူများလက်ရှိရင်ဆိုင်နေရသည့်အခက်အခဲများအပေါ်အလွန်အမင်းစိုးရိမ်နေပြီး ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန် နိုင်ငံတကာကို UNအကြီးအကဲတိုက်တွန်း

 949

ဂျန်ဇက် (NP News) - စက်တင်ဘာ ၃ဝ
အမေရိကန်နိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့က မြန်မာပြည်သူများလက်ရှိရင်ဆိုင်နေရသည့်အခက်အခဲများအပေါ်အ လွန်အမင်းစိုးရိမ်နေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကထုတ်ဖော်ပြောဆိုခဲ့ပြီး ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကလည်း နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာခဲ့သည့် နိုင်ငံရေးအခက်အခဲများကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရမည်ဟု တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံရှိဘင်္ဂါလီမွတ်စလင်များနှင့် အခြားလူမျိုးစုများ၏ လူ့အခွင့်ရေးအခြေနေစာတမ်းဖတ်ရာတွင် ကုလသမ ဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံရေးအခြေနေနှင့်ပတ်သက်ပြီးတိုက်တန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဂူတာရက်စ်က မြန်မာနိုင်ငံတွင်အာဏာသိမ်းလိုက်ခြင်းကြောင့် အခက်အခဲများပိုမိုတိုးလာမည်ကို စိုးရိမ်ကြောက်ရွံ့မိကြောင်း၊ နိုင်ငံတကာနှင့်ဒေသအတွင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရှိအောင် ကူညီတုံပြန်ပေးရမည်ဖြစ်ကြောင်းပြောသည်။

ထို့ပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်သူများ ရင်ဆိုင်နေရသည့်စီးပွားရေး အခက်အခဲနှင့်စိန်ခေါ်မှုများအပြင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် မြန်မာနိုင်ငံအတွက် အခက်အခဲများစွာဖြစ်စေနိုင်သည့် သက်ရောက်မှုများဖြစ်နေကြောင်းပြောသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေနေနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ်ဆွေးနွေးခဲ့ကြောင်းသိရသည်။ မြန် မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲမှုနှုန်းမြင့်တက်လာခဲ့သည့်အပြင် နိုင်ငံရေးမတည်ငြိမ်မှုများစွာဖြစ်နေရာ အကြမ်းဖက်တိုက်ခိုက်မှုများလည်းဖြစ်ပွားလျက်ရှိနေပြီး အဆိုပါအခြေအနေများကို စင်ကာပူနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က စိုးရိမ်မိနေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက "မြန်မာပြည်သူတွေ၊ နိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးလောကခေါင်းဆောင်တွေဟာတိုင်ပင်ဆွေးနွေးဖို့လိုအပ်တယ်။ အနာဂတ်အတွက်အပြန်အလှန်ယုံကြည်မှုတွေရအောင် ဆွေးနွေးရမှာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးမှုလုပ်အောင်အားပေးနိုင်ဖို့ကြိုးစားမှာပါ။ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ဆွေးနွေးရေးလမ်းကြောင်းကိုရောက်ရှိအောင်တွန်းပို့မှာပါ" ဟု ပြောသည်။ မြန်မာနိုင်ငံတွင်အာဏာသိမ်းပြီးနောက်ပိုင်းအ ခြေနေများတိုးတက်ကောင်းမွန်လာသည့် ပုံစံမျိုးမတွေ့မြင်ရကြောင်း၊ အာဆီယံအနေဖြင့်လည်း မြန်မာ့နိုင်ငံရေး အခက်အခဲများကို ဖြေရှင်းနိုင်ရေးကူညီနိုင်ရန် ကြိုးစားပေးနေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြော သည်။
#NPNews

Related news

© 2021. All rights reserved.