ချစ်ခရီးလမ်းရဲ့ပန်းတိုင်ကို ရောက်ရှိလာခဲ့ပြီဆိုတဲ့ သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူတို့စုံတွဲ

 921

NP News - နိုဝင်ဘာ ၉
သရုပ်ဆောင်မောင်(ခ) စိန်ဖြိုးလှိုင်နဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူတို့ချစ်သူနှစ်ဦးဟာ လာမယ့် ၂ဝ၂၂ ခုနှစ် အတွင်းမှာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို ကျင်းပသွားမှာဖြစ်တယ်လို့ ၎င်းတို့ကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် ရီရီပွင့်ဖြူထံ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမှတ်တရရုပ်သံဖိုင်လေးနဲ့တကွ ပရိသတ်တွေကို တရားဝင်အသိပေးလိုက်တာဖြစ်ပါတယ်။

စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့စုံတွဲဟာ ချစ်သူသက်တမ်း(၈) နှစ်ရှိပြီဖြစ်ပြီး ၎င်းတို့ဟာ စတွဲချိန်ကတည်း တစ်ဦးအပေါ်တစ်ဦး အိမ်ထောင်ဖက်အဖြစ်ရည်ရွယ်ကာ အိမ်ထောင်ပြုမယ့်နှစ်ကို သတ်မှတ်ခဲ့ကြကြောင်း၊ ချစ်သူသက်တမ်းတစ်လျှောက်လုံးမှာလည်း အပြန်အလှန် နားလည်မှုအပြည့်ဖြင့် ဖြတ်သန်းခဲ့ကြကြောင်း ရုပ်သံဖိုင်ထဲမှာ ထည့်သွင်းပြောပြခဲ့ပါတယ်။

“(၈) နှစ်တာလုံးလုံး ပျော်ရွှင်ခြင်း၊ နားလည်ခြင်း၊ ယုံကြည်ခြင်းတွေနဲ့တည်ဆောက်ခဲ့တဲ့ အချစ်တစ်ခုကတော့ အားလုံးပြည့်စုံပြီ အဆင်သင့်ဖြစ်ပြီဆိုတဲ့ ဒီအချိန်မှာ ပန်းတိုင်ကိုရောက်ရှိခဲ့ပါပြီ။ ဘဝဆိုတာ အခန်းငယ်လေးတွေ အများကြီးနဲ့ဖွဲ့စည်းထားတဲ့ခရီးတစ်ခုသာဆို လက်ထပ်ခြင်းဆိုတာက အခန်းငယ်လေးတစ်ခန်းရဲ့ ပန်းတိုင်လည်းဖြစ်သလို နောက်တစ်ခန်းရဲ့ တာထွက်လည်း ဖြစ်တယ်။ ပျော်ရွှင်ရင်ခုန်စွာနဲ့ နောက်ထပ် အနာဂတ် Plan အသစ် တွေဆီကို ဆက်သွားရပါတော့မယ်” လို့ သရုပ်ဆောင် မောင်က ၎င်းတို့နှစ်ဦးအတူ အသုံးပြုတဲ့ Sein Phyo & Yi ဖေ့ဘွတ်စ်ပေ့ချ်မှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမှတ်တရပုံလေးနဲ့တကွ ပြန်လည်ဖော်ပြခဲ့တာပါ။

သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ သရုပ်ဆောင် မောင်(ခ) ဒေါက်တာစိန်ဖြိုးလှိုင်ဟာ ၎င်းရဲ့ချစ်သူမိန်းကလေး ရီရီပွင့်ဖြူကို လက်ထပ်ခွင့်တောင်းတော့မှာဖြစ်ကြောင်း အစ်မဖြစ်သူ နန္ဒာလှိုင်ထံ အကြံဉာဏ်တောင်း ဖွင့်ပြောပြချိန်မှာ အစ်မဖြစ်သူ နန္ဒာလှိုင်ကိုယ်တိုင်က မတော်ရသေးတဲ့ ယောင်းမလေးအတွက် စေ့စပ်လက်စွပ် ပြုလုပ်ဖို့ စိန်ပွင့်များ ထုတ်ပေးခဲ့တယ်လို့လည်း စိန်ဖြိုးလှိုင်ရဲ့ ပြောစကားအရ သိရပါတယ်။

