မိတ္ထီလာမြို့တွင် စစ်ကားပေါ်ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ဒဏ်ရာရ

1235

NP News - အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အောက်တိုဘာလ(၂၅)ရက်နေ့ လယ်ပိုင်းတွင် စစ်ကားပေါ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ဒဏ်ရာများရရှိခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးက အောက်တိုဘာလ(၂၇)ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်သည် မိတ္ထီလာမြို့၊ မြို့မဈေးအနောက်ပေါက်အနီး ရောက်ရှိစဉ် အနောက်မှ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသည့် အကြမ်းဖက်သမားနှစ်ဦးမှ ယာဉ်အတွင်းသို့ ဒေသန္တရလက်လုပ်မိုင်းနှစ်လုံး ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ အဆိုပါလက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်ကြမ်းခင်းနှင့် အမိုး မိုင်းစထိမှန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် အဆိုပါပေါက်ကွဲမှုကြောင့် ရဲနှစ်ဦးသေဆုံးကာ စစ်သား (၃)ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း လူမှုကွန်ယက်ပေါ်တွင် သတင်းများလည်းထွက်ပေါ်ခဲ့သည်။
နေပြည်တော် အပါအဝင် ပြင်ဦးလွင်၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ မော်လမြိုင်နှင့် မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် အောက်တိုဘာလ (၂၅)ရက်၌ တပ်မ တော်ထောက်ခံပွဲများပြုလုပ်ခဲ့ကြပြီး မိတ္ထီလာမြို့တွင်ပြုလုပ်ခဲ့သည့် တပ်မထောက်ခံပွဲအပြီးတွင် ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။
#NPNews