Moon Light Operationအဖွဲ့မှအဖွဲ့ဝင်(၂၇)ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ

 4159

NP News - နိုဝင်ဘာ ၉
Moon Light Operation အဖွဲ့မှ အဖွဲ့ဝင်အမျိုးသား(၂၂) ဦး၊ အမျိုးသမီး (၅) ဦး၊ စုစုပေါင်း ၂၇ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီဘက်က နိုင်ဝင်ဘာလ (၈)ရက်ညပိုင်းက ထုတ်ပြန်သည်။ Moon Light Operation အဖွဲ့နှင့် ယင်းအဖွဲ့က ဦး ဆောင်ဖွဲ့စည်းထားသည့် Star Light Operation အဖွဲ့သည် အင်းစိန်မြို့နယ်၊ လှိုင်မြို့ နယ်နှင့် လှည်းကူးမြို့နယ်များအတွင်း ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ လုံခြုံရေးပူးပေါင်းအဖွဲ့မှ အောက်တိုဘာလ ၂၃ ရက်တွင် အင်းစိန်မြို့ နယ်၊ အောင်ဆန်းရပ်ကွက်၊ သီဟိုဠ်ကျောင်းလမ်း၊ အမှတ်(၅၆၁)နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ အောင်ကောင်းစံ(ခ)ကောင်းကောင်း(၁၇)နှစ်၊ ရှိုင်းအောင်(ခ)ဝိုင်းချစ် (၂၂)နှစ်နှင့် နေမင်းထက်(၁၈)နှစ်တို့ (၃) ဦး အား လက်လုပ်ဗုံး (၂) လုံး၊ ဗျောက်အိုး (၂၂) ဗူး၊ ဓါတ်ငွေ့ကာမျက်နှာဖုံး (၃) ခု၊ ဓါတ်ငွေ့ကာမျက်မှန် (၃) ခုနှင့် အခြားဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း၊ နေမင်းထက်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၃ ရက်တွင် အင်းစိန်မြို့နယ်အတွင်း ဖောက်ခွဲရေး ဆောင်ရွက်နေသော သူရိန်(ခ)နိုင်လင်းခန့် (၁၈)နှစ်၊ ဘုန်းမြတ်လှိုင်(၁၈)နှစ်၊ ဆန်းရတနာကျော် (၁၇) နှစ်၊ ခိုင်မာစိုး(၁၈) နှစ်နှင့် စောဝင်းကိုကိုထွန်း(၃၁)နှစ်တို့ (၅) ဦးအား TOYOTA Vitz အမျိုးအစားမော် တော်ယာဉ်(၁)စီးနှင့်အတူ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ ကွယ်ကဘောဆေးရုံ အနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် သူရိန်(ခ)နိုင်လင်းခန့်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၃ ရက်နေ့မှာပင် အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ)ရပ်ကွက်၊ (က-၆)လမ်း၊ အမှတ်(၁၂၃) နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရားခံ ကျော်ကျော်အောင် (၃၁) နှစ် မှာ တိမ်းရှောင်လျက်ရှိပြီး ဇွဲကိုကို(၂၂)နှစ်နှင့် သန့်ဇင်မျိုး(၃၈)နှစ်တို့အား လက်လုပ်မိုင်း (၁၀) လုံး၊ ဂျင်ကလိ (၅၀) ချောင်း၊ ဝါယာမျိုးစုံ (၃) ခွေ၊ စက်ဘီးကုန်းသီး (၂၂) လုံး၊ အခြားဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၄ ရက်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းရပ်ကွက်၊ အမှတ်(၆၆၃)နေအိမ်သို့ ဝင်ရောက် ရှာဖွေခဲ့ရာအောင်ချမ်းမြေ့(၁၈)နှစ်အား Glock ပစ္စတို (၁) လက်၊ ကျည်အိမ် (၁) ခု၊ ကျည် (၂၀) တောင့်နှင့် လည်းကောင်း၊ သူရိန်(ခ)နိုင်လင်းခန့် နေထိုင်ခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်၊ လေး ထောင့်ကန်လမ်း၊ တိုက်အမှတ်(၈)၊ (၆)လွှာတိုက်ခန်းအား ဝင်ရောက် ရှာဖွေခဲ့ရာ လက် လုပ်ဗုံးမျိုးစုံ (၁၃) လုံးအား လည်းကောင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ (၉)လမ်း၌ မိုးကျော်သူ(ခ)ကွမ်းသီး(၃၂)နှစ်အား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သူရိန်(ခ)နိုင်လင်းခန့်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၉ ရက်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅) ရပ်ကွက် ရှိ “အောင်မြတ်စံ” လက်ဘက်ရည်ဆိုင်၌ တရားခံ အာ ကာဖြိုး(၂ဝ)နှစ်၊ စိုင်းဖြိုးမင်းဝင်း(ခ) ကိုစိုင်း (၂၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်မြို့နယ်၊ ရွာမ(အနောက်)ရပ်ကွက်၊ မုဒိတာအိမ်ယာ(၂)၊ အမှတ်(၄၈၆) နအိမ်၌ နွေးနွေးလှိုင်(ခ) ခင်သစ္စာ (၃၅)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ ဖမ်းဆီး ရမိသည့် တရားခံများ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၉ ရက်တွင် ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ စိန်ခြယ်လမ်း၊ အမှတ်(၂၄၈/က) နေအိမ်အား သွားရောက်ရှာဖွေစဉ် နေအိမ်အတွင်းမှ ခုခံပစ်ခတ်သဖြင့် လုံခြုံရေး အဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ဖမ်း ဆီးရာ အဆိုပါနေအိမ်မှ ကျော်စည်သူ (၃၉)နှစ်နှင့် သီဟအောင်(၃၆)နှစ်တို့အားချိန် ကိုက်ဗုံး (၃)လုံး၊ လက်လုပ်မိုင်း (၅) လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လှိုင်မြို့နယ်၊ (၁) ရပ်ကွက်၊ ဦးအေး(၃)လမ်း၊ အမှတ်(၉၃) နေအိမ်မှ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူ ဆုသစ္စာ (၁၉)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၁ ရက်တွင် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၌ ခင်မောင်ချို (ခ)ချာတိတ် (၆၂)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ပါရမီလမ်း၌ ဇေယျာလင်း(၃၄)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရေးသားထားသည်။

