လူတွေအကြည့်အများဆုံးဇာတ်ကားကဘာတွေလဲ

 1571

ဝတီ (NP News) - နိုဝင်ဘာ ၄
ရုပ်ရှင်ဆိုတာ လူတွေကိုစိတ်အပန်းပြေစေပါတယ်။ တစ်နေ့တာ ပင်ပန်းမွန်းကျပ်လာသမျှကိုရုပ်ရှင်ကြည့်ပြီး အနည်းနဲ့အများဖြေဖျောက်လို့ရပါတယ်။ ဒါကြောင့်လူအများစုဟာရုပ်ရှင်ကြိုက်ကြပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး တင်ဆက်ပုံပြောင်မြောက်တဲ့ ရုပ်ရှင်ကားတွေကိုမှလူတွေက အလုအယက်တိုးကြည့်ချင်ကြတာပါ။ ဒါကြောင့် ထွက်ခဲ့သမျှ ဇာတ်ကားတွေထဲမှာဘယ်ရုပ်ရှင်ကားတွေက လူကြည့်အများဆုံးလဲ၊ လူကြိုက်အများဆုံးလဲဆိုတာ စုစည်းတင်ဆက်လိုက်ပါတယ်။

zawgyi version
လူေတြအၾကည့္အမ်ားဆုံးဇာတ္ကားကဘာေတြလဲ
ဝတီ (NP News) - ႏိုဝင္ဘာ ၄
႐ုပ္ရွင္ဆိုတာ လူေတြကိုစိတ္အပန္းေျပေစပါတယ္။ တစ္ေန႔တာ ပင္ပန္းမြန္းက်ပ္လာသမွ်ကို႐ုပ္ရွင္ၾကည့္ၿပီး အနည္းနဲ႔အမ်ားေျဖေဖ်ာက္လို႔ရပါတယ္။ ဒါေၾကာင့္လူအမ်ားစုဟာ႐ုပ္ရွင္ႀကိဳက္ၾကပါတယ္။ ဒါေပမဲ့ ဇာတ္လမ္းဇာတ္အိမ္ေကာင္းၿပီး တင္ဆက္ပုံေျပာင္ေျမာက္တဲ့ ႐ုပ္ရွင္ကားေတြကိုမွလူေတြက အလုအယက္တိုးၾကည့္ခ်င္ၾကတာပါ။ ဒါေၾကာင့္ ထြက္ခဲ့သမွ် ဇာတ္ကားေတြထဲမွာဘယ္႐ုပ္ရွင္ကားေတြက လူၾကည့္အမ်ားဆုံးလဲ၊ လူႀကိဳက္အမ်ားဆုံးလဲဆိုတာ စုစည္းတင္ဆက္လိုက္ပါတယ္။

Harry Potter and the Philosopher’s Stone
ဒီဇာတ်ကားဟာ မကြားဖူးသူ မရှိလောက်အောင်ကို လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့
ဇာတ်ကားပါ။ ဇာတ်ကားကတော့ ဟယ်ရီပေါ်တာဆိုတဲ့ ကောင်လေး မှော်ပညာအတတ်သင်ကျောင်းကို တက်တဲ့အကြောင်း ရိုက်ကူးထားတာပါ။ ဇာတ်လမ်းဇာတ်ကွက်က တမူထူးပြီးစိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာကောင်းလို့ပရိသတ်တွေက ရုံပြည့်ရုံလျှံကို အားပေးခဲ့ကြပါတယ်။ ဒီဇာတ်ကား ထွက်တာနှစ်တွေအများကြီးကြာလှပြီဆိုပေမယ့် ဇာတ်ကားက အခုထက်ထိနာမည်ကြီးလူကြိုက်များနေတုန်းပါပဲ။ ဒါကြောင့်လည်း လူကြည့်အများဆုံး ရုပ်ရှင်ကားတွေထဲမှာ ဒီကားပါနေတော့တာပေါ့။ ဇာတ်ကားထဲက ကလေးသရုပ်ဆောင်တွေဟာလည်း ဒီကားကနေစပြီး နာမည်ကြီးလာလိုက်တာ အခုထက်ထိနာမည်ကြီးနေကြတုန်းပါပဲ။

