ကွမ်းခြံကုန်းမြို့နယ်တွင် လှည့်ကင်းစစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ

 1679

NP News - နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး တောင်းပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးတနောကျေးရွာ၊ ကော့မှူး-ကွမ်းခြံကုန်းကားလမ်းတွင် နိုဝင်ဘာလ (၅) ရက် ည (၁ဝ) နာရီဝန်းကျင်ခန့်၌ လှည့်ကင်းစစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ခိုက်မှုလုပ်ရပ်အား NUG ၏ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၇) ဦး ထက်မနည်း သေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က နိုဝင်ဘာလ (၆) ရက် တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီသတင်းပြန်ကြားရေးသို့ မေးမြန်းရာ " နိုဝင်ဘာလ (၅) ရက်၊ ည (၁ဝ) နာရီခန့်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ဒေးတနောကျေးရွာ၊ ကော့မှူး-ကွမ်းခြံကုန်း ကားလမ်းသို့ ရောက်ရှိစဉ် ပြည်တွင်းတည်ငြိမ်ရေးအား မလိုလားသူများက လမ်းဘေး မီတာ (၁ဝဝ) ခန့်ရှိ ဝဲ၊ ယာ နှစ်ဘက်မှ မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ကြောင့် အရပ်သားလက်နက်ကိုင်သမားးများသည် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ (၆) ရက်တွင် ပြောကြားသည်။

မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်နေရာတွင် အချင်း (၃) လက်မ၊ အလျား (၁) ပေခွဲခန့်ရှိ လက်လုပ်စိန်ပြောင်း (၁) လက်၊ အရှည်ပေ (၁၅ဝ) ခန့်ရှိ ဝါယာကြိုး (၁) ချောင်း၊ ၅.၅၆ ကျည်ခွံ (၈၇) ခုနှင့် (၅ ဒသမ ၅၆) ကျည် (၁၁) တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖောက်ခွဲတိုက်ခိုက်အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့သည့် ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီသတင်းပြန်ကြားရေးထံမှ သိရသည်။

Zawgyi Version;
ကြမ္းၿခံကုန္းၿမိဳ႕နယ္တြင္ လွည့္ကင္းစစ္ကားတစ္စီး မိုင္းခြဲတိုက္ခိုက္ခံရ
NP News - ႏိုဝင္ဘာ ၇
ရန္ကုန္တိုင္းေဒသႀကီး ေတာင္းပိုင္းခ႐ိုင္၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ေဒးတေနာေက်း႐ြာ၊ ေကာ့မႉး-ကြမ္းၿခံကုန္းကားလမ္းတြင္ ႏိုဝင္ဘာလ (၅) ရက္ ည (၁ဝ) နာရီဝန္းက်င္ခန႔္၌ လွည့္ကင္းစစ္ကားတစ္စီး မိုင္းဆြဲတိုက္ခိုက္ျခင္း ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

အဆိုပါတိုက္ခိုက္မႈလုပ္ရပ္အား NUG ၏ ရန္ကုန္တိုင္း စစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕က လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ (၇) ဦး ထက္မနည္း ေသဆုံးၿပီး (၁၃) ဦး ဒဏ္ရာရရွိေၾကာင္း NUG ၏ ကာကြယ္ေရးဝန္ႀကီးဌာန၊ ရန္ကုန္တိုင္း စစ္ေဒသခြဲ ကြပ္ကဲေရးအဖြဲ႕က ႏိုဝင္ဘာလ (၆) ရက္ တြင္ သတင္းထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေကာင္စီသတင္းျပန္ၾကားေရးသို႔ ေမးျမန္းရာ " ႏိုဝင္ဘာလ (၅) ရက္၊ ည (၁ဝ) နာရီခန႔္တြင္ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ေဒးတေနာေက်း႐ြာ၊ ေကာ့မႉး-ကြမ္းၿခံကုန္း ကားလမ္းသို႔ ေရာက္ရွိစဥ္ ျပည္တြင္းတည္ၿငိမ္ေရးအား မလိုလားသူမ်ားက လမ္းေဘး မီတာ (၁ဝဝ) ခန႔္ရွိ ဝဲ၊ ယာ ႏွစ္ဘက္မွ မိုင္းခြဲတိုက္ခိုက္ျခင္း၊ လက္နက္ငယ္မ်ားျဖင့္ စတင္ပစ္ခတ္ခဲ့သည့္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ျပန္လည္ပစ္ခတ္ခဲ့ေၾကာင့္ အရပ္သားလက္နက္ကိုင္သမားးမ်ားသည္ အေနာက္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း ျပန္ၾကားေရးတာဝန္ရွိသူတစ္ဦးက ႏိုဝင္ဘာလ (၆) ရက္တြင္ ေျပာၾကားသည္။

မိုင္းခြဲတိုက္ခိုက္မႈ ျဖစ္စဥ္ေနရာတြင္ အခ်င္း (၃) လက္မ၊ အလ်ား (၁) ေပခြဲခန႔္ရွိ လက္လုပ္စိန္ေျပာင္း (၁) လက္၊ အရွည္ေပ (၁၅ဝ) ခန႔္ရွိ ဝါယာႀကိဳး (၁) ေခ်ာင္း၊ ၅.၅၆ က်ည္ခြံ (၈၇) ခုႏွင့္ (၅ ဒသမ ၅၆) က်ည္ (၁၁) ေတာင့္တို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ေဖာက္ခြဲတိုက္ခိုက္အၾကမ္းဖက္မႈမ်ားလုပ္ေဆာင္ခဲ့သည့္ က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း စစ္ေကာင္စီသတင္းျပန္ၾကားေရးထံမွ သိရသည္။

Related news

© 2021. All rights reserved.