ခင်မောင်ချို(ခ)ချာတိတ် ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂ ရက် တွင် လှည်းကူးမြို့ နယ်၊ ဒကူတုန်းကျေးရွာနေ ဖမ်းဆီးရန်ကျန် တရားခံ ကိုအောင်(ခ) အောင်အောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ကျော်ကျော်လွင် (၂၉) နှစ် နှင့် အေးအေးမွန်(၃၃)နှစ်တို့ (၂) ဦးအား ယမ်းမှုန့် (၁) ထုပ်၊ လက်လုပ်ဒုံးသီး (၇) လုံး၊ လက်လုပ်ဗုံး (၁) လုံး၊ လက်လုပ်ချိန်ကိုက်မိုင်း (၂) လုံး၊ ဂြိုလ်တုဖုန်း (၃) လုံး၊ Laptop (၃) လုံး၊ CD (၅ဝ) ချပ်ပါ (၁) ထုပ်၊ ဂျင်ကလိ (၂) ချောင်း၊ M-22 ကျည် (၆၅) တောင့်၊ ပြုလုပ်ဆဲ လက်လုပ်ဗုံး (၄ဝ) လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အေးအေးမွန်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂ ရက်တွင် ဒကူတုန်းကျေးရွာ၊ အ နောက်ဘက် တောင်ယာတဲအတွင်းမှ စိုးကြူမျိုး(ခ)အာနိုး (၂၁)နှစ်အား M-16 သေနတ် (၁) လက်၊ ၎င်းကျည်အိမ် (၁) ခု၊ M-22 သေနတ် (၁) လက်၊ ၎င်းကျည်အိမ် (၁) ခု၊ ၁၂ ဗို့သေနတ် (၁) လက်၊ တူမီးသေနတ် (၁) လက်၊ ၅.၅၆ ကျည် (၅၀) တာင့်၊ ၁၂ ဗို့ကျည် (၂ဝ)တောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ စိုးကြူမျိုး(ခ)အာနိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂ ရက်တွင် ဒကူတုန်းကျေးရွာ အနောက်ဘက် တောင်ယာတဲအ နီးမှ ဇော်ဇော်ထက်(၂၃)နှစ်နှင့် သက်ပိုင်ဦး(၂၉)နှစ်တို့ ၂ ဦးအား Sigsauer ပစ္စတို (၁) လက်၊ ကျည်အိမ် (၁) ခု၊ ၎င်းကျည် (၂၀) တောင့်နှင့် လည်းကောင်း၊ မျိုးမင်းနိုင်(၃၉)နှစ်နှင့် ခင်မောင်ဦး(၆၆)နှစ်တို့ (၂) ဦးအား လက်လုပ်သေနတ် (၁) လက်နှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မျိုးမင်းနိုင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၄ ရက်တွင် တွံတေး မြို့နယ်၊ ကျွဲလမ်းကျေးရွာရှိ ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကျော်လင်း(ခ) တရုတ်လေး ၏ ငါးကန်မှ လက်လုပ်သေနတ် (၁) လက်၊ လက်လုပ်စိန်ပြောင်း (၅) လက်၊ လက်လုပ် စိန်ပြောင်းဗုံးသီး (၁၆၈) လုံး၊ လက်လုပ်ဗုံး (၅ဝ) လုံး၊ လက်လှည့် ယမ်းကြိတ်ကိရိယာ (၁) ခု၊ ဂျင်ကလိ (၁၅) ချောင်းတို့အား လည်းကောင်း၊ နိုဝင်ဘာလ ၇ ရက်တွင် ငါးကန်အား ထပ်မံရှာဖွေရာ လက်လုပ် စိန်ပြောင်း (၁) လက်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများထဲမှ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့မှုအနေဖြင့် ဆုသစ္စာမှာ KNLA တပ်မဟာ(၆) နယ်မြေတွင်လည်းကောင်း၊ စိုးကြူမျိုး(ခ)အာနိုးမှာ ဖြိုးမာန်ဦး (ငါးဆူတောင် ရွာနေသူ)၏ ချိတ်ဆက် ပေးမှုဖြင့် KNLA တပ်မဟာ(၇)နယ်မြေတွင် လည်းကောင်း ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ ဇော်ဇော်ထက် နှင့် သက်ပိုင်ဦး တို့မှာ ကျော်ကျော်လင်း(ခ)တရုတ်လေး နေထိုင်သည့် တွံတေးမြို့နယ်၊ ကျွဲလမ်းရွာ၊ ငါးကန်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်း ရေးသားထားသည်။

