၂ဝ၂ဝ-၂ဝ၂၁ဘဏ္ဍာနှစ်အတွင်း စက်သုံးဆီနှင့်စားသုံးဆီပြည်ပမှတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ(၃)ဘီလီယံရှိဟုဆို

 773

NP News - နိုဝင်ဘာ ၂
၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှဒီဇယ်နှင့် ဓာတ်ဆီတင်သွင်းရမှုသည် အမေရိကန်ဒေါ်လာ (၂.၁၂၉)ဘီလီယံရှိပြီး စားအုန်းဆီတင်သွင်းမှုသည်လည်း အမေရိကန်ဒေါ်လာ(၈၂၆)သန်းဖိုးရှိသည့်အတွက် ပြည်ပမှ စက်သုံးဆီနှင့်စားသုံးဆီတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ (၃)ဘီလီယံခန့်ရှိကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနို ဝင်ဘာလ(၁)ရက်ကပြောသည့် (၉)လပြည့်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

“အဓိက ကျွန်တော်ဆိုလိုချင်တာကတော့ စက်သုံးဆီနဲ့ပတ်သက်ပြီးတော့ အတတ်နိုင်ဆုံးခြိုးခြံချွေတာသုံးစွဲဖို့ ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်။ အထူးသဖြင့် သွားလာရေးနဲ့ ပတ်သက်လို့ ရှိရင် Public Transportation ဖြစ်တဲ့ မီးရထား၊ ဘတ်စ်ကား၊ မြို့ပတ်ရထား၊ ဒါတွေကို အဓိကထားသုံးစွဲမယ်ဆိုလို့ရှိရင် ပိုပြီးတော့အကျိုးရှိလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။ ဒါကြောင့်မိဘပြည်သူများအနေနဲ့ ရထားနဲ့ဘက်စ်ကား အသုံးပြုပြီးတော့ ခရီးသွားလာခြင်းကို အားပေးကြဖို့ ကျွန်တော် မေတ္တာ ရပ်ခံလိုပါတယ်”ဟု ယင်းကပြောသည်။

လက်ရှိရန်ကုန်မြို့၏မြို့ပတ်ရထားပြေးဆွဲမှုများသည် ခရီးသွားပြည်သူ များသွားလိုသည့်နေရာအနီးစပ်ဆုံးမရောက်သည့်အတွက် မော်တော် ယာဉ်ကို တစ်ဆင့်ပြန်လည်သုံးစွဲနေရ၍ မြို့ပတ်ရထားကိုသာအသုံးပြုရန်မှာ အလှမ်းဝေးနေဦးမည့်အနေအထားတွင်ရှိနေသေးသည်။ ထို့ပြင်ဘတ်စ်ကားများကို အများပြည်သူအသုံးပြုရာတွင်လည်း အခက်အခဲအ ချို့ရှိနေသေးသည့်အတွက် Public Transportation များကို အများပြည်သူအသုံးပြုနိုင်ရေးအတွက်ဆောင်ရွက်ချက်သည် မူဝါဒအားဖြင့်လက်ခံနိုင်သော်လည်း ပြင်ပတွင်လုပ်ဆောင်နိုင်ရန် အခက်အခဲများရှိနိုင်သေးသည်။

“စားသုံးဆီနဲ့ပတ်သက်လို့ရှိရင်လည်း မြန်မာနိုင်ငံမှာဆီထွက်သီးနှံတွေ စိုက်ပါတယ်။ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်းစသည်ဖြင့် စိုက်တာပေါ့။ ကျွန်တော်တို့ ဆီစားသုံးမှုမှာတော့ များနေတာကို သုတေ သနပြုချက်အရတွေ့ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက တော့ အတတ်နိုင်ဆုံးဆီအနည်းဆုံးထည့်သွင်းပြီးတော့ အသုံးပြုမယ်ဆိုလို့ရှိရင် ဆီချွေတာရာလည်းရောက်ပါတယ်။ တိုင်းပြည်အတွက် ကုန်ကျနေတဲ့ စားသုံးဆီတင်သွင်းမှုကိုလည်းလျော့နည်းစေမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးကပြောသည်။

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှတင်သွင်းခဲ့သည့် စားအုန်းဆီသည် တန်ချိန် (၈)သိန်းကျော်ရှိကြောင်း သိရသည်။ ထို့ကြောင့် စက်မောင်းဆီနှင့် စားသုံးဆီအသုံးချမှုလျှော့ချပေးခြင်းဖြင့် တိုင်းပြည်အ တွက် အကျိုးရှိအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယင်းကပြော သည်။

zawgyi version
၂ဝ၂ဝ-၂ဝ၂၁ဘ႑ာႏွစ္အတြင္း စက္သုံးဆီႏွင့္စားသုံးဆီျပည္ပမွတင္သြင္းမႈသည္ အေမရိကန္ေဒၚလာ(၃)ဘီလီယံရွိဟုဆို
NP News - ႏိုဝင္ဘာ ၂
၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာႏွစ္အတြင္း ျပည္ပမွဒီဇယ္ႏွင့္ ဓာတ္ဆီတင္သြင္းရမႈသည္ အေမရိကန္ေဒၚလာ (၂.၁၂၉)ဘီလီယံရွိၿပီး စားအုန္းဆီတင္သြင္းမႈသည္လည္း အေမရိကန္ေဒၚလာ(၈၂၆)သန္းဖိုးရွိသည့္အတြက္ ျပည္ပမွ စက္သုံးဆီႏွင့္စားသုံးဆီတင္သြင္းမႈသည္ အေမရိကန္ေဒၚလာ (၃)ဘီလီယံခန႔္ရွိေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကႏို ဝင္ဘာလ(၁)ရက္ကေျပာသည့္ (၉)လျပည့္မိန႔္ခြန္းတြင္ထည့္သြင္းေျပာၾကားခဲ့သည္။

