တိရိစ္ဆာန်များ၏ အံ့ဖွယ်ဆန်းပြားအိပ်ပုံအိပ်နည်းများ

 1604

ဝတီ(NP News) - အောက်တိုဘာ ၁၉
အမှုမဲ့အမှတ်မဲ့ကြည့်ရင်သာ တိရစ္ဆာန်တွေဟာ ဘာမှမထူးခြားသလိုရှိပေမယ့်သေသေချာချာ စေ့စေ့ပေါက်ပေါက်လေ့လာကြည့်ရှုတတ်တဲ့ သုတေသီတွေအတွက်ကတော့ တိရစ္ဆာန်တွေက အရမ်းကိုအံ့သြစရာ၊ စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်မတို့ဟာ သတိမမူ ဂူမမြင်ဆိုတဲ့အတိုင်း သတိမထားမိလို့ သူတို့အကြောင်းကို မသိကြပေမယ့် သတိ ထားပြီး စေ့စေ့စပ်စပ်စောင့်ကြည့်လေ့လာနေတဲ့ ပညာရှင်တွေကပြောပြလာတဲ့အခါမှာတော့ သူတို့အကြောင်းကို အသေးစိတ်သိခွင့်ရလာကြပါတယ်။ အိပ်ကောင်းခြင်း အိပ်ရဖို့ဆိုတာ သတ္တဝါတွေအားလုံးအတွက် မရှိမဖြစ်အရေးကြီးလှပါတယ်။ အိပ်ရေးဝမှသာ အားအင်တွေပြည့်၊ ခေါင်းတွေကြည်၊ စိတ်တွေကြည်ပြီး တစ်နေ့တာလှုပ်ရှားရုန်းကန်ဖို့အဆင်ပြေမှာလေ။ လူသားအများစုကတော့ ဘေးကင်းလုံခြုံတဲ့ကိုယ့်အိမ်ကိုယ့်ယာမှာအေးအေးလူလူ အိပ်စက် အနားယူခွင့်ရကြပေမယ့် ငါ့ကိုဘယ်အကောင်လာသတ်စားမလဲလို့ နေ့နေ့ညည ထိတ်လန့်နေကြရတဲ့ တိရိ စ္ဆာန်လေးတွေကကော ဘယ်လိုအိပ်စက်ကြပါသလဲ။ ဒါကြောင့် အိပ်ပုံအိပ်နည်း ထူးခြားလှတဲ့ တိရိစ္ဆာန်တွေအကြောင်းကို စုစည်းတင်ဆက်လိုက်ပါတယ်။

သစ်ကုလားအုတ်
လည်ပင်းရှည်ကြီးနဲ့၊ မျက်လုံးရွဲကြီးနဲ့ သိပ်လှတဲ့ ဒီတိရိစ္ဆာန်ဟာကမ္ဘာပေါ်မှာ အရပ်အမြင့်ဆုံးဆိုပေမယ့် ကမ္ဘာပေါ်မှာအိပ်ရေးအပျက်ဆုံး တိရိစ္ဆာန်တွေထဲမှာလည်း ပါနေပါပါတယ်။ အရပ်ကြီးကမြင့်၊ ကိုယ်ခန္ဓာကိုယ်အ နေအထားလည်း အတော်အသင့်ကြီးမားပေမယ့် သူတို့ဟာ ခြင်္သေ့တွေ၊
ကျားသစ်တွေကို ကြောက်ရရှာပါတယ်။ ခြင်္သေ့၊ ကျားသစ်ဆိုတဲ့အသား စားသတ္တဝါတွေက သစ်ကုလားအုတ်တွေကို အမြဲချောင်းနေတာပါ။ လစ်ပြီဆိုတာနဲ့ ဝင်ဆွဲတာပါပဲ။ ဒါကြောင့် သစ်ကုလားအုတ်တွေဟာ အိပ်ကောင်းခြင်းမအိပ်ရပါဘူး။ သူတို့တွေဟာ တစ်နေ့ကို မိနစ်(၃ဝ)ပဲ အိပ်ကြရပြီး အဲဒါတောင် ကြားထဲမှာခဏခဏ (၅)မိနစ်လောက် မျက်စိဖွင့်၊ နား စွင့်ပြီး ဘေးဘီဝဲယာ အခြေအနေကြည့်ရပါသေးတယ်။ သားရဲတိရစ္ဆာန်တွေကိုကြောက်တာနဲ့ သူတို့မှာ တထိတ်ထိတ်နဲ့ပဲ ခဏလေးမှေးစက်ကြရတာပါ။

