ဂျပန်နိုင်ငံမှ ဆန်းဆန်းပြားပြားဝန်ဆောင်မှုများ

 864

ဝတီ(NP News) - နိုဝင်ဘာ ၁၁
ဂျပန်နိုင်ငံဟာ တမူထူးခြားတဲ့နိုင်ငံပါ။ ဘယ်လောက်တောင် ထူးခြားသလဲဆိုရင်အဲဒီမှာရနိုင်တဲ့ ဝန်ဆောင်မှုတွေကအစထူးခြားနေပါတယ်။ ဂျပန်နိုင်ငံမှာရနိုင်တဲ့ ဒီဝန်ဆောင်မှုတွေအကြောင်းကိုအဆုံးအထိ ကြည့်ကြည့်လိုက်ရင် မအံ့သြတဲ့လူရယ်လို့ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အဲဒါတွေကဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

zawgyi version
ဂ်ပန္ႏိုင္ငံမွ ဆန္းဆန္းျပားျပားဝန္ေဆာင္မႈမ်ား
ဝတီ(NP News) - ႏိုဝင္ဘာ ၁၁
ဂ်ပန္ႏိုင္ငံဟာ တမူထူးျခားတဲ့ႏိုင္ငံပါ။ ဘယ္ေလာက္ေတာင္ ထူးျခားသလဲဆိုရင္အဲဒီမွာရႏိုင္တဲ့ ဝန္ေဆာင္မႈေတြကအစထူးျခားေနပါတယ္။ ဂ်ပန္ႏိုင္ငံမွာရႏိုင္တဲ့ ဒီဝန္ေဆာင္မႈေတြအေၾကာင္းကိုအဆုံးအထိ ၾကည့္ၾကည့္လိုက္ရင္ မအံ့ၾသတဲ့လူရယ္လို႔ရွိမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ အဲဒါေတြကဘာေတြလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

အငှားရည်းစားဝန်ဆောင်မှု
ကိုယ့်မှာကောင်မလေးမရှိဘူး၊ ကောင်မလေးတွေကိုလည်း မချည်းကပ်ရဲဘူး၊ အတွေ့အ ကြုံလည်းလိုချင်တယ်ဆိုရင်ငှားလို့ရပါတယ်။ တစ်နာရီ(၇၇)ဒေါ်လာပေးရင် သူစိမ်းမိန်း ကလေးငယ်ငယ်လေးနဲ့ဖက်အိပ်ခွင့်ရမှာပါ။ တစ်နာရီနဲ့မလုံလောက်သေးဘူးဆိုရင်တော့ ငွေထပ်ပေးရပါတယ်။ ကိုယ်စားလှယ်ကုမ္ပဏီကချပေးတဲ့မိန်းကလေးမဟုတ်ဘဲ ကိုယ်ကြိုက်တဲ့ မိန်းကလေးကိုမှရွေးချင်တယ်ဆိုရင်လည်း (၁၉)ဒေါ်လာစွန်းစွန်းထပ်ပေးရဦးမှာပါ။ ဒါ့အပြင် ကိုယ်ကရည်းစားမရှိသေးတဲ့ မိန်းကလေးဆိုရင်လည်း ကိုယ်နဲ့အဖော် လုပ်ပေးမယ့် ရည်းစားကောင်လေးငှားလို့ရပါသေးတယ်။ ဒီလိုရည်းစားအတုငှားရင်တော့ ပက်ကေ့ဂျ်လိုက်ပေးရပါမယ်။ အနည်းဆုံးပက်ကေ့ဂျ်ကတော့ ခုနစ်နာရီစာကို (၃၆၄) ဒေါ်လာပါတဲ့။ ဒါပေမဲ့ကောင်မလေး ငှားတဲ့နေရာမှာရော၊ ကောင်လေးငှားတဲ့နေရာမှာပါသတ်မှတ်ထားတဲ့အချက်တွေပဲလုပ်လို့ရပါတယ်။ နမ်းရှုံ့တာ၊ ပလူးပလဲလုပ်တာမျိုးလုံးဝသွားလုပ်လို့မရပါဘူး။ ကိုယ်က ကိုယ်ငှားထားတဲ့လူကို သဘောကျလို့ရည်းစားအဖြစ် အ တည်အတံ့တွဲချင်တယ်ဆိုရင် ကိုယ်စားလှယ်ကုမ္ပဏီကို ပွင့်ပွင့်လင်းလင်းပြောပြအ ကြောင်းကြားရပါမယ်။