zawgyi version
Harry Potter and the Philosopher’s Stone
ဒီဇာတ္ကားဟာ မၾကားဖူးသူ မရွိေလာက္ေအာင္ကို လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့တဲ့
ဇာတ္ကားပါ။ ဇာတ္ကားကေတာ့ ဟယ္ရီေပၚတာဆိုတဲ့ ေကာင္ေလး ေမွာ္ပညာအတတ္သင္ေက်ာင္းကို တက္တဲ့အေၾကာင္း ႐ိုက္ကူးထားတာပါ။ ဇာတ္လမ္းဇာတ္ကြက္က တမူထူးၿပီးစိတ္ဝင္စားစရာ၊ စိတ္လႈပ္ရွားစရာေကာင္းလို႔ပရိသတ္ေတြက ႐ုံျပည့္႐ုံလွ်ံကို အားေပးခဲ့ၾကပါတယ္။ ဒီဇာတ္ကား ထြက္တာႏွစ္ေတြအမ်ားႀကီးၾကာလွၿပီဆိုေပမယ့္ ဇာတ္ကားက အခုထက္ထိနာမည္ႀကီးလူႀကိဳက္မ်ားေနတုန္းပါပဲ။ ဒါေၾကာင့္လည္း လူၾကည့္အမ်ားဆုံး ႐ုပ္ရွင္ကားေတြထဲမွာ ဒီကားပါေနေတာ့တာေပါ့။ ဇာတ္ကားထဲက ကေလးသ႐ုပ္ေဆာင္ေတြဟာလည္း ဒီကားကေနစၿပီး နာမည္ႀကီးလာလိုက္တာ အခုထက္ထိနာမည္ႀကီးေနၾကတုန္းပါပဲ။

The God Father
The God Father ရုပ်ရှင်ကားကို သိပ်ကောင်းတဲ့ရုပ်ရှင်ကားတစ်ကားအဖြစ် ပရိသတ်တွေကသတ်မှတ်ထားကြပါတယ်။ ဒီဇာတ်ကားကတော့ အင်မတန်မှသြဇာကြီးတဲ့မာဖီးယားဂိုဏ်းတစ်ဂိုဏ်းအကြောင်းပါ။ အဲဒီဂိုဏ်းထဲကို မျိုးဆက်သစ်ဖြစ်တဲ့မိုက်ကယ်စဝင်လာတဲ့အချိန်ကစပြီးဇာတ်လမ်းကို စတည်ထားပါတယ်။ ဂိုဏ်းထဲကို စဝင်လိုက်တာနဲ့ သူဟာ ရာဇဝတ်အကြမ်းဖက်မှုတွေ၊ သစ္စာဖောက်မှုတွေဆိုတဲ့ အဆိုးသံသရာထဲ ခြေချမိလျက်သားဖြစ်သွားပါတော့တယ်။ ရဲတွေနဲ့ဂိုဏ်းအဖွဲ့သားလူဆိုးတွေချကြတာလည်း ခဏခဏပေါ့။ ဒီဇာတ်ကားကို ဒုတိယ အကောင်းဆုံးအမေရိကန်ရုပ်ရှင်အဖြစ် အမေရိကန်ရုပ်ရှင်အဖွဲ့အစည်းက ထောက်ခံချက်ပေးထားပါတယ်။

zawgyi version
The God Father
The God Father ႐ုပ္ရွင္ကားကို သိပ္ေကာင္းတဲ့႐ုပ္ရွင္ကားတစ္ကားအျဖစ္ ပရိသတ္ေတြကသတ္မွတ္ထားၾကပါတယ္။ ဒီဇာတ္ကားကေတာ့ အင္မတန္မွၾသဇာႀကီးတဲ့မာဖီးယားဂိုဏ္းတစ္ဂိုဏ္းအေၾကာင္းပါ။ အဲဒီဂိုဏ္းထဲကို မ်ိဳးဆက္သစ္ျဖစ္တဲ့မိုက္ကယ္စဝင္လာတဲ့အခ်ိန္ကစၿပီးဇာတ္လမ္းကို စတည္ထားပါတယ္။ ဂိုဏ္းထဲကို စဝင္လိုက္တာနဲ႔ သူဟာ ရာဇဝတ္အၾကမ္းဖက္မႈေတြ၊ သစၥာေဖာက္မႈေတြဆိုတဲ့ အဆိုးသံသရာထဲ ေျခခ်မိလ်က္သားျဖစ္သြားပါေတာ့တယ္။ ရဲေတြနဲ႔ဂိုဏ္းအဖြဲ႕သားလူဆိုးေတြခ်ၾကတာလည္း ခဏခဏေပါ့။ ဒီဇာတ္ကားကို ဒုတိယ အေကာင္းဆုံးအေမရိကန္႐ုပ္ရွင္အျဖစ္ အေမရိကန္႐ုပ္ရွင္အဖြဲ႕အစည္းက ေထာက္ခံခ်က္ေပးထားပါတယ္။

