ယခုထက်ထိတိုင် အဖြေရှာမရနိုင်သေးသည့် လေယာဉ်ပျောက်ဆုံး၊ ပျက်ကျမှုများ

764
ဝတီ (NP News) - အောက်တိုဘာ ၁၃
ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ခရီးသည်လေယာဉ်ကြီးတွေပျောက်ခြင်းမလှပျောက်ဆုံးသွားမှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပါတယ်။ ဧရာမလေယာဉ်ကြီးတွေ ဘယ်လိုကြောင့်အဲဒီ လို ပျောက်ခြင်းမလှ ပျောက်သွားရတာလဲဆိုတာ လူတွေအားလုံး သိချင်လာကြပါ တယ်။ ဒါပေမဲ့ဒီလိုမျိုးအဖြစ်အပျက်တွေဟာ သမိုင်းတစ်လျှောက်လုံးမှာကြိုကြားကြိုကြားရှိခဲ့တာချည်း ပါပဲ။ ဒါကြောင့်လေကြောင်းသမိုင်းတစ်လျှောက်ထူးထူးခြား ခြားဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်တချို့ကို စုစည်းတင်ဆက်လိုက်ပါတယ်။ တချို့ဖြစ်ရပ်တွေဟာဆိုရင် လူတွေထင်ထားတာထက်တောင် ပိုပြီးအံ့သြစရာကောင်းနေပါသေးတယ်။ ဘယ်လိုတွေ အံ့သြစရာကောင်းနေလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။
၁၉၇၉ ခုနှစ်တွင် Boeing လေယာဉ်ကြီး ပျောက်ဆုံးသွားမှု
ဟုတ်ပါတယ်။ ၁၉၇၉ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်မှာ Boeing လေယာဉ်ကြီးတစ်စင်းဟာ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးပျံသန်းနေတုန်းမှာ ကြမ္မာငင်သွားခဲ့ပါတယ်။ တိုကျိုကနေ ထွက်ခွာလာအပြီး မိနစ် (၃ဝ) လောက်အကြာမှာပဲ လေယာဉ်ဟာပျောက် ခြင်းမလှပျောက်သွားတော့တာပါ။ လေယာဉ်အမှုထမ်း ခြောက်ယောက်လိုက်ပါလာတဲ့ အဲဒီလေယာဉ်ဟာ ဒေါ်လာ (၁.၄) သန်းတန်ပန်းချီကားတွေတင်ဆောင်လာပြီး ရီယိုဒီဂျနဲရိုးမြို့ကို ဦးတည်ပျံသန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အဲဒီလေယာဉ်ဟာ ရီယိုဒီဂျနဲရိုးမြို့ကို ဘယ်တော့မှရောက်မလာပါဘူး။ ဒီကနေ့အထိအဲဒီလေယာဉ်နဲ့ပတ် သက်တဲ့ သဲလွန်စလေး တစ်စွန်းတစ်စတောင် မရသေးပါဘူး။
အမေရိကန်စစ်သားများကို တင်ဆောင်လာသည့် လေယာဉ်ပျောက်ဆုံးသွားမှု