zawgyi version
အငွားရည္းစားဝန္ေဆာင္မႈ
ကိုယ့္မွာေကာင္မေလးမရွိဘူး၊ ေကာင္မေလးေတြကိုလည္း မခ်ည္းကပ္ရဲဘူး၊ အေတြ႕အ ႀကဳံလည္းလိုခ်င္တယ္ဆိုရင္ငွားလို႔ရပါတယ္။ တစ္နာရီ(၇၇)ေဒၚလာေပးရင္ သူစိမ္းမိန္း ကေလးငယ္ငယ္ေလးနဲ႔ဖက္အိပ္ခြင့္ရမွာပါ။ တစ္နာရီနဲ႔မလုံေလာက္ေသးဘူးဆိုရင္ေတာ့ ေငြထပ္ေပးရပါတယ္။ ကိုယ္စားလွယ္ကုမၸဏီကခ်ေပးတဲ့မိန္းကေလးမဟုတ္ဘဲ ကိုယ္ႀကိဳက္တဲ့ မိန္းကေလးကိုမွေ႐ြးခ်င္တယ္ဆိုရင္လည္း (၁၉)ေဒၚလာစြန္းစြန္းထပ္ေပးရဦးမွာပါ။ ဒါ့အျပင္ ကိုယ္ကရည္းစားမရွိေသးတဲ့ မိန္းကေလးဆိုရင္လည္း ကိုယ္နဲ႔အေဖာ္ လုပ္ေပးမယ့္ ရည္းစားေကာင္ေလးငွားလို႔ရပါေသးတယ္။ ဒီလိုရည္းစားအတုငွားရင္ေတာ့ ပက္ေက့ဂ်္လိုက္ေပးရပါမယ္။ အနည္းဆုံးပက္ေက့ဂ်္ကေတာ့ ခုနစ္နာရီစာကို (၃၆၄) ေဒၚလာပါတဲ့။ ဒါေပမဲ့ေကာင္မေလး ငွားတဲ့ေနရာမွာေရာ၊ ေကာင္ေလးငွားတဲ့ေနရာမွာပါသတ္မွတ္ထားတဲ့အခ်က္ေတြပဲလုပ္လို႔ရပါတယ္။ နမ္းရႈံ႕တာ၊ ပလူးပလဲလုပ္တာမ်ိဳးလုံးဝသြားလုပ္လို႔မရပါဘူး။ ကိုယ္က ကိုယ္ငွားထားတဲ့လူကို သေဘာက်လို႔ရည္းစားအျဖစ္ အ တည္အတံ့တြဲခ်င္တယ္ဆိုရင္ ကိုယ္စားလွယ္ကုမၸဏီကို ပြင့္ပြင့္လင္းလင္းေျပာျပအ ေၾကာင္းၾကားရပါမယ္။

အငှားသူငယ်ချင်း ဝန်ဆောင်မှု
လူတွေဟာ တစ်ခါမဟုတ်တစ်ခါတော့ အထီးကျန်ဝေဒနာခံစားရလေ့ရှိပါတယ်။ကိုယ့်မှာ မိတ်ဆွေအပေါင်းအသင်းလည်းမရှိဘူးဆိုရင် ဒီဝန်ဆောင်မှုကိုအသုံးပြုလိုက်ပါ။ ဒါဆိုရင်ကိုယ့်ကိုအဖော်လုပ်ပေးမယ့် မိတ်ဆွေသူငယ်ချင်းကို အချိန်မရွေးခေါ်လိုက်လို့ရပါတယ်။မိန်းကလေးမိတ်ဆွေသူငယ်ချင်း လိုချင်တယ်ဆိုရင်အငှားသူငယ်ချင်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီက အဲဒီဝန်ဆောင်မှုကို ဒေါ်လာ(၃၀)နဲ့ပေးပါလိမ့်မယ်။ သတ်မှတ်အချိန်ထက်ပို လိုချင်သေးတယ်ဆိုရင်တော့ တစ်နာရီ ဒေါ်လာ(၃၀)ထပ်ပေးရမှာပါ။ ကိုယ်က မိန်းက လေးဖြစ်ပြီး ယောက်ျားလေး မိတ်ဆွေသူငယ်ချင်းလိုချင်တယ်ဆိုရင်လည်းရပါတယ်။ဒါပေမဲ့ အဲဒီဝန်ဆောင်မှုမှာ လောလောဆယ်ရွေးစရာဆိုလို့သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်ပဲရှိပါသေးတယ်။ သူတို့ကိုဆိုရင်တော့ တစ်နာရီ (၁၀)ဒေါ်လာနဲ့ငှားလို့ရပါတယ်။ ဒါပေမဲ့သက်လတ်ပိုင်းဆိုလို့ နှာခေါင်းတော့မရှုံ့လိုက်ပါနဲ့။ သူတို့က စတိုင်ကျကျသက် လတ်ပိုင်းအမျိုးသားတွေဆိုတော့ မိတ်ဆွေအဖြစ် တွဲသွားတွဲလာလုပ်လို့ကောင်းပါတယ်။

zawgyi version
အငွားသူငယ္ခ်င္း ဝန္ေဆာင္မႈ
လူေတြဟာ တစ္ခါမဟုတ္တစ္ခါေတာ့ အထီးက်န္ေဝဒနာခံစားရေလ့ရွိပါတယ္။ကိုယ့္မွာ မိတ္ေဆြအေပါင္းအသင္းလည္းမရွိဘူးဆိုရင္ ဒီဝန္ေဆာင္မႈကိုအသုံးျပဳလိုက္ပါ။ ဒါဆိုရင္ကိုယ့္ကိုအေဖာ္လုပ္ေပးမယ့္ မိတ္ေဆြသူငယ္ခ်င္းကို အခ်