နိုင်ငံ့ဝန်ထမ်း(၂)လစာ ပြန်လည်ပေးဆပ်ရန်ကာလကို (၂)နှစ်ခွဲအထိတိုးမြှင့်လိုက်ကြောင်း သတင်းများထွက်ပေါ်

 1114

NP News - အောက်တိုဘာ ၁၉
နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များကို လစာ(၂)လစာ ကြိုတင်ထုတ်ပေးခဲ့သည့် အတိုးမဲ့ချေးငွေအား ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှစ၍ တစ်နှစ်အတွင်းပြန်လည်ပေးဆပ်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါ ချေးငွေသည် ပြန်လည်ပေးဆပ်ရမည့် ချေးငွေဖြစ်သောကြောင့် ပုံမှန်ဝင်ငွေရှိသည့် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များကိုသာ ကိုဗစ်-၁၉ စီး ပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလဆန်းမှစတင်ကာ ချေးငွေများထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ချေးငွေအား ဆိုင်းငံ့ကာလ (၁)နှစ် (၆လနှစ်ကြိမ်) ပြည့်မြောက်ချိန်တွင် ပြန်လည်ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သို့သော် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ့ဝန် ထမ်း(အမြဲတမ်း)များကို လစာ(၂)လစာ ကြိုတင်ထုတ်ပေးခဲ့သည့် အတိုးမဲ့ချေးငွေများအား ယခုလ (အောက်တိုဘာလ)တွင် ပြန်လည်ကောက်ခံရာတွင် နိုင်ငံ့ဝန်ထမ်းများဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နှင့် လစဉ်ပြန်လည်ပေးဆပ်မှုပမာဏကို သက်သာစေရန်အတွက် ပေးဆပ်ကာလ (၁)နှစ်အား (၂)နှစ်(၆)လ (၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၄ ခုနှစ် မတ်လအထိ)သို့ တိုးမြှင့်သတ်မှတ်ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စုအစိုးရအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီး ဌာနများတွင် ခန့်အပ်ခဲ့သည့် အမြဲတမ်းဝန်ထမ်းသည် ၂ဝ၁၉ ခုနှစ်စာ ရင်းများအရ တစ်သန်းကျော်ရှိကြောင်း သိရသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များကို လစာ(၂)လစာ အတိုးမဲ့ကြိုတင်ထုတ်ချေးငွေများအား ပြန်လည်ပေးဆပ်ရန်မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ်သတ်မှတ်ထားကြောင်းလည်း မစညဘက်ကကြေညာထားသည်။
#NPNews

© 2021. All rights reserved.