Home Alone
၁၉၉၀ ခုနှစ်မှာ ထွက်တဲ့ ဒီကားကိုလည်း လူအတော်များများ ကြည့်ဖူးကြမှာပါ။ ဒီကား က ခရစ္စမတ်ဟာသကားလေ။ အိမ်မှာတစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ ရှစ်နှစ်သားအ ရွယ်ကလေးလေးက အိမ်ကိုလူဆိုးသူခိုးတွေ ရန်ကနေ ဘယ်လိုစွန့်စွန့်စားစား၊ဖြတ်ထိုး ညာဏ်ရှိရှိနဲ့ ကယ်တင်ခဲ့တယ်ဆိုတာကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတာပါ။

zawgyi version
Home Alone
၁၉၉၀ ခုႏွစ္မွာ ထြက္တဲ့ ဒီကားကိုလည္း လူအေတာ္မ်ားမ်ား ၾကည့္ဖူးၾကမွာပါ။ ဒီကား က ခရစၥမတ္ဟာသကားေလ။ အိမ္မွာတစ္ေယာက္တည္း က်န္ရစ္ခဲ့တဲ့ ရွစ္ႏွစ္သားအ ႐ြယ္ကေလးေလးက အိမ္ကိုလူဆိုးသူခိုးေတြ ရန္ကေန ဘယ္လိုစြန႔္စြန႔္စားစား၊ျဖတ္ထိုး ညာဏ္ရွိရွိနဲ႔ ကယ္တင္ခဲ့တယ္ဆိုတာကို ဟာသေႏွာၿပီး႐ိုက္ကူးပုံေဖာ္ထားတာပါ။

The Lord of the Rings
ဒီဇာတ်ကားကိုလည်း မကြည့်ဖူးသူသာ ရှိရင်ရှိမယ်၊ ဇာတ်ကားနာမည် မကြားဖူးတဲ့သူရယ်လို့တော့ မရှိသလောက်ရှားမှာပါ။ စိတ်ကူးယဉ်စွန့်စားခန်းရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားက ကြည့်ရှုသူ ပရိသတ်အပေါင်းကိုပါးစပ်အဟောင်းသားဖြစ်သွားအောင်၊ မျက်တောင် ခတ်ချိန်တောင်မရအောင် ဖမ်းစားထားနိုင်ပါတယ်။ ပရိသတ်တွေကလည်း ဒီဇာတ်ကားကို ကြည့်ရတာဝတယ်လို့ကိုမရှိပါဘူး။ ဒါကြောင့်လည်း ဒီကားဟာကမ္ဘာပေါ်မှာ လူကြည့်အများဆုံးရုပ်ရှင်ကားတစ်ကားဖြစ်နေတော့တာပါ။

zawgyi version
The Lord of the Rings
ဒီဇာတ္ကားကိုလည္း မၾကည့္ဖူးသူသာ ရွိရင္ရွိမယ္၊ ဇာတ္ကားနာမည္ မၾကားဖူးတဲ့သူရယ္လို႔ေတာ့ မရွိသေလာက္ရွားမွာပါ။ စိတ္ကူးယဥ္စြန႔္စားခန္း႐ုပ္ရွင္အမ်ိဳးအစားျဖစ္တဲ့ ဒီဇာတ္ကားက ၾကည့္ရႈသူ ပရိသတ္အေပါင္းကိုပါးစပ္အေဟာင္းသားျဖစ္သြားေအာင္၊ မ်က္ေတာင္ ခတ္ခ်ိန္ေတာင္မရေအာင္ ဖမ္းစားထားႏိုင္ပါတယ္။ ပရိသတ္ေတြကလည္း ဒီဇာတ္ကားကို ၾကည့္ရတာဝတယ္လို႔ကိုမရွိပါဘူး။ ဒါေၾကာင့္လည္း ဒီကားဟာကမာၻေပၚမွာ လူၾကည့္အမ်ားဆုံး႐ုပ္ရွင္ကားတစ္ကားျဖစ္ေနေတာ့တာပါ။