ခင်မောင်ချို(ခ) ချာတိတ်၏ ထွက်ဆိုချက်အရ ကျော်မင်းယု(ခ)ဂျင်မီ ဦးဆောင်သော Moon Light Operation အဖွဲ့မှ ဖမ်းဆီးရန်ကျန်သည့် စောသက်ထွန်း (ခ)တည်ကြည် နှင့် တင်မောင်လွင် တို့မှ Star Light Operation အဖွဲ့အား ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဩဂုတ်လ (၈) ရက်တွင် အင်အား(၂၀)ဦးဖြင့် စတင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ Star Light Operation အဖွဲ့အား ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လက်နက်/ခဲယမ်းများအား အောက်တိုဘာလ (၇) ရက် တွင် Moon Light Operation အဖွဲ့မှ ဖမ်းဆီးရန်ကျန် စောသက်ထွန်း(ခ)တည်ကြည်သည် NUG မှ ဦးလွင်ကိုလတ် နှင့် ဆက်သွယ်၍ Star Light Operation အဖွဲ့ခေါင်းဆောင် ခင်မောင်ချို(ခ)ချာတိတ် ထံသို့ M-16 (၄) လက်၊ AK-47 (၂)လက်၊ MK-12 (၂)လက်၊ 12-V Short Gun (၂)လက်၊ ၉မမ ကျည် (၁၈၀)တောင့်၊ AK-47 ကျည် (၃၆ဝ)တောင့်၊ M-16 ကျည် (၃၅၀)တောင့်တို့အား တွံတေးမြို့နယ်၊ ကျွဲလမ်းရွာရှိ ငါးကန်တွင် ပေးအပ်ခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်း ရေးသားထားသည်။

ခင်မောင်ချို(ခ) ချာတိတ်၊ သက်ပိုင်ဦး၊ မျိုးမင်းနိုင်၊ ဇော်ဇော်ထက်၊ ဇေယျာလင်းနှင့် ခင်မောင်ဦးတို့မှာ ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တွံတေးမြို့နယ်၊ ကျွဲလမ်းရွာရှိ ဖမ်းဆီးရန်ကျန် ကျော်ကျော်လင်း (ခ) တရုတ်လေး၏ ငါးကန်တွင် လက်လုပ်ဗုံးများ၊ လက်လုပ်သေနတ်များ ပြုလုပ်ခဲ့ကြောင်း၊ Star Light Operation အဖွဲ့တွင် လက်လုပ်ဗုံးများ ပြုလုပ်ရန် လိုအပ်သော ငွေကြေးအား တွံတေးမြို့နယ်၊ NLD ပါတီ ဘဏ္ဍာရေးမှူး ဟောင်း ဖမ်းဆီးရန်ကျန် ကိုကိုလတ်နှင့် ကျော်ကျော်လင်း(ခ)တရုတ်လေးတို့မှ ထောက်ပံ့ပေးခဲ့သည်ကို ဖော်ထုတ် သိရှိရကြောင်း ဖော်ပြထားသည်။

ခင်မောင်ချို(ခ)ချာတိတ် မှ Moon Light Operation လုပ်ဆောင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ခွဲထားရှိမှုနှင့် ပတ်သက်၍ စုံစမ်းရန် ဖမ်းဆီးရန်ကျန် အောင်ပိုင်ထက်(ခ) မိထက် အား တွံတေးနှင့် လှည်းကူးမြို့နယ်အား လည်းကောင်း၊ ဖမ်းဆီးရန်ကျန် ပြည့်စိုးနိုင်(ခ) သံချောင်း(ခ)ပီနို အား ရန်ကင်း၊ ဒလနှင့် မင်္ဂလာဒုံမြို့နယ်တို့အား လည်းကောင်း၊ ဖမ်းဆီးရန်ကျန် အောင်အောင်(ခ) ကိုအောင်အား မရမ်းကုန်းမြို့နယ်အား လည်းကောင်း တာဝန် ပေးအပ်ထားသည်ကို ဖော်ထုတ်သိရှိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Moon Light Operation အဖွဲ့မှ ကျော်မင်းယု(ခ)ဂျင်မီအနေဖြင့် ဖောက်ခွဲရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး Star Light Operation အဖွဲ့အား တွံတေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၊ တွံတေးမြို့မရဲစခန်း၊ ဘုရားငုတ်တိုကျေးရွာ ရဲကင်းနှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့မှူး (၁) ဦးအား လည်းကောင်း၊ လှည်းကူးမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ မြေစာရင်းရုံး၊ EPC ရုံး၊ သမဝါယမရုံး၊ မြိုမရဲစခန်းနှင့် ၃-လမ်းဆုံ လုံခြုံရေးစခန်းတို့အား လည်ကောင်း၊ ဒလမြို့နယ်ရှိ မှော်စက်ရစဖရုံး၊ မြို့ဝင်ဆိပ်ကြီးနှင့်လုံခြုံရေးစခန်းတို့အားလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ စည်ပင်ရုံး နှင့် ကညနရုံးတို့အားလည်း ကောင်း၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်ရဲစခန်း၊ ရပ်ကွက် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၊ EPC ရုံးနှင့် လမ်းဆုံမီးပွိုင့် တို့အား လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ရန် ညွှန်ကြားစေခိုင်းထားသည်ကို ဖော်ထုတ် သိရှိရကြောင်းလည်း သိရသည်။