အမေရိကန်စစ်သား (၉၃)ယောက်နဲ့ ဗီယက်နမ်နိုင်ငံသား သုံးယောက်လိုက်ပါလာတဲ့ လေယာဉ်ဟာ လေတပ်အခြေစိုက်စခန်းတစ်ခုကနေ ထွက်ခွာလာခဲ့ပေမယ့် ၁၉၆၂ ခုနှစ် မတ်လ (၁၆)ရက်မှာတော့ ပျောက်ဆုံးသွားပါတော့တယ်။ လေယာဉ်ပျံတက်အ ပြီး မိနစ်(၈ဝ) အကြာမှာ လေယာဉ်မှူးက ဆက်သွယ်သေးပေမယ့် နောက်တစ်နာရီကြာတော့ ထပ်မဆက်သွယ်တော့ပါဘူး။ လေယာဉ်ပေါက်ကွဲသွားတာ မြင်လိုက်တယ်လို့ လူတချို့ကဆိုခဲ့ကြပေမယ့် အပျက်အစီးအပိုင်းအစ တစ်ခုမှလည်းမကျန်ခဲ့ပါဘူး။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရှစ်ရက်လုံးလုံးပိုက်စိပ်တိုက်လိုက်ရှာခဲ့တာတောင် ဘာသဲလွန်စမှရှာမတွေ့ခဲ့တာပါ။
ဗုံးကြဲလေယာဉ်ကြီး ပျောက်ဆုံးသွားမှု
B-47 ဗုံးကြဲလေယာဉ်ကြီးဟာ တိုင်းတစ်ပါးက လေတပ်စခန်းတစ်ခုကိုသွားရမှာပါ။ ဒါပေမဲ့ နျူကလီးယားကက်ပ်ဆူးလ် နှစ်ခုတင်ဆောင်လာတဲ့ အဲဒီလေယာဉ်ကြီးဟာ ၁၉၅၆ ခုနှစ်မှာ မြေထဲပင်လယ်ကို ဖြတ်ပျံသန်းရင်းပျောက်သွားပါတော့တယ်။ သက် ဆိုင်ရာက ရှာဖွေရေးလုပ်ငန်းတွေအကြီးအကျယ်လုပ်ခဲ့သေးပေမယ့် အဲဒီလေယာဉ်ရော၊ လေယာဉ်ဝန်ထမ်းတွေရော၊ နျူကလီးယားကက်ပ်ဆူးလ်ကိုပါ ဒီနေ့ထက်ထိ ရှာမတွေ့သေးပါဘူး။
Boeing 727 လေယာဉ်ကြီး ပျောက်ဆုံးမှု (သို့) အခိုးခံရမှု
Boeing 727 လေယာဉ်ကြီးဟာ လေယာဉ်ထွက်ခွင့်မရဘဲပြေးလမ်းပေါ်ပြေးလာပြီး မီးတွေအကုန်ပိတ်ပြီး လေထဲပျံတက်သွားပါတယ်။ လေယာဉ်က အန္တာလန်တိတ်သမုဒ္ဒရာရှိတဲ့ဘက်ကို ဦးတက်ပျံသန်းသွားတာပါ။ လေယာဉ်အင်ဂျင်နီယာတစ်ယောက်နဲ့ စက်ပြင်တစ်ယောက် လေယာဉ်ပေါ် ပါသွားကြပါတယ်။ လေယာဉ်ပြင်ဖို့တာဝန်ကျနေချိန်မှာ အဲဒီနှစ်ယောက်က လေယာဉ်ကို ခိုးသွားတယ်လို့ ယူဆရပါတယ်။ လေယာဉ်ကိုရော၊ အဲဒီလူနှစ်ယောက်ကိုပါအခုထက်ထိ ပြန်မတွေ့သေးပါဘူး။ ဒီအံ့ဖွယ်ဖြစ်ရပ်ဟာ ၂ဝဝ၃ ခုနှစ် မေလမှာ အန်ဂိုလာမှာ ဖြစ်ပွားခဲ့တာပါ။
Boeing 747 လေယာဉ်ကြီး ပျက်ကျမှု။
ဂျေအက်ဖ်ကေလေဆိပ်ကနေ ထွက်ခွာလာတဲ့ Boeing 747 လေယာဉ်ကြီးဟာ ပါရီမြို့ကို ဦးတည်ပျံသန်းခဲ့ပါတယ်။ ပိုပြီးမြင့်မြင့်ပျံတက်ဖို့ ခွင့်ပြုချက်ရလိုက်တဲ့အချိန်
လေးမှာတင်ပဲ လေယာဉ်ဟာ ရုတ်တရက်ပေါက်ကွဲထွက်သွားပါတော့တယ်။ လေ ယာဉ်ပေါ်မှာ ရေနံဆီတွေလည်း အများကြီးပါလာတာကြောင့် လေယာဉ်ပေါ်က
