တပ်ကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား

 706

ရဲပြည့် (NP News) - အောက်တိုဘာ ၁၇
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အောက်တို ဘာလ(၁၆)ရက်က ဗုံးတစ်လုံးဖောက်ခွဲခဲ့ကြောင်း နေပြည်တော် PDF အဖွဲ့က ထုတ်ပြန်ခဲ့သော် လည်း စစ်ကောင်စီဘက်က တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ စပါးနှံလမ်းရှိ ကျားမင်းဆန် စက်ဘေးတွင် အောက်တိုဘာလ(၁၆)ရက် ညနေ(၆)နာရီခွဲခန့်တွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရှိရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော သံဘောစေ့အချို့အားတွေ့ရှိရပြီး လူနှင့်အဆောက်အဦးများ ထိခိုက်မှုမရှိကြောင်း အောက်တိုဘာလ (၁၇) ရက်တွင် ထုတ်ပြန်လိုက်သည်။ လက်ရှိတွင် လက်လုပ်မိုင်းဖောက်ခွဲခဲ့သည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုအား နေပြည်တော် PDF အဖွဲ့က သတိပေးဖောက်ဖွဲခဲ့ခြင်းဖြစ်ကြောင်းဝန်ခံထားပြီး စစ်ကောင်စီရုံးစိုက်ရာဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်း နှစ်ရက်ဆက်ဖောက် ခွဲတိုက်ခိုက်ခြင်းဖြစ်ကာ နေပြည်တော် PDF အဖွဲ့၏ (၁ဝ)ကြိမ်မြောက်တိုက်ခိုက်ခြင်းလည်းဖြစ် ကြောင်း သိရသည်။ အလားတူ အောက်တိုဘာလ(၁၅)ရက် ညပိုင်းကလည်း ပျဉ်းမနားမြို့နယ် ရွှေချီ (၆)လမ်းရှိ စစ်တပ်ပိုင်သည့် မြဝတီဘဏ်အတွင်း ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အစောင့်တပ် သား(၂)ဦးသေဆုံးခဲ့ကြောင်း နေပြည်တော် PDF အဖွဲ့မှထုတ်ပြန်ထားသည်။
#NPNews

Related news

© 2021. All rights reserved.