မျိုးမင်းနိုင်သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် လှိုင်မြိုင်နယ်၊ သီရိမင်္ဂလာဈေး ကွမ်းဒိုင်ပိုင်ရှင် ဦးအုန်းထွန်း အား လည်းကောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် တွံတေးမြို့၊ ကွမ်းခြံကုန်း ရပ်ကွက်၊ ထန်းညီနောင်ဆန်စက်လမ်းနေ ဦးစိန်လွင်အား လည်းကောင်း ဓားဖြင့်လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ကျူးလွန်ခဲ့ကြောင်း၊ မိုးကျော်သူ(ခ)ကွမ်းသီးသည် အောက်တိုဘာလ ၁၃ ရက်တွင် လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ တပ်မတော်ဒန်သတ္တုစက်ရုံ ၏ အုတ်တံတိုင်းအနီးတွင် လက်လုပ် ချိန်ကိုက်မိုင်း (၁) လုံးအားဖောက် ခွဲ ခဲ့ကြောင်းနှင့် အောက်တိုဘာလ ၂၀ ရက်တွင် လှိုင်မြို့နယ်၊ သီရိမြိုင် ဘူတာ အနီးရှိ ပြည်သူ ဦးသိန်းဦး အား သွားရောက်လုပ်ကြံရာတွင် တရားခံ မိုးကျော်သူ(ခ) ကွမ်းသီး၊ ဆုသစ္စာတို့မှာ ကင်းထောက်ပေး၍ ဖမ်းဆီးရန်ကျန် ဇော်ဇော်မှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖြစ်စဉ်တွင် တရားခံ ကျား (၂၂) ဦး၊ မ (၅) ဦး၊ ပေါင်း (၂၇) ဦး၊ လက်နက်ငယ်မျိုးစုံ (၅) လက်၊ တူမီးသေနတ် (၁) လက်၊ လက်လုပ်သေနတ် (၂) လက်၊ ကျည်အိမ်မျိုးစုံ (၄) ခု၊ ကျည်မျိုးစုံ (၁၇၅) တောင့်၊ ယမ်းမှုန့် (၁) ထုပ်၊ လက်လုပ်စိန်ပြောင်း (၆) လက်၊ လက် လုပ်စိန်ပြောင်းဗုံးသီး (၁၇၅) လုံး၊ လက်လုပ်ဗုံးမျိုးစုံ (၁၂၆) လုံး၊ ဂျင်ကလိ (၆၇)ချောင်း၊ ဂြိုလ်တုဖုန်း (၃) လုံး၊ ဓါတ်ငွေ့ကာမျက်နှာဖုံး (၃) ခု၊ ဓါတ်ငွေ့ကာမျက်မှန် (၃) ခု၊ Laptop (၃) လုံး၊ ယမ်းကြိတ်ကိရိယာ (၁) ခုနှင့်အတူ အခြားဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။

zawgyi version
Moon Light Operationအဖြဲ႕မွအဖြဲ႕ဝင္(၂၇)ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူဖမ္းမိ
NP News - ႏိုဝင္ဘာ ၉
Moon Light Operation အဖြဲ႕မွ အဖြဲ႕ဝင္အမ်ိဳးသား(၂၂) ဦး၊ အမ်ိဳးသမီး (၅) ဦး၊ စုစုေပါင္း ၂၇ ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း စစ္ေကာင္စီဘက္က ႏိုင္ဝင္ဘာလ (၈)ရက္ညပိုင္းက ထုတ္ျပန္သည္။ Moon Light Operation အဖြဲ႕ႏွင့္ ယင္းအဖြဲ႕က ဦး ေဆာင္ဖြဲ႕စည္းထားသည့္ Star Light Operation အဖြဲ႕သည္ အင္းစိန္ၿမိဳ႕နယ္၊ လႈိင္ၿမိဳ႕ နယ္ႏွင့္ လွည္းကူးၿမိဳ႕နယ္မ်ားအတြင္း ေဖာက္ခြဲေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