လူ (၂၃ဝ) လုံးဟာ လေထဲမှာပဲ ပွဲချင်းပြီး သေဆုံးသွားကြရပါတော့တယ်။ အထူးဆန်းဆုံးကတော့ ဘာလက်စလက်နမှမကျန်ခဲ့တာပါပဲ။ လေယာဉ်ဒီလိုဖြစ်သွားအောင်ဘယ်သူလုပ်လိုက်တာလဲ၊ ဘယ်သူကလေယာဉ်ကို ပစ်ချလိုက်တာလဲဆိုတာ
အခုထက်ထိ တရားခံမပေါ်သေးပါဘူး။
အမျိုးသမီးလေယာဉ်မှူး အမ်မလီယာအာဟတ် ပျောက်ဆုံးမှု
အမျိုးသမီးလေယာဉ်မှူး အမ်မလီယာအာဟတ်ဟာ အမေရိကန်ပြည်ထောင်စုမှာအ တော်နာမည်ကြီးခဲ့ပါတတယ်။ ဒါပေမဲ့ ၁၉၃၇ ခုနှစ်မှာ သူနဲ့တခြားလူတစ်ယောက်
လိုက်ပါသွားတဲ့ လေယာဉ်လေးဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံနေတုန်းမှာပဲပျောက် သွားပါတော့တယ်။ လေယာဉ်ပျောက်သွားတဲ့သတင်းကိုလည်းကြားရော အမေရိ ကန်ရေတပ်ရော၊ ကမ်းခြေစောင့်တပ်ကပါ လေကြောင်းနဲ့ရော၊ ရေကြောင်းကပါ သေသေချာချာပိုက်စိပ်တိုက် လိုက်ရှာခဲ့ကြသေးပေမယ့် ဘာသဲလွန်စလေးမှရှာမတွေ့ဘဲလက်ဗလာနဲ့ပဲ ပြန်လာခဲ့ကြရပါတယ်။
ဒီဘီ ကူးပါး
၁၉၇၁ ခုနှစ်မှာ ဒီဘီကူးပါးဆိုတဲ့ လူတစ်ယောက်ဟာ Boeing လေယာဉ်ကြီးတစ်စီးကို လုယက်အပိုင်စီးလိုက်ပြီး ဒေါ်လာနှစ်သိန်းလည်းရရော လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချသွားပါတော့တယ်။ သူ့ကိုသက်ဆိုင်ရာအာဏာပိုင်အဖွဲ့က ရေကုန်ရေ ခန်း လိုက်ရှာကြသေးပေမယ့်ဘာသဲလွန်စမှ မရကြပါဘူး။ ဒီလောက်အမြင့်ကြီးကနေ ခုန်ချတာဆိုတော့အသက်ရှင်နိုင်စရာအကြောင်းမရှိဘူးလို့ပဲ စုံစမ်းစစ်ဆေးရေးမှူးတွေက ကောက်ချက်ချလိုက်ပါတယ်။
ဘရာဇီးလေကြောင်းလိုင်းပိုင် လေယာဉ်ပျောက်ဆုံးမှု
ဘရာဇီးလေကြောင်းလိုင်းပိုင်တဲ့ လေယာဉ်တစ်စီး ၁၉၄၆ ခုနှစ်မှာပျောက်သွားတဲ့ကိစ္စကတော့ ကမ္ဘာ့လေကြာင်းရာဇဝင်မှာ အထူးတကာ့အထူးဆန်းဆုံးဖြစ်ရပ်ပါပဲ။ လေယာဉ်ပျောက်သွားတာ မထူးဆန်းလှပေမယ့် ပျောက်သွားအပြီး (၄၇)နှစ်အကြာမှာ အဲဒီလေယာဉ်ဟာ ကိုလမ်ဘီယာနိုင်ငံက ဘိုဂိုတာလေဆိပ်မှာပြန်ပေါ်လာပါတယ်။ ဒီ့ထက်ထူးဆန်းတာကတော့ လေယာဉ်ပေါ်မှာ လူ့အရိုးစုတွေပါလာတာပါပဲ။ ဒါ့အပြင် ကော်ဖီပူတစ်ခွက်နဲ့ ခေတ်ဟောင်းသတင်းစာတစ်စောင်လည်းပါလာပါသေးသတဲ့။ ၁၉၄၆ ခုနှစ်မှာ ဒီလေယာဉ်ဘာဖြစ်သွားတာလဲ၊ ဒါတွေဟာ ဘယ်သူ့လက်ချက်လဲဆိုတဲ့ မေးခွန်းတွေအတွက်တော့ အခုထက်ထိအဖြေမရှိသေးပါဘူး။
#NPNews