ET-The Extra Terrestrial
ကမ္ဘာတလွှား ဟုန်းဟုန်းတောက် နာမည်ကြီးသွားခဲ့တဲ့ ဒီဇာတ်ကားကတော့ ၁၉၈၂ ခုနှစ်မှာထွက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကမ္ဘာမြေပေါ် လာပြီးသောင်တင်နေတဲ့ အီးတီဆိုတဲ့ ဂြိုဟ်သားအကြောင်းကို ဒီဇာတ်ကားမှာကြည့်ရှုရမှာဖြစ်ပါတယ်။ သဘောကောင်းတဲ့ ကောင်လေးက အီးတီကိုတွေ့သွားပြီး အိမ်မှာဝှက်ထားပေးပါတယ်။ အဲဒီနောက် အီးတီ နေထိုင်မကောင်းဖြစ်လာတဲ့အချိန်မှာ အစိုးရကကြားဝင်လာပါတော့တယ်။

zawgyi version
ET-The Extra Terrestrial
ကမာၻတလႊား ဟုန္းဟုန္းေတာက္ နာမည္ႀကီးသြားခဲ့တဲ့ ဒီဇာတ္ကားကေတာ့ ၁၉၈၂ ခုႏွစ္မွာထြက္တဲ့ ဇာတ္ကားျဖစ္ပါတယ္။ ကမာၻေျမေပၚ လာၿပီးေသာင္တင္ေနတဲ့ အီးတီဆိုတဲ့ ၿဂိဳဟ္သားအေၾကာင္းကို ဒီဇာတ္ကားမွာၾကည့္ရႈရမွာျဖစ္ပါတယ္။ သေဘာေကာင္းတဲ့ ေကာင္ေလးက အီးတီကိုေတြ႕သြားၿပီး အိမ္မွာဝွက္ထားေပးပါတယ္။ အဲဒီေနာက္ အီးတီ ေနထိုင္မေကာင္းျဖစ္လာတဲ့အခ်ိန္မွာ အစိုးရကၾကားဝင္လာပါေတာ့တယ္။

Terminator 2- Judgement Day
ဒီဇာတ်ကားဟာလည်း ကမ္ဘာပေါ်မှာထွက်ရှိခဲ့ဖူးသမျှ ရုပ်ရှင်ကားတွေထဲမှာလူကြည့် အများဆုံးရုပ်ရှင်ကားစာရင်းထဲဝင်ပါတယ်။ ဒီလောက်အထိ လူကြိုက်များရတဲ့အ ကြောင်းတရားတွေ အများကြီးရှိပြီး အဲဒီထဲကတစ်ခုကတော့ မင်းသားကြီးအာနိုး ကြောင့်ပါပဲ။ မင်းသားကြီးရဲ့ သရုပ်ဆောင်ချက်တွေ၊ ဖိုက်တင်ခန်းတွေကို ပရိသတ်တွေဘယ် လောက်အထိကြိုက်သလဲဆိုရင် သူရုပ်ရှင်လောကကအနားယူပြီး ကယ်လီဖိုးနီးယားပြည် နယ်အုပ်ချုပ်ရေးမှူးနေရာအတွက်လည်း ဝင်အရွေးခံရောတစ်ခါတည်းတန်းအရွေးခံရတဲ့အထိပါပဲ။

zawgyi version
Terminator 2- Judgement Day
ဒီဇာတ္ကားဟာလည္း ကမာၻေပၚမွာထြက္ရွိခဲ့ဖူးသမွ် ႐ုပ္ရွင္ကားေတြထဲမွာလူၾကည့္ အမ်ားဆုံး႐ုပ္ရွင္ကားစာရင္းထဲဝင္ပါတယ္။ ဒီေလာက္အထိ လူႀကိဳက္မ်ားရတဲ့အ ေၾကာင္းတရားေတြ အမ်ားႀကီးရွိၿပီး အဲဒီထဲကတစ္ခုကေတာ့ မင္းသားႀကီးအာႏိုးေၾကာင့္ပါပဲ။ မင္းသားႀကီးရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြ၊ ဖိုက္တင္ခန္းေတြကို ပရိသတ္ေတြဘယ္ ေလာက္အထိႀကိဳက္သလဲဆိုရင္ သူ႐ုပ္ရွင္ေလာကကအနားယူၿပီး ကယ္လီဖိုးနီးယားျပည္ နယ္အုပ္ခ်ဳပ္ေရးမႉးေနရာအတြက္လည္း ဝင္အေ႐ြးခံေရာတစ္ခါတည္းတန္းအေ႐ြးခံရတဲ့အထိပါပဲ။