စစ္ေကာင္စီ၏ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မွ ေအာက္တိုဘာလ ၂၃ ရက္တြင္ အင္းစိန္ၿမိဳ႕ နယ္၊ ေအာင္ဆန္းရပ္ကြက္၊ သီဟိုဠ္ေက်ာင္းလမ္း၊ အမွတ္(၅၆၁)ေနအိမ္သို႔ သတင္းအရ ဝင္ေရာက္ရွာေဖြရာ ေအာင္ေကာင္းစံ(ခ)ေကာင္းေကာင္း(၁၇)ႏွစ္၊ ရႈိင္းေအာင္(ခ)ဝိုင္းခ်စ္ (၂၂)ႏွစ္ႏွင့္ ေနမင္းထက္(၁၈)ႏွစ္တို႔ (၃) ဦး အား လက္လုပ္ဗုံး (၂) လုံး၊ ေဗ်ာက္အိုး (၂၂) ဗူး၊ ဓါတ္ေငြ႕ကာမ်က္ႏွာဖုံး (၃) ခု၊ ဓါတ္ေငြ႕ကာမ်က္မွန္ (၃) ခုႏွင့္ အျခားဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ေနမင္းထက္၏ ထြက္ဆိုခ်က္အရ ေအာက္တိုဘာလ ၂၃ ရက္တြင္ အင္းစိန္ၿမိဳ႕နယ္အတြင္း ေဖာက္ခြဲေရး ေဆာင္႐ြက္ေနေသာ သူရိန္(ခ)ႏိုင္လင္းခန႔္ (၁၈)ႏွစ္၊ ဘုန္းျမတ္လႈိင္(၁၈)ႏွစ္၊ ဆန္းရတနာေက်ာ္ (၁၇) ႏွစ္၊ ခိုင္မာစိုး(၁၈) ႏွစ္ႏွင့္ ေစာဝင္းကိုကိုထြန္း(၃၁)ႏွစ္တို႔ (၅) ဦးအား TOYOTA Vitz အမ်ိဳးအစားေမာ္ ေတာ္ယာဥ္(၁)စီးႏွင့္အတူ အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမအေရွ႕ရပ္ကြက္၊ မင္းႀကီးလမ္း၊ ကြယ္ကေဘာေဆး႐ုံ အနီးတြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ သူရိန္(ခ)ႏိုင္လင္းခန႔္၏ ထြက္ဆိုခ်က္အရ ေအာက္တိုဘာလ ၂၃ ရက္ေန႔မွာပင္ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ (က+ခ)ရပ္ကြက္၊ (က-၆)လမ္း၊ အမွတ္(၁၂၃) ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ တရားခံ ေက်ာ္ေက်ာ္ေအာင္ (၃၁) ႏွစ္ မွာ တိမ္းေရွာင္လ်က္ရွိၿပီး ဇြဲကိုကို(၂၂)ႏွစ္ႏွင့္ သန႔္ဇင္မ်ိဳး(၃၈)ႏွစ္တို႔အား လက္လုပ္မိုင္း (၁၀) လုံး၊ ဂ်င္ကလိ (၅၀) ေခ်ာင္း၊ ဝါယာမ်ိဳးစုံ (၃) ေခြ၊ စက္ဘီးကုန္းသီး (၂၂) လုံး၊ အျခားဆက္စပ္ ပစၥည္းမ်ားႏွင့္အတူ ထပ္မံဖမ္းဆီး ခဲ့ေၾကာင္း၊ ေအာက္တိုဘာလ ၂၄ ရက္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ သမိုင္းရပ္ကြက္၊ အမွတ္(၆၆၃)ေနအိမ္သို႔ ဝင္ေရာက္ ရွာေဖြခဲ့ရာေအာင္ခ်မ္းေျမ့(၁၈)ႏွစ္အား Glock ပစၥတို (၁) လက္၊ က်ည္အိမ္ (၁) ခု၊ က်ည္ (၂၀) ေတာင့္ႏွင့္ လည္းေကာင္း၊ သူရိန္(ခ)ႏိုင္လင္းခန႔္ ေနထိုင္ခဲ့သည့္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ (ဆ/က)ရပ္ကြက္၊ ေလး ေထာင့္ကန္လမ္း၊ တိုက္အမွတ္(၈)၊ (၆)လႊာတိုက္ခန္းအား ဝင္ေရာက္ ရွာေဖြခဲ့ရာ လက္ လုပ္ဗုံးမ်ိဳးစုံ (၁၃) လုံးအား လည္းေကာင္း၊ လႈိင္ၿမိဳ႕နယ္၊ သီရိၿမိဳင္ရပ္ကြက္၊ (၉)လမ္း၌ မိုးေက်ာ္သူ(ခ)ကြမ္းသီး(၃၂)ႏွစ္အား လည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

သူရိန္(ခ)ႏိုင္လင္းခန႔္၏ ထြက္ဆိုခ်က္အရ ေအာက္တိုဘာလ ၂၉ ရက္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၅) ရပ္ကြက္ ရွိ “ေအာင္ျမတ္စံ” လက္ဘက္ရည္ဆိုင္၌ တရားခံ အာ ကာၿဖိဳး(၂ဝ)ႏွစ္၊ စိုင္းၿဖိဳးမင္းဝင္း(ခ) ကိုစိုင္း (၂၈)ႏွစ္တို႔အား ဖမ္းဆီးရမိခဲ့ၿပီး အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမ(အေနာက္)ရပ္ကြက္၊ မုဒိတာအိမ္ယာ(၂)၊ အမွတ္(၄၈၆) နအိမ္၌ ေႏြးေႏြးလႈိင္(ခ) ခင္သစၥာ (၃၅)ႏွစ္အား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ေဖာ္ျပထားသည္။ ဖမ္းဆီး ရမိသည့္ တရားခံမ်ား၏ ထြက္ဆိုခ်က္အရ ေအာက္တိုဘာလ ၂၉ ရက္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၅)ရပ္ကြက္၊ စိန္ျခယ္လမ္း၊ အမွတ္(၂၄၈/က) ေနအိမ္အား သြားေရာက္ရွာေဖြစဥ္ ေနအိမ္အတြင္းမွ ခုခံပစ္ခတ္သျဖင့္ လုံၿခဳံေရး အဖြဲ႕ဝင္မ်ားမွ ျပန္လည္ပစ္ခတ္ဖမ္း ဆီးရာ အဆိုပါေနအိမ္မွ ေက်ာ္စည္သူ (၃၉)ႏွစ္ႏွင့္ သီဟေအာင္(၃၆)ႏွစ္တို႔အားခ်ိန္ ကိုက္ဗုံး (၃)လုံး၊ လက္လုပ္မိုင္း (၅) လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး လႈိင္ၿမိဳ႕နယ္၊ (၁) ရပ္ကြက္၊ ဦးေအး(၃)လမ္း၊ အမွတ္(၉၃) ေနအိမ္မွ အၾကမ္းဖက္သင္တန္းတက္ေရာက္ခဲ့သူ ဆုသစၥာ (၁၉)ႏွစ္အား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္းႏွင့္ ႏိုဝင္ဘာလ ၁ ရက္တြင္ လႈိင္ၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္၌ ခင္ေမာင္ခ်ိဳ (ခ)ခ်ာတိတ္ (၆၂)ႏွစ္အား ဖမ္းဆီးရမိခဲ့ၿပီး ၎၏ ထြက္ဆိုခ်က္အရ လႈိင္ၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္၊ ပါရမီလမ္း၌ ေဇယ်ာလင္း(၃၄)ႏွစ္အား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ေရးသားထားသည္။