ဘဲ
ဘဲတွေဟာ မျက်လုံးတစ်ဖက်ဖွင့်ပြီးလည်း အိပ်တတ်ကြပါသတဲ့။ ဘဲတွေ
အိပ်ရင် တစ်ကောင်နဲ့တစ်ကောင်စီပြီးအိပ်ကြပါတယ်။ အိပ်ပျော်နေတုန်း
ရေနဲ့မျောပါမသွားအောင်လို့ အဲဒီလိုစီပြီးအိပ်ကြတာပါတဲ့။ အစီအရီအိပ်နေတဲ့အတန်းတစ်တန်းမှာဆိုရင် အစွန်ဆုံးနှစ်ဖက်က နှစ်ကောင်ဟာကြားထဲကကောင်တွေကို ကျောပေးပြီး မျက်စိတစ်ဖက်ဖွင့်ပြီး အိပ်ကြပါတယ်။ အန္တရာယ်ရှိရင် ချက်ချင်းတန်းသိနိုင်၊ မြင်နိုင်အောင်ဆိုပြီး အစွန်ဘက်မှာ တာဝန်ကျတဲ့နှစ်ကောင်က အဲဒီလို အိပ်ကြရရှာပါတယ်။ ကြားထဲက ကောင်တွေကတော့အန္တရာယ်ရှိလာရန် အချက်ပေးမယ့် ကင်း စောင့်သဘောမျိုး နှစ်ကောင်ရှိတယ်ဆိုတော့ မျက်လုံးနှစ်ဖက်လုံးပိတ်ပြီး စိတ်ချလက်ချ အိပ်ကြပါတယ်။

လင်းပိုင်
လင်းပိုင်တွေဟာ လူတွေလို မဟုတ်ဘဲ သတိကပ်နေမှအသက်ရှူလို့ရပါ သတဲ့။ ငါအသက်ရှူရမယ်၊ ရှူရမယ်ဆိုပြီး သတိအမြဲရှိနေမှသူတို့ကအ သက်ရှူနိုင်တာပါ။ ဒါကြောင့် သူတို့ဟာအိပ်ပြီဆိုရင် ဦးနှောက်တစ်ခြမ်းကိုပဲပိတ်ချလိုက်ပါသတဲ့။ မျက်လုံးလည်း တစ်ဖက်ပဲပိတ်ပါတယ်။ နှစ်နာရီလောက်ကြာပြီဆိုရင် ကျန်တဲ့ဦးနှောက်နဲ့ မျက်လုံးနောက်တစ်ဖက်ကို အလှည့်ပေးလိုက်ပါတယ်။ ဒီလို ဘယ်၊ ညာ တစ်လှည့်စီ အလှည့်ပေးပြီးအိပ်ရပါတယ်။ အဲဒီလို တစ်လှည့်စီ အိပ်ပေးတော့ ဦးနှောက်နှစ်ခြမ်းလုံး အနားရသွားတာပေါ့။

ဝက်ဝံ
ဆောင်းခိုတဲ့နေရာမှာတော့ ဝက်ဝံတွေက ဆရာတစ်ဆူပါ။ တစ်ဆောင်း တွင်းလုံး ဆက်တိုက်အိပ်နိုင်တာတကယ့်ဆရာကြီးပါပဲ။ ဆောင်းတွင်းမှာ အစာရှာရသိပ်ခက်တာကြောင့် မငတ်အောင်ဆိုပြီး သူတို့ကစွမ်းအင်အ တတ်နိုင်ဆုံး ချွေတာတဲ့အနေနဲ့ ဆောင်းခိုအိပ်စက်ရတာဖြစ်ပါတယ်။ ဇီးရှိနေတဲ့ ဝက်ဝံမကြီးတွေတောင် ဆောင်းခိုအိပ်စက်ရတာပါပဲ။ ဒါပေမဲ့ သူတို့ကတော့ ကလေးမွေးချင်ပြီဆိုရင် နိုးလာတတ်ကြပြီး ကလေးမွေးလိုက်ပါ
တယ်။ ပြီးရင် ပြန်အိပ်တာပါပဲ။ မွေးကင်းစ ဝက်ဝံပေါက်လေးတွကတော့ အိပ်မောကျနေတဲ့ အမေကြီးဆီကနေနို့စို့ရတာပေါ့။ ဆောင်းကုန်ပြီဆိုတော့မှ ဝက်ဝံတွေက အိပ်နေရာကနေ ထလာကြတော့တာပါ။