စိန်ဖြိုးလှိုင်ကတော့ ရီရီပွင့်ဖြူထံ လက်ထပ်ခွင့်တောင်းဖို့ စိန်လက်စွပ်ဒီဇိုင်းကို အတော်လေးစဉ်းစားခဲ့ရပြီး နောက်ဆုံးမှာတော့ ရီရီပွင့်ဖြူ ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းအတိုင်းသာ လုပ်ပေးခဲ့ခြင်းဖြစ်တယ်လို့လည်း ပြောပါတယ်။
သတို့သမီးလောင်းလေးဖြစ်တဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူကတော့ စိန်ဖြိုးလှိုင်က သူ့ကို လက်ထပ်ခွင့်တောင်းချိန်မှာ အများလိုမျိုး အံသြသွားအောင် စပရိုက်တိုက်တာမျိုးမဟုတ်ဘဲ စိန်တုံးကို လက်ထဲထည့်ပေးပြီး လက်စွပ်လုပ်ဖို့ ကြိုက်တဲ့ဒီဇိုင်းရွေးလို့ပြောခဲ့ကာ အဲဒီလိုအပြုအမူက သူ့အတွက် ပိုပြီးသက်တောင့်သက်သာဖြစ်စေခဲ့တယ်လို့(ရယ်မောလျက်) ပြောပြထားတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူတို့ဟာ သူတို့ရဲ့မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် နှစ်စပိုင်းကတည်းက ကြိုတင်စီစဉ်ခဲ့ကြပေမယ့် ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် နောက်ရွေ့လိုက်ခြင်းဖြစ်တယ်လို့ သိရကာ လာမယ့် ၂ဝ၂၂ ခုနှစ် ဝါမဝင်မီတော့ မင်္ဂလာပွဲကျင်းပသွားဖြစ်မယ်လို့ အသိပေးထားပါတယ်။

Zawgyi Version;
ခ်စ္ခရီးလမ္းရဲ႕ပန္းတိုင္ကို ေရာက္ရွိလာခဲ့ၿပီဆိုတဲ့ သ႐ုပ္ေဆာင္ ေမာင္နဲ႔ ရီရီပြင့္ျဖဴတို႔စုံတြဲ
NP News - ႏိုဝင္ဘာ ၉
သ႐ုပ္ေဆာင္ေမာင္(ခ) စိန္ၿဖိဳးလႈိင္နဲ႔ သ႐ုပ္ေဆာင္ ရီရီပြင့္ျဖဴတို႔ခ်စ္သူႏွစ္ဦးဟာ လာမယ့္ ၂ဝ၂၂ ခုႏွစ္ အတြင္းမွာ သူတို႔ႏွစ္ေယာက္ရဲ႕မဂၤလာပြဲကို က်င္းပသြားမွာျဖစ္တယ္လို႔ ၎တို႔ကိုယ္တိုင္အသုံးျပဳတဲ့ လူမႈကြန္ရက္ေတြကတစ္ဆင့္ ရီရီပြင့္ျဖဴထံ လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ အမွတ္တရ႐ုပ္သံဖိုင္ေလးနဲ႔တကြ ပရိသတ္ေတြကို တရားဝင္အသိေပးလိုက္တာျဖစ္ပါတယ္။

စိန္ၿဖိဳးလႈိင္နဲ႔ ရီရီပြင့္ျဖဴတို႔စုံတြဲဟာ ခ်စ္သူသက္တမ္း(၈) ႏွစ္ရွိၿပီျဖစ္ၿပီး ၎တို႔ဟာ စတြဲခ်ိန္ကတည္း တစ္ဦးအေပၚတစ္ဦး အိမ္ေထာင္ဖက္အျဖစ္ရည္႐ြယ္ကာ အိမ္ေထာင္ျပဳမယ့္ႏွစ္ကို သတ္မွတ္ခဲ့ၾကေၾကာင္း၊ ခ်စ္သူသက္တမ္းတစ္ေလွ်ာက္လုံးမွာလည္း အျပန္အလွန္ နားလည္မႈအျပည့္ျဖင့္ ျဖတ္သန္းခဲ့ၾကေၾကာင္း ႐ုပ္သံဖိုင္ထဲမွာ ထည့္သြင္းေျပာျပခဲ့ပါတယ္။