ခင္ေမာင္ခ်ိဳ(ခ)ခ်ာတိတ္ ၏ ထြက္ဆိုခ်က္အရ ႏိုဝင္ဘာလ ၂ ရက္ တြင္ လွည္းကူးၿမိဳ႕ နယ္၊ ဒကူတုန္းေက်း႐ြာေန ဖမ္းဆီးရန္က်န္ တရားခံ ကိုေအာင္(ခ) ေအာင္ေအာင္၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေက်ာ္ေက်ာ္လြင္ (၂၉) ႏွစ္ ႏွင့္ ေအးေအးမြန္(၃၃)ႏွစ္တို႔ (၂) ဦးအား ယမ္းမႈန႔္ (၁) ထုပ္၊ လက္လုပ္ဒုံးသီး (၇) လုံး၊ လက္လုပ္ဗုံး (၁) လုံး၊ လက္လုပ္ခ်ိန္ကိုက္မိုင္း (၂) လုံး၊ ၿဂိဳလ္တုဖုန္း (၃) လုံး၊ Laptop (၃) လုံး၊ CD (၅ဝ) ခ်ပ္ပါ (၁) ထုပ္၊ ဂ်င္ကလိ (၂) ေခ်ာင္း၊ M-22 က်ည္ (၆၅) ေတာင့္၊ ျပဳလုပ္ဆဲ လက္လုပ္ဗုံး (၄ဝ) လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ေအးေအးမြန္၏ ထြက္ဆိုခ်က္အရ ႏိုဝင္ဘာလ ၂ ရက္တြင္ ဒကူတုန္းေက်း႐ြာ၊ အ ေနာက္ဘက္ ေတာင္ယာတဲအတြင္းမွ စိုးၾကဴမ်ိဳး(ခ)အာႏိုး (၂၁)ႏွစ္အား M-16 ေသနတ္ (၁) လက္၊ ၎က်ည္အိမ္ (၁) ခု၊ M-22 ေသနတ္ (၁) လက္၊ ၎က်ည္အိမ္ (၁) ခု၊ ၁၂ ဗို႔ေသနတ္ (၁) လက္၊ တူမီးေသနတ္ (၁) လက္၊ ၅.၅၆ က်ည္ (၅၀) တာင့္၊ ၁၂ ဗို႔က်ည္ (၂ဝ)ေတာင့္တို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း၊ စိုးၾကဴမ်ိဳး(ခ)အာႏိုး၏ ထြက္ဆိုခ်က္အရ ႏိုဝင္ဘာလ ၂ ရက္တြင္ ဒကူတုန္းေက်း႐ြာ အေနာက္ဘက္ ေတာင္ယာတဲအ နီးမွ ေဇာ္ေဇာ္ထက္(၂၃)ႏွစ္ႏွင့္ သက္ပိုင္ဦး(၂၉)ႏွစ္တို႔ ၂ ဦးအား Sigsauer ပစၥတို (၁) လက္၊ က်ည္အိမ္ (၁) ခု၊ ၎က်ည္ (၂၀) ေတာင့္ႏွင့္ လည္းေကာင္း၊ မ်ိဳးမင္းႏိုင္(၃၉)ႏွစ္ႏွင့္ ခင္ေမာင္ဦး(၆၆)ႏွစ္တို႔ (၂) ဦးအား လက္လုပ္ေသနတ္ (၁) လက္ႏွင့္ လည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

မ်ိဳးမင္းႏိုင္၏ ထြက္ဆိုခ်က္အရ ႏိုဝင္ဘာလ ၄ ရက္တြင္ တြံေတး ၿမိဳ႕နယ္၊ ကြၽဲလမ္းေက်း႐ြာရွိ ဖမ္းဆီးရန္က်န္ တရားခံ ေက်ာ္ေက်ာ္လင္း(ခ) တ႐ုတ္ေလး ၏ ငါးကန္မွ လက္လုပ္ေသနတ္ (၁) လက္၊ လက္လုပ္စိန္ေျပာင္း (၅) လက္၊ လက္လုပ္ စိန္ေျပာင္းဗုံးသီး (၁၆၈) လုံး၊ လက္လုပ္ဗုံး (၅ဝ) လုံး၊ လက္လွည့္ ယမ္းႀကိတ္ကိရိယာ (၁) ခု၊ ဂ်င္ကလိ (၁၅) ေခ်ာင္းတို႔အား လည္းေကာင္း၊ ႏိုဝင္ဘာလ ၇ ရက္တြင္ ငါးကန္အား ထပ္မံရွာေဖြရာ လက္လုပ္ စိန္ေျပာင္း (၁) လက္အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ားထဲမွ ေဖာက္ခြဲေရးသင္တန္း တက္ေရာက္ခဲ့မႈအေနျဖင့္ ဆုသစၥာမွာ KNLA တပ္မဟာ(၆) နယ္ေျမတြင္လည္းေကာင္း၊ စိုးၾကဴမ်ိဳး(ခ)အာႏိုးမွာ ၿဖိဳးမာန္ဦး (ငါးဆူေတာင္ ႐ြာေနသူ)၏ ခ်ိတ္ဆက္ ေပးမႈျဖင့္ KNLA တပ္မဟာ(၇)နယ္ေျမတြင္ လည္းေကာင္း ေဖာက္ခြဲေရးသင္တန္းမ်ား တက္ေရာက္ခဲ့ေၾကာင္း၊ ေဇာ္ေဇာ္ထက္ ႏွင့္ သက္ပိုင္ဦး တို႔မွာ ေက်ာ္ေက်ာ္လင္း(ခ)တ႐ုတ္ေလး ေနထိုင္သည့္ တြံေတးၿမိဳ႕နယ္၊ ကြၽဲလမ္း႐ြာ၊ ငါးကန္၌ ေဖာက္ခြဲေရးသင္တန္း တက္ေရာက္ခဲ့သည္ကို ေဖာ္ထုတ္သိရွိရေၾကာင္း ေရးသားထားသည္။

