ကျောင်းများပြန်ဖွင့်သည့် ပထမဆုံးနေ့တွင် ကြည့်မြင်တိုင် အ.ထ.က(၁)ကျောင်းအနီး ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွား
 1600
NP News - နိုဝင်ဘာ ၁
အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်လိုက်သည့် ယနေ့ နိုဝင်ဘာလ(၁) ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် ယနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ရာတွင် ကိုဗစ်ကူးစက်မှုနှုန်းများ တည်ငြိမ်မှုမရှိသေးသည့် မြို့ နယ်(၄၆) မြို့နယ်ရှိ ကျောင်းများကိုဖွင့်ခွင့်မပြုသေးဘဲ ချန်ထားဆဲဖြစ်ပြီး ကျန်မြို့နယ်အားလုံးရှိ စာသင်ကျောင်း များသည် ယနေ့ နိုဝင်ဘာလ(၁) ရက်တွင် ပြန်ဖွင့်ခဲ့သည်။
ကြည့်မြင်တိုင် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းအနီး၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ(၁) နာရီအချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်း၊ အခြေခံပညာ အထက်တန်းကျောင်း(ကြည့်မြင်တိုင်) ရှေ့လမ်းဘေးမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့တာကြောင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ သွား ရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲထားသော ဖုန်ုးအပိုင်းအစများ၊ PVC ပိုက် အပိုင်းအစများနှင့် ဆားကစ်ပြား အပိုင်းအစများ သိမ်းဆည်း ရမိခဲ့ကြောင်း နစကထုတ်ပြန်ချက်အရ သိရသည်။
စာသင်ကျောင်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကျောင်းသား/ ကျောင်း သူများ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများ တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိခဲ့သကဲ့သို့ အဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့မရပ်ကွက်၊ ကုတိုးကုံးရပ်ရှိ အမှတ်(၁) အခြေခံပညာမူလ တန်းကျောင်းအနီးလမ်းပေါ်၌ အောက်တိုဘာ (၃၁) ရက် ညနေ ၆ နာရီ (၅ဝ) မိနစ်ခန့်က အရပ်သားလက်နက်ကိုင်တစ်ဦး မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ဇွန်လပိုင်းအတွင်းက ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းမတတ်ရေးလှုပ်ရှားသူ များအနေဖြင့် စာသင်ကျောင်းများရှေ့တွင် ကျောင်းမတက်ရေးကမ်းပိန်းများ၊ သွေးစွန်း ပိုစတာများချိတ်ဆွဲခြင်း၊ ဖောက်ခွဲမှုများပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယခု ကျောင်းများပြန်လည် ဖွင့်လှစ့်ချိန်တွင်လည်း အလားတူ စာသင်ကျောင်းများအား ဖောက်ခွဲမှုများ၊ ကျောင်းမတတ်ရေး ကမ်ပိန်းများအား ထပ်မံလုပ်ဆောင်လာသည်ကို တွေ့ရသည်။
နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများနှင့် အရပ်ဘက်ပစ်မှတ်များကို ပြည်တွင်း တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများမှ အကြိမ်ရေပေါင်း(၅ဝဝဝ)ထက်မနည်း မီးရှို့ဖျက်ဆီး ဗုံးခွဲ တိုက်ခိုက်ခံ ခဲ့ရပြီး အပြစ်မဲ့ပြည်သူဦးရေ(၁ဝဝဝ)ကျော်နှင့် အစိုးရဝန်ထမ်း/လုံခြုံရေးတပ်သားပေါင်း (၂ဝဝ)နီးပါး သေဆုံး ထားရကြောင်း သိရသည်။ ယင်းအနက် ဖေဖော်ဝါရီ(၁)ရက်နောက်ပိုင်းမှစ၍ အောက်တိုဘာ(၂၁)ရက်အထိ စာသင်ကျောင်းနှင့် ပညာရေး အဆောက်အဦး (၂၅၁)လုံး မီးရှို့/ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း စစ်တမ်းများအရ သိရသည်။
#NPNews
Zawgyi Version;
NP News - နိုဝင်ဘာ ၁
#NPNews
Related news
© 2021. All rights reserved.