စစ်အာဏာရှင်စနစ်ကိုတော်လှန်နေသည့် အကယ်ဒမီ ပိုင်ဖြိုးသု အမွေပြတ် စွန့်လွှတ်ခံရ
 1962
NP News - နိုဝင်ဘာ ၁
ဒါရိုက်တာ ဏကြီး၏ ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသုကို ၎င်း၏ဖခင်ဦးစိုးဝင်းနှင့် မိခင် ဒေါ်နွယ်ဦး တို့သည် သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြေညာလိုက်သည်။
ပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့် အရေးယူခြင်းခံထားရသည့် သရုပ်ဆောင် ပိုင်ဖြိုးသုသည် လက်ရှိတွင် တိမ်းရှောင်ထွ က်ပြေးနေရပြီး အမှုပိတ်သိမ်းခံရသည့် အနုပညာစာရင်းတွင်လည်း ယနေ့အချိန်ထိ ပါဝင်လာခြင်းမရှိပေ။
ကြေညာချက်ထဲတွင် “ဦးစိုးဝင်းနှင့် ဒေါ်နွယ်ဦးတို့၏ သမီးဖြစ်သူ မပိုင်ဖြိုးသု (၁၂/အစန(နိုင်) ၁၈၈၉၇၁) သည် မိဘများ၏ ဆိုဆုံးမမှုများကို မနာခံဘဲ မိဘများ စိတ်ဆင်းရဲစေသောကိစ္စရပ်များအား အကြိမ်ကြိမ်အခါခါ ပြု လုပ်ခဲ့သဖြင့် ယနေ့မှစ၍ သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါကြောင်းနှင့် နောက်နောင်တွင် ၎င်းနှင့် ပတ်သက်သော ကိစ္စအဝဝအား တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း” မိဘများကိုယ်စား တရား လွှတ် တော်ရှေ့နေမှ တဆင့်နိုင်ငံပိုင်သတင်းစာတွင် ထည်သွင်းကြေညာထားသည်။ အလားတူ ပြီးခဲ့သည့် လပိုင်းကလည်း အဆိုတော်ရင်ဂိုမှ သားဖြစ်သူ အဆိုတော် ကျားပေါက်(ခ) ဟန်ထူးလွင်ကို သား အဖြစ်မှ အမွေပြတ်စွန့်လွှတ် ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြေညာခဲ့သည်။
ပိုင်ဖြိုးသုအား မိဘမှ အမွေပြတ်စွန့်လွှတ်လိုက်ကြောင်း ကြေညာချက်ထွက်လာသည့်အပေါ် ပိုင်ဖြိုးသု ကိုယ်တိုင်က မိဘနှစ်ပါးနှင့် ကျန်မိသားစုဝင်များ ၎င်းကြောင့် ဒုက္ခမရောက်စေလို၍ ရွေးချယ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ကွန်းမန့်များ လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လျက်ရှိသည်။ ၎င်းတို့ဇနီးမောင်နှံ၏ ပရိသတ်များသည် ၎င်းတို့နှစ်ယောက်လုံးအဆင်ပြေစေရန်အတွက် ဆုတောင်းစကားများ ပြောထားသည်ကို တွေ့ရသည်။
ဒါရိုက်တာဏကြီးနှင့် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံသည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ဖမ်း ဆီးခံခေါင်းဆောင်များအား အမြန်ဆုံးပြန်လွှတ်ပေးရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ကိုယ်တို င်ပါဝင်လှုပ်ရှားခဲ့သူများဖြစ်ပြီး လက်ရှိအချိန်ထိလည်း ရောက်ရာအခန်းကဏ္ဍမှ အာဏာရှင်စနစ်၊ စစ်ကောင်စီကို တော်လှန်နေကြသည်။ လွန်ခဲ့သည့် လပိုင်းက ဒါရိုက်တာဏကြီးပိုင်ဆိုင်သည့် စတူဒီယို၌ ဖောက်ခွဲရေးသုံးပစ္စည်းများနှင့် မူးယစ်ဆေးဝါး များအား သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
သမီးဖြစ်သူ ပိုင်ဖြိုးသုနှင့် သမက်ဖြစ်သူတို့ တိမ်းရှောင်နေရသည့်အပေါ် ပိုင်ဖြိုးသု၏ မိခင် ဒေါ်နွယ်ဦးသည် သမီးဖြစ်သူတို့ကို သတိရကြောင်း၊ စိတ်ပူကြောင်း တစ်ခါတစ်ရံ လူမှုကွန်ရက်တွင် ရေးသားဖော်ပြလေ့ရှိသည်။
#NPNews
Zawgyi Version;
စစ်အာဏာရှင်စနစ်ကိုတော်လှန်နေသည့် အကယ်ဒမီ ပိုင်ဖြိုးသု အမွေပြတ်စွန့်လွှတ်ခြင်းခံရ
NP News - နိုဝင်ဘာ ၁
ဒါရိုက်တာ ဏကြီး၏ ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသုကို ၄င်း၏ဖခင်ဦးစိုးဝင်းနှင့် မိခင် ဒေါ်နွယ်ဦး တို့သည် သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြေညာလိုက်သည်။
ပိုင်ဖြိုးသုအား မိဘမှ အမွေပြတ်စွန့်လွှတ်လိုက်ကြောင်း ကြေညာချက်ထွက်လာသည့်အပေါ် ပိုင်ဖြိုးသု ကိုယ်တိုင်က မိဘနှစ်ပါးနှင့် ကျန်မိသားစုဝင်များ ၄င်းကြောင့် ဒုက္ခမရောက်စေလို၍ ရွေးချယ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ကွန်းမန့်များ လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လျက်ရှိသည်။ ၄င်းတို့ဇနီးမောင်နှံ၏ ပရိသတ်များသည် ၄င်းတို့နှစ်ယောက်လုံးအဆင်ပြေစေရန်အတွက် ဆုတောင်းစကားများ ပြောထားသည်ကို တွေ့ရသည်။
#NPNews
Related news
© 2021. All rights reserved.