ခင္ေမာင္ခ်ိဳ(ခ) ခ်ာတိတ္၏ ထြက္ဆိုခ်က္အရ ေက်ာ္မင္းယု(ခ)ဂ်င္မီ ဦးေဆာင္ေသာ Moon Light Operation အဖြဲ႕မွ ဖမ္းဆီးရန္က်န္သည့္ ေစာသက္ထြန္း (ခ)တည္ၾကည္ ႏွင့္ တင္ေမာင္လြင္ တို႔မွ Star Light Operation အဖြဲ႕အား ေဖာက္ခြဲေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ ဩဂုတ္လ (၈) ရက္တြင္ အင္အား(၂၀)ဦးျဖင့္ စတင္ဖြဲ႕စည္းေပးခဲ့ေၾကာင္း၊ Star Light Operation အဖြဲ႕အား ေဖာက္ခြဲေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ လက္နက္/ခဲယမ္းမ်ားအား ေအာက္တိုဘာလ (၇) ရက္ တြင္ Moon Light Operation အဖြဲ႕မွ ဖမ္းဆီးရန္က်န္ ေစာသက္ထြန္း(ခ)တည္ၾကည္သည္ NUG မွ ဦးလြင္ကိုလတ္ ႏွင့္ ဆက္သြယ္၍ Star Light Operation အဖြဲ႕ေခါင္းေဆာင္ ခင္ေမာင္ခ်ိဳ(ခ)ခ်ာတိတ္ ထံသို႔ M-16 (၄) လက္၊ AK-47 (၂)လက္၊ MK-12 (၂)လက္၊ 12-V Short Gun (၂)လက္၊ ၉မမ က်ည္ (၁၈၀)ေတာင့္၊ AK-47 က်ည္ (၃၆ဝ)ေတာင့္၊ M-16 က်ည္ (၃၅၀)ေတာင့္တို႔အား တြံေတးၿမိဳ႕နယ္၊ ကြၽဲလမ္း႐ြာရွိ ငါးကန္တြင္ ေပးအပ္ခဲ့သည္ကို ေဖာ္ထုတ္သိရွိရေၾကာင္း ေရးသားထားသည္။

ခင္ေမာင္ခ်ိဳ(ခ) ခ်ာတိတ္၊ သက္ပိုင္ဦး၊ မ်ိဳးမင္းႏိုင္၊ ေဇာ္ေဇာ္ထက္၊ ေဇယ်ာလင္းႏွင့္ ခင္ေမာင္ဦးတို႔မွာ ေဖာက္ခြဲေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ တြံေတးၿမိဳ႕နယ္၊ ကြၽဲလမ္း႐ြာရွိ ဖမ္းဆီးရန္က်န္ ေက်ာ္ေက်ာ္လင္း (ခ) တ႐ုတ္ေလး၏ ငါးကန္တြင္ လက္လုပ္ဗုံးမ်ား၊ လက္လုပ္ေသနတ္မ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ Star Light Operation အဖြဲ႕တြင္ လက္လုပ္ဗုံးမ်ား ျပဳလုပ္ရန္ လိုအပ္ေသာ ေငြေၾကးအား တြံေတးၿမိဳ႕နယ္၊ NLD ပါတီ ဘ႑ာေရးမႉး ေဟာင္း ဖမ္းဆီးရန္က်န္ ကိုကိုလတ္ႏွင့္ ေက်ာ္ေက်ာ္လင္း(ခ)တ႐ုတ္ေလးတို႔မွ ေထာက္ပံ့ေပးခဲ့သည္ကို ေဖာ္ထုတ္ သိရွိရေၾကာင္း ေဖာ္ျပထားသည္။

ခင္ေမာင္ခ်ိဳ(ခ)ခ်ာတိတ္ မွ Moon Light Operation လုပ္ေဆာင္ရန္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕မ်ား ျဖန႔္ခြဲထားရွိမႈႏွင့္ ပတ္သက္၍ စုံစမ္းရန္ ဖမ္းဆီးရန္က်န္ ေအာင္ပိုင္ထက္(ခ) မိထက္ အား တြံေတးႏွင့္ လွည္းကူးၿမိဳ႕နယ္အား လည္းေကာင္း၊ ဖမ္းဆီးရန္က်န္ ျပည့္စိုးႏိုင္(ခ) သံေခ်ာင္း(ခ)ပီႏို အား ရန္ကင္း၊ ဒလႏွင့္ မဂၤလာဒုံၿမိဳ႕နယ္တို႔အား လည္းေကာင္း၊ ဖမ္းဆီးရန္က်န္ ေအာင္ေအာင္(ခ) ကိုေအာင္အား မရမ္းကုန္းၿမိဳ႕နယ္အား လည္းေကာင္း တာဝန္ ေပးအပ္ထားသည္ကို ေဖာ္ထုတ္သိရွိရေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