The Lion King
တခြားနာမည်ကြီးကားတွေ မကြည့်ဖူးရင်တောင် ဒီကာတွန်းကားကိုတော့လူတိုင်းကြည့်ဖူးကြမှာပါ။ ဒီကာတွန်းကားထွက်တာ နှစ်တွေမနည်းတော့ဘူးဆိုပေမယ့်ပြန်ကြည့်လိုက်တိုင်း မရိုးရပါဘူး။ ဇာတ်ကားကတော့ ခြင်္သေ့ဘုရင်ကြီး မူဖာဆာရဲ့သားတော်ဆင်းဘား ခမည်းတော်ရဲ့ အရိုက်အရာဆက်ခံဖို့ လုပ်တဲ့နေရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဝမ်းနည်းစရာတွေ၊ ဟာသလေးတွေနှောပြီးတင်ဆက်ထားတာပါ။ ကာတွန်းကားဆိုပေမယ့် ဇာတ်လမ်းဇာတ်အိမ် သိပ်ကောင်းလို့ကလေးတွေသာမက လူကြီးတွေပါကြိုက်ကြပါတယ်။ ဒါကြောင့်လည်း လူကြည့်အများဆုံး ရုပ်ရှင်ကားတစ်ကားဖြစ်နေတော့တာပေါ့။

zawgyi version
The Lion King
တျခားနာမည္ႀကီးကားေတြ မၾကည့္ဖူးရင္ေတာင္ ဒီကာတြန္းကားကိုေတာ့လူတိုင္းၾကည့္ဖူးၾကမွာပါ။ ဒီကာတြန္းကားထြက္တာ ႏွစ္ေတြမနည္းေတာ့ဘူးဆိုေပမယ့္ျပန္ၾကည့္လိုက္တိုင္း မ႐ိုးရပါဘူး။ ဇာတ္ကားကေတာ့ ျခေသၤ့ဘုရင္ႀကီး မူဖာဆာရဲ႕သားေတာ္ဆင္းဘား ခမည္းေတာ္ရဲ႕ အ႐ိုက္အရာဆက္ခံဖို႔ လုပ္တဲ့ေနရာမွာ ႀကဳံေတြ႕ရတဲ့အခက္အခဲေတြကို ဝမ္းနည္းစရာေတြ၊ ဟာသေလးေတြေႏွာၿပီးတင္ဆက္ထားတာပါ။ ကာတြန္းကားဆိုေပမယ့္ ဇာတ္လမ္းဇာတ္အိမ္ သိပ္ေကာင္းလို႔ကေလးေတြသာမက လူႀကီးေတြပါႀကိဳက္ၾကပါတယ္။ ဒါေၾကာင့္လည္း လူၾကည့္အမ်ားဆုံး ႐ုပ္ရွင္ကားတစ္ကားျဖစ္ေနေတာ့တာေပါ့။

Star Wars Episode IV – A new Hope
Star Wars Episode IV ( four) – A new Hope ဆိုတဲ့ ဇာတ်ကားကတော့ အာကာသ
ဇာတ်ကားဖြစ်ပြီး လူဆိုးတွေက မင်းသမီး လီယာကို ဖမ်းဆီးသွားကြပါတယ်။ မင်းသားတွေကမင်းသမီးကို မရရအောင်သွားကယ်ပြီး အာကာသမှာလွတ်လပ်မှုနဲ့ဥပဒေစိုးမိုးမှု
ပြန်ရရေးအတွက် ကြိုးစားခဲ့ကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။

zawgyi version
Star Wars Episode IV – A new Hope
Star Wars Episode IV ( four) – A new Hope ဆိုတဲ့ ဇာတ္ကားကေတာ့ အာကာသဇာတ္ကားျဖစ္ၿပီး လူဆိုးေတြက မင္းသမီး လီယာကို ဖမ္းဆီးသြားၾကပါတယ္။ မင္းသားေတြကမင္းသမီးကို မရ ရေအာင္သြားကယ္ၿပီး အာကာသမွာလြတ္လပ္မႈနဲ႔ဥပေဒစိုးမိုးမႈျပန္ရေရးအတြက္ ႀကိဳးစားခဲ့ၾကပုံကို ႐ိုက္ကူးတင္ဆက္ထားပါတယ္။

