မြန်မာပြည်သူတွေအတွက် Speak out လုပ်ခဲ့တဲ့ ကမ္ဘောဒီးယားအလှမယ် Miss Grand Cambodia 2021 Winner ဆုရရှိ

1122

NP News - အောက်တိုဘာ ၁ဝ
အောက်တိုဘာလ(၉) ရက် ညပိုင်းက ကမ္ဘောဒီယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand Cambodia 2021 Final Show မှာ အလှမယ် Sothida Pokimtheng ဟာ Winner ဆုကို ထိုက်တန်စွာရရှိခဲ့တာဖြစ်ပြီး သူမဟာ Grand Final စင်မြင့်ထက်ကနေ မြန်မာပြည်သူတွေနဲ့ မြန်မာ့နိုင်ငံရေးအကြောင်းကို ထပ်မံ၍ Speak out လုပ်ခဲ့တာ လည်းဖြစ်ပါတယ်။
Miss Grand Cambodia 2021 Winner ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အလှမယ် Sothida Pokimtheng ဟာ ကမ္ဘောဒီး ယားနိုင်ငံက မင်းသမီးတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ရုံမက ဗမာဘာသာစကားကိုပါ ပြောဆိုနိုင်တာကြောင့် မြန်မာပရိတ်သတ်များရဲ့ အားပေးမူ့ကို တခဲနက်ရရှိထားသူလည်း ဖြစ်ပါတယ်။
"(၆) နှစ်လုံးလုံး ရုန်းကန်ခဲ့ရတဲ့နေ့ဟာ အောင်မြင်သွားခဲ့ပါပြီ။ ကျွန်မရဲ့ခေါင်းထပ်မှာ သရဖူကိုလည်း ဆောင်း နိုင်ခဲ့ပါပြီ။ ဒီသရဖူကို ရဖို့အတွက် ရုန်းကန်ခဲ့ရသလို ရုန်းကန်ကြိုးစားမှုကို စွန့်လွှတ်ဖို့ ကျွန်မအနေနဲ့ မစဉ်းစားခဲ့မိပါဘူး။ အထူးသဖြင့် မိဘများနဲ့ ပရိတ်သတ်များအားလုံးရဲ့အောင်ပွဲဖြစ်ပြီး ကမ္ဘောဒီးယားပြည်သူ အားလုံးအတွက် တကယ်ကိုစိတ်လှုပ်ရှားမိပါတယ်။ ကျွန်မဟာ Miss Kim Cambodia 2021 ရဲ့ Miss Po Kim Theng Sothida ပါ၊ ဒီဂုဏ်နဲ့ရာထူးကို Miss Cambodia နဲ့လိုက်လျောညီထွေဖြစ်အောင် ငါကတိပေးတယ်၊ ငါက ကမ္ဘောဒီးယားကိုဂုဏ်ယူတယ်” လို့ Miss Grand Cambodia 2021 Winner ဆုရှင် အလှမယ် Sothida Pokimtheng က သူမရဲ့လူမှုကွန်ရက်ကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

Sothida ဟာ ၂ဝ၁၉ ခုနှစ်က မော်ဒယ်ပိုင်တံခွန်နဲ့အတူ Cambodia Myanmar ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ The Clock Red Wall (သွေးစွန်းသောနံရံ) ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး ကမ္ဘောဒီးယား ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပြီး ရိုက်ကူးရေးအတွက်လည်း မြန်မာ ပြည်မှာ ရီဟာဇယ်လုပ်ပြီးသားဖြစ်တယ်လို့ သိရပါတယ်။
သို့သော် ကိုဗစ်ကူးစက်မှုအခြေအနေ တွေကြောင့် ရိုက်ကူးရေးကိုလည်း ရပ်နားခဲ့ရတာဖြစ်ကာ နောက်ပိုင်းမှာ လည်း မြန်မာနိုင်ငံရေးပြဿနာတွေအတွင်း မော်ဒယ်၊ မင်းသား ပိုင်တံခွန်ပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ကြောင့်လည်း အဆိုပါဇာတ်ကားဟာ ကာလရှည်ကြာ ရပ်နားထားရတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သူမဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားကတည်း မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်သူများအတွက် သူမကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ရက်တွေကနေတဆင့် Speak out လုပ်ပေးခဲ့သူဖြစ်ပြီး ပိုင်တံခွန် ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာလည်း “ ကိုပိုင် ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့် အမြန်ဆုံးလွတ်မြောက်ပါစေ။ ဘေးကင်းပါစေ” လို့ ဆုတောင်းစကားဖော်ပြခဲ့ဖူးပါတယ်။
Sothida ဟာ မကြာမီ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်တော့မယ့် Miss Grand International 2021 ပြိုင်ပွဲကြီးမှာ ကမ္ဘာဒီးယားနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။
#NPNews