Moon Light Operation အဖြဲ႕မွ ေက်ာ္မင္းယု(ခ)ဂ်င္မီအေနျဖင့္ ေဖာက္ခြဲေရး လုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ေရး Star Light Operation အဖြဲ႕အား တြံေတးၿမိဳ႕နယ္ရွိ နယ္ေျမခံတပ္ရင္း၊ တြံေတးၿမိဳ႕မရဲစခန္း၊ ဘုရားငုတ္တိုေက်း႐ြာ ရဲကင္းႏွင့္ ရပ္ကြက္စီမံအုပ္ခ်ဳပ္ေရး အဖြဲ႕မႉး (၁) ဦးအား လည္းေကာင္း၊ လွည္းကူးၿမိဳ႕နယ္ရွိ ေထြ/အုပ္႐ုံး၊ ေျမစာရင္း႐ုံး၊ EPC ႐ုံး၊ သမဝါယမ႐ုံး၊ ၿမိဳမရဲစခန္းႏွင့္ ၃-လမ္းဆုံ လုံၿခဳံေရးစခန္းတို႔အား လည္ေကာင္း၊ ဒလၿမိဳ႕နယ္ရွိ ေမွာ္စက္ရစဖ႐ုံး၊ ၿမိဳ႕ဝင္ဆိပ္ႀကီးႏွင့္လုံၿခဳံေရးစခန္းတို႔အားလည္းေကာင္း၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ ေထြ/အုပ္႐ုံး၊ စည္ပင္႐ုံး ႏွင့္ ကညန႐ုံးတို႔အားလည္း ေကာင္း၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္ရဲစခန္း၊ ရပ္ကြက္ စီမံအုပ္ခ်ဳပ္ေရး အဖြဲ႕႐ုံး၊ EPC ႐ုံးႏွင့္ လမ္းဆုံမီးပြိဳင့္ တို႔အား လက္လုပ္ဗုံးျဖင့္ တိုက္ခိုက္ရန္ ၫႊန္ၾကားေစခိုင္းထားသည္ကို ေဖာ္ထုတ္ သိရွိရေၾကာင္းလည္း သိရသည္။

မ်ိဳးမင္းႏိုင္သည္ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔တြင္ လႈိင္ၿမိဳင္နယ္၊ သီရိမဂၤလာေဈး ကြမ္းဒိုင္ပိုင္ရွင္ ဦးအုန္းထြန္း အား လည္းေကာင္း၊ ဇူလိုင္လ ၁၈ ရက္ေန႔တြင္ တြံေတးၿမိဳ႕၊ ကြမ္းၿခံကုန္း ရပ္ကြက္၊ ထန္းညီေနာင္ဆန္စက္လမ္းေန ဦးစိန္လြင္အား လည္းေကာင္း ဓားျဖင့္လုပ္ႀကံသတ္ျဖတ္ရာတြင္ ပါဝင္က်ဴးလြန္ခဲ့ေၾကာင္း၊ မိုးေက်ာ္သူ(ခ)ကြမ္းသီးသည္ ေအာက္တိုဘာလ ၁၃ ရက္တြင္ လႈိင္ၿမိဳ႕နယ္၊ အုတ္က်င္းဘူတာ႐ုံလမ္းရွိ တပ္မေတာ္ဒန္သတၱဳစက္႐ုံ ၏ အုတ္တံတိုင္းအနီးတြင္ လက္လုပ္ ခ်ိန္ကိုက္မိုင္း (၁) လုံးအားေဖာက္ ခြဲ ခဲ့ေၾကာင္းႏွင့္ ေအာက္တိုဘာလ ၂၀ ရက္တြင္ လႈိင္ၿမိဳ႕နယ္၊ သီရိၿမိဳင္ ဘူတာ အနီးရွိ ျပည္သူ ဦးသိန္းဦး အား သြားေရာက္လုပ္ႀကံရာတြင္ တရားခံ မိုးေက်ာ္သူ(ခ) ကြမ္းသီး၊ ဆုသစၥာတို႔မွာ ကင္းေထာက္ေပး၍ ဖမ္းဆီးရန္က်န္ ေဇာ္ေဇာ္မွ ပစၥတိုေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ျဖစ္စဥ္တြင္ တရားခံ က်ား (၂၂) ဦး၊ မ (၅) ဦး၊ ေပါင္း (၂၇) ဦး၊ လက္နက္ငယ္မ်ိဳးစုံ (၅) လက္၊ တူမီးေသနတ္ (၁) လက္၊ လက္လုပ္ေသနတ္ (၂) လက္၊ က်ည္အိမ္မ်ိဳးစုံ (၄) ခု၊ က်ည္မ်ိဳးစုံ (၁၇၅) ေတာင့္၊ ယမ္းမႈန႔္ (၁) ထုပ္၊ လက္လုပ္စိန္ေျပာင္း (၆) လက္၊ လက္ လုပ္စိန္ေျပာင္းဗုံးသီး (၁၇၅) လုံး၊ လက္လုပ္ဗုံးမ်ိဳးစုံ (၁၂၆) လုံး၊ ဂ်င္ကလိ (၆၇)ေခ်ာင္း၊ ၿဂိဳလ္တုဖုန္း (၃) လုံး၊ ဓါတ္ေငြ႕ကာမ်က္ႏွာဖုံး (၃) ခု၊ ဓါတ္ေငြ႕ကာမ်က္မွန္ (၃) ခု၊ Laptop (၃) လုံး၊ ယမ္းႀကိတ္ကိရိယာ (၁) ခုႏွင့္အတူ အျခားဆက္စပ္ပစၥည္းမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္အရသိရသည္။

Related news

© 2021. All rights reserved.