Avatar
ဒီဇာတ်ကားဟာလည်း ဂြိုဟ်သားကားပဲဖြစ်ပါတယ်။ သူတို့ဂြိုဟ်သားကမ္ဘာမှာနေထိုင်တဲ့ မူလမျိုးရင်းဂြိုဟ်သားတွေကို နေဗီလို့ခေါ်ပြီး နေဗီနဲ့လူသားပေါင်းဖက်ရာကနပေါ်လာတဲ့ မျိုးဆက်ကိုတော့ အဗာတာလို့ခေါ်ပါတယ်။ အဗာတာတွေနဲ့ နေဗီတွေ တိုက်ကြခိုက်ကြ
တာကို ဇာတ်ကားမှာ မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကား ၂၀၀၉ ခုနှစ်မှာထွက်တော့ပရိသတ်တွေရုံပြည့်ရုံလျှံ ဝက်ဝက်ကွဲအားပေးခဲ့ကြပါတယ်။

zawgyi version
Avatar
ဒီဇာတ္ကားဟာလည္း ၿဂိဳဟ္သားကားပဲျဖစ္ပါတယ္။ သူတို႔ၿဂိဳဟ္သားကမာၻမွာေနထိုင္တဲ့ မူလမ်ိဳးရင္းၿဂိဳဟ္သားေတြကို ေနဗီလို႔ေခၚၿပီး ေနဗီနဲ႔လူသားေပါင္းဖက္ရာကနေပၚလာတဲ့ မ်ိဳးဆက္ကိုေတာ့ အဗာတာလို႔ေခၚပါတယ္။ အဗာတာေတြနဲ႔ ေနဗီေတြ တိုက္ၾကခိုက္ၾကတာကို ဇာတ္ကားမွာ ျမင္ေတြ႕ရမွာပါ။ ဒီ႐ုပ္ရွင္ကား ၂၀၀၉ ခုႏွစ္မွာထြက္ေတာ့ပရိသတ္ေတြ႐ုံျပည့္႐ုံလွ်ံ ဝက္ဝက္ကြဲအားေပးခဲ့ၾကပါတယ္။

Titanic
ဒီကားကိုတော့ လူကြီးလူငယ်မရွေး ကြည့်ဖူးကြမှာပါပဲ။ လီယိုနာဒို ဒီကပ်ရီယိုနဲ့ကိတ်ဝင်း စလက်တို့ နုနုနယ်နယ် လှလှပပ အရွယ်မှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ဇာတ်ကားပေါ့။ ဒီကားမှာ ဂုဏ်ရည်မတူတဲ့သမီးရည်းစားအကြောင်းကို ရှုစားရမှာဖြစ်ပြီးနောက်ပိုင်းမှာတော့ သင်္ဘောကြီးနစ်မြုပ်သွားပါတော့တယ်။ သင်္ဘောကြီး မြုပ်သွားတာကြောင့်သင်္ဘောပေါ်က ခရီးသည်အများစု သေကျေပျက်စီးကုန်ကြပါတော့တယ်။ ဝင်ငွေအများဆုံးရတဲ့ ရုပ်ရှင်ကားတွေထဲမှာ ဒီဇာတ်ကားလည်းပါပါတယ်။

zawgyi version
Titanic
ဒီကားကိုေတာ့ လူႀကီးလူငယ္မေ႐ြး ၾကည့္ဖူးၾကမွာပါပဲ။ လီယိုနာဒို ဒီကပ္ရီယိုနဲ႔ကိတ္ဝင္း စလက္တို႔ ႏုႏုနယ္နယ္ လွလွပပ အ႐ြယ္မွာ ပါဝင္သ႐ုပ္ေဆာင္ထားၾကတဲ့ဇာတ္ကားေပါ့။ ဒီကားမွာ ဂုဏ္ရည္မတူတဲ့သမီးရည္းစားအေၾကာင္းကို ရႈစားရမွာျဖစ္ၿပီးေနာက္ပိုင္းမွာေတာ့ သေဘၤာႀကီးနစ္ျမဳပ္သြားပါေတာ့တယ္။ သေဘၤာႀကီး ျမဳပ္သြားတာေၾကာင့္သေဘၤာေပၚက ခရီးသည္အမ်ားစု ေသေက်ပ်က္စီးကုန္ၾကပါေတာ့တယ္။ ဝင္ေငြအမ်ားဆုံးရတဲ့ ႐ုပ္ရွင္ကားေတြထဲမွာ ဒီဇာတ္ကားလည္းပါပါတယ္။

Related news

© 2021. All rights reserved.