“(၈) ႏွစ္တာလုံးလုံး ေပ်ာ္႐ႊင္ျခင္း၊ နားလည္ျခင္း၊ ယုံၾကည္ျခင္းေတြနဲ႔တည္ေဆာက္ခဲ့တဲ့ အခ်စ္တစ္ခုကေတာ့ အားလုံးျပည့္စုံၿပီ အဆင္သင့္ျဖစ္ၿပီဆိုတဲ့ ဒီအခ်ိန္မွာ ပန္းတိုင္ကိုေရာက္ရွိခဲ့ပါၿပီ။ ဘဝဆိုတာ အခန္းငယ္ေလးေတြ အမ်ားႀကီးနဲ႔ဖြဲ႕စည္းထားတဲ့ခရီးတစ္ခုသာဆို လက္ထပ္ျခင္းဆိုတာက အခန္းငယ္ေလးတစ္ခန္းရဲ႕ ပန္းတိုင္လည္းျဖစ္သလို ေနာက္တစ္ခန္းရဲ႕ တာထြက္လည္း ျဖစ္တယ္။ ေပ်ာ္႐ႊင္ရင္ခုန္စြာနဲ႔ ေနာက္ထပ္ အနာဂတ္ Plan အသစ္ ေတြဆီကို ဆက္သြားရပါေတာ့မယ္” လို႔ သ႐ုပ္ေဆာင္ ေမာင္က ၎တို႔ႏွစ္ဦးအတူ အသုံးျပဳတဲ့ Sein Phyo & Yi ေဖ့ဘြတ္စ္ေပ့ခ်္မွာ လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ အမွတ္တရပုံေလးနဲ႔တကြ ျပန္လည္ေဖာ္ျပခဲ့တာပါ။

သ႐ုပ္ေဆာင္ နႏၵာလႈိင္ရဲ႕ ေမာင္ျဖစ္သူ သ႐ုပ္ေဆာင္ ေမာင္(ခ) ေဒါက္တာစိန္ၿဖိဳးလႈိင္ဟာ ၎ရဲ႕ခ်စ္သူမိန္းကေလး ရီရီပြင့္ျဖဴကို လက္ထပ္ခြင့္ေတာင္းေတာ့မွာျဖစ္ေၾကာင္း အစ္မျဖစ္သူ နႏၵာလႈိင္ထံ အႀကံဉာဏ္ေတာင္း ဖြင့္ေျပာျပခ်ိန္မွာ အစ္မျဖစ္သူ နႏၵာလႈိင္ကိုယ္တိုင္က မေတာ္ရေသးတဲ့ ေယာင္းမေလးအတြက္ ေစ့စပ္လက္စြပ္ ျပဳလုပ္ဖို႔ စိန္ပြင့္မ်ား ထုတ္ေပးခဲ့တယ္လို႔လည္း စိန္ၿဖိဳးလႈိင္ရဲ႕ ေျပာစကားအရ သိရပါတယ္။

စိန္ၿဖိဳးလႈိင္ကေတာ့ ရီရီပြင့္ျဖဴထံ လက္ထပ္ခြင့္ေတာင္းဖို႔ စိန္လက္စြပ္ဒီဇိုင္းကို အေတာ္ေလးစဥ္းစားခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ ရီရီပြင့္ျဖဴ ႀကိဳက္ႏွစ္သက္တဲ့ ဒီဇိုင္းအတိုင္းသာ လုပ္ေပးခဲ့ျခင္းျဖစ္တယ္လို႔လည္း ေျပာပါတယ္။
သတို႔သမီးေလာင္းေလးျဖစ္တဲ့ သ႐ုပ္ေဆာင္ ရီရီပြင့္ျဖဴကေတာ့ စိန္ၿဖိဳးလႈိင္က သူ႔ကို လက္ထပ္ခြင့္ေတာင္းခ်ိန္မွာ အမ်ားလိုမ်ိဳး အံၾသသြားေအာင္ စပ႐ိုက္တိုက္တာမ်ိဳးမဟုတ္ဘဲ စိန္တုံးကို လက္ထဲထည့္ေပးၿပီး လက္စြပ္လုပ္ဖို႔ ႀကိဳက္တဲ့ဒီဇိုင္းေ႐ြးလို႔ေျပာခဲ့ကာ အဲဒီလိုအျပဳအမူက သူ႔အတြက္ ပိုၿပီးသက္ေတာင့္သက္သာျဖစ္ေစခဲ့တယ္လို႔(ရယ္ေမာလ်က္) ေျပာျပထားတာလည္းျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ေမာင္နဲ႔ ရီရီပြင့္ျဖဴတို႔ဟာ သူတို႔ရဲ႕မဂၤလာပြဲကိုေတာ့ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ ႏွစ္စပိုင္းကတည္းက ႀကိဳတင္စီစဥ္ခဲ့ၾကေပမယ့္ ကိုဗစ္နဲ႔ ႏိုင္ငံေရးအေျခအေနေၾကာင့္ ေနာက္ေ႐ြ႕လိုက္ျခင္းျဖစ္တယ္လို႔ သိရကာ လာမယ့္ ၂ဝ၂၂ ခုႏွစ္ ဝါမဝင္မီေတာ့ မဂၤလာပြဲက်င္းပသြားျဖစ္မယ္လို႔ အသိေပးထားပါတယ္။

Related news

© 2021. All rights reserved.