ပင်လယ် စင်ရော်ကြီး
ပင်လယ်စင်ရော်ကြီးတွေဟာ တစ်ဘဝလုံးလိုလို လေထဲမှာပျံပြီး အစာရှာထွက်နေရတာဆိုတော့ သိပ်မအိပ်ရပါဘူး။ ဒါကြောင့် သူတို့ဟာပျံရင်းလည်း အိပ်တတ်အောင်လေ့ကျင့်ထားပါတယ်။ ပျံရင်းနဲ့ အိပ်တော့
လျှောက်တိုက်မိကုန်မှာပေါ့လို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ကသမုဒ္ဒရာကြီးတွေကို ဖြတ်ပျံတဲ့အခါမျိုးကျရင် ရှေ့မှာဘာအတားအဆီးမှ မရှိတဲ့ရေပြင်ကျယ်ကြီးဆိုတော့ လေဟုန်စီးရင်းနဲ့ အိပ်ကြတာပါ။

သဲကန္တာရ ခရု
ခရုလေးတွေဟာ လုပ်စရာရယ်လို့ ဘာမှသိပ်မရှိတော့နှစ်တွေနဲ့ ချီအောင်ကို အိပ်နိုင်ပါသတဲ့။ တစ်ခါကဆိုရင် ဗြိတိသျှပြတိုက်ဟာ အီဂျစ်သဲကန္တာရ ခရုတစ်ခု လက်ခံရရှိတော့ သူတို့ကအဲဒီခရုကို ခရုအသေလို့ပဲ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်လေးနှစ်အကြာမှာတော့အဲဒီခရုက အိပ်နေရာက ထလာပြီးတွားသွားပါသတဲ့လေ။

ဖျံ
ဖျံတွေဟာ ရေထဲမှာ ဆော့ရတာ၊ အိပ်ရတာ သိပ်ကြိုက်ကြပါတယ်။ ရေ ထဲမှာဆိုတော့ ကုန်းပေါ်က သားစားသတ္တဝါတွေရဲ့ရန်ကနေ လွတ်တာပေါ့။ သူတို့က ရေပေါ်မှာအိပ်ရင် ပက်လက်လှန်ပြီးအိပ်ကြပါတယ်။ အိပ်နေတုန်းမှာရေနဲ့ မျောပါမသွားအောင်ဆိုပြီး သူတို့ကကိုယ့်ကိုယ်ကိုယ်လည်း ပင်လယ်ရေညှိတွေနဲ့ ပတ်ထားတတ်ကြပါသေးသတဲ့။ ဒါ့အပြင် သူတို့ကတခါတလေကျရင် တခြားတစ်ကောင်နဲ့လည်း လက်ချင်းတွဲထားပြီး
အိပ်တတ်ကြပါသေးတယ်။

လင်းနို့
ည ည ထွက်ထွက်လာတတ်တဲ့ ထိတ်လန့်စရာ ဒီသတ္တဝါလေးတွကတော့
ဇောက်ထိုးဆွဲပြီးအိပ်တတ်ကြပါတယ်။ လိုအပ်တဲ့အခါ ချက်ချင်းအလွယ် တကူပျံပြေးလို့ရအောင်ဆိုပြီး သူတို့က အဲဒီလိုဇောက်ထိုးမိုးမျှော် အိပ်ကြတာပါ။ ဇောက်ထိုးနေနေပေမယ့် သူတို့ခြေသည်းလေးတွေက အရမ်းသန် မာတော့ပြုတ်မကျဘူးပေါ့။
#NPNews

Related news

© 2021. All rights reserved.