ပထမဆုံးဖွင့်လှစ်လိုက်သည့် မြေအောက်လမ်းကူးလူသွားဥမင်သည် မြေအောက်ရထားလမ်းဖော်ဆောင်ရန် ကနဦးခြေလှမ်းအစဖြစ်ဟုဆို

1839

NP News - အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမကြီးတွင် ပထမဆုံးဖွင့်လှစ်သည့် မြေအောက်လမ်းကူး လူသွားဥမင်သည် မြေအောက်ရ ထားလမ်း အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းများ၏ ကနဦးခြေလှမ်းအစဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ (၇) ရက်က ကျင်းပသည့် အဆိုပါဥမင်ဖွင့်ပွဲသို့ တက်ရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့အတွင်း လူဦးရေနှင့် ပို့ဆောင်ဆက်သွယ်ရေးယာဉ်အရေအတွက် တိုးပွားလာလျက်ရှိပြီး လမ်းဧရိယာများအားတိုးချဲ့ရန် မဖြစ်နိုင်သည့်အတွက် နှစ်ထပ်လမ်း ကြောင်းများ၊ မြေအောက်ဥမင်လမ်းကြောင်းများအား မဖြစ်မနေလုပ်ဆောင်ရန် လို အပ်ကြောင်းလည်း ယင်းကပြောသည်။
“ အခုလို မြေအောက်လမ်းကူးလူသွားဥမင်ကို တည်ဆောက်ဖွင့်လှစ်လိုက်တာက မြအောက်ရထားလမ်း အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းတွေရဲ့ ကနဦး ခြေ လှမ်းအစဖြစ်ပါတယ် ” ဟု ယင်းကပြောသည်။
အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်တွင် ဈေးဆိုင်ခန်းများပါဝင်သည့် မြေ အောက်လမ်းကူးလူသွားဥမင် (Underpass) အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် (၁၁)ပေ၊ အကျယ် (၄ဝ) ပေ၊ မြေအောက်အနက် (၁၅) ပေ (၃) လက်မရှိကြောင်း၊ ပင်မဥမင်စုစုပေါင်းအလျား (၄၂၇) ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် (၄) ခု ပါဝင်ကာ တစ်နာရီလျှင် လူဦးရေ (၆ဝဝဝ)ခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။ မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အတွင်း ရွေ့လျားစက်လှေ ကား(၃)စင်း၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား (၂) စင်း ထည့်သွင်းတည်ဆောက်ထားပြီး ဈေးဆိုင်ခန်း စုစုပေါင်း (၁၈) ခန်း ထည့် သွင်းတည်ဆောက်ထားကြောင်း၊ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ အရေးပေါ်အခြေ အနေကယ်ဆယ်ရေး၊ လုံခြုံရေးဆိုင်ရာ sensor များ၊ ကင်မရာများတပ်ဆင်ထားရှိကြောင်း သိရသည်။
#NPNews