“အဓိက ကြၽန္ေတာ္ဆိုလိုခ်င္တာကေတာ့ စက္သုံးဆီနဲ႔ပတ္သက္ၿပီးေတာ့ အတတ္ႏိုင္ဆုံးၿခိဳးၿခံေခြၽတာသုံးစြဲဖို႔ ကြၽန္ေတာ္ေမတၱာရပ္ခံလိုပါတယ္။ အထူးသျဖင့္ သြားလာေရးနဲ႔ ပတ္သက္လို႔ ရွိရင္ Public Transportation ျဖစ္တဲ့ မီးရထား၊ ဘတ္စ္ကား၊ ၿမိဳ႕ပတ္ရထား၊ ဒါေတြကို အဓိကထားသုံးစြဲမယ္ဆိုလို႔ရွိရင္ ပိုၿပီးေတာ့အက်ိဳးရွိလိမ့္မယ္လို႔ ယုံ ၾကည္ပါတယ္။ ဒါေၾကာင့္မိဘျပည္သူမ်ားအေနနဲ႔ ရထားနဲ႔ဘက္စ္ကား အသုံးျပဳၿပီးေတာ့ ခရီးသြားလာျခင္းကို အားေပးၾကဖို႔ ကြၽန္ေတာ္ ေမတၱာ ရပ္ခံလိုပါတယ္”ဟု ယင္းကေျပာသည္။

လက္ရွိရန္ကုန္ၿမိဳ႕၏ၿမိဳ႕ပတ္ရထားေျပးဆြဲမႈမ်ားသည္ ခရီးသြားျပည္သူ မ်ားသြားလိုသည့္ေနရာအနီးစပ္ဆုံးမေရာက္သည့္အတြက္ ေမာ္ေတာ္ ယာဥ္ကို တစ္ဆင့္ျပန္လည္သုံးစြဲေနရ၍ ၿမိဳ႕ပတ္ရထားကိုသာအသုံးျပဳရန္မွာ အလွမ္းေဝးေနဦးမည့္အေနအထားတြင္ရွိေနေသးသည္။ ထို႔ျပင္ဘတ္စ္ကားမ်ားကို အမ်ားျပည္သူအသုံးျပဳရာတြင္လည္း အခက္အခဲအ ခ်ိဳ႕ရွိေနေသးသည့္အတြက္ Public Transportation မ်ားကို အမ်ားျပည္သူအသုံးျပဳႏိုင္ေရးအတြက္ေဆာင္႐ြက္ခ်က္သည္ မူဝါဒအားျဖင့္လက္ခံႏိုင္ေသာ္လည္း ျပင္ပတြင္လုပ္ေဆာင္ႏိုင္ရန္ အခက္အခဲမ်ားရွိႏိုင္ေသးသည္။

“စားသုံးဆီနဲ႔ပတ္သက္လို႔ရွိရင္လည္း ျမန္မာႏိုင္ငံမွာဆီထြက္သီးႏွံေတြ စိုက္ပါတယ္။ ေျမပဲ၊ ႏွမ္း၊ ပန္းႏွမ္း၊ ေနၾကာ၊ ပဲပုပ္၊ ဆီအုန္းစသည္ျဖင့္ စိုက္တာေပါ့။ ကြၽန္ေတာ္တို႔ ဆီစားသုံးမႈမွာေတာ့ မ်ားေနတာကို သုေတ သနျပဳခ်က္အရေတြ႕ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ေျပာခ်င္တာက ေတာ့ အတတ္ႏိုင္ဆုံးဆီအနည္းဆုံးထည့္သြင္းၿပီးေတာ့ အသုံးျပဳမယ္ဆိုလို႔ရွိရင္ ဆီေခြၽတာရာလည္းေရာက္ပါတယ္။ တိုင္းျပည္အတြက္ ကုန္က်ေနတဲ့ စားသုံးဆီတင္သြင္းမႈကိုလည္းေလ်ာ့နည္းေစမွာ ျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးကေျပာသည္။

၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာႏွစ္အတြင္း ျပည္ပမွတင္သြင္းခဲ့သည့္ စားအုန္းဆီသည္ တန္ခ်ိန္ (၈)သိန္းေက်ာ္ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ စက္ေမာင္းဆီႏွင့္ စားသုံးဆီအသုံးခ်မႈေလွ်ာ့ခ်ေပးျခင္းျဖင့္ တိုင္းျပည္အ တြက္ အက်ိဳးရွိေအာင္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ယင္းကေျပာ သည္။

Related news

© 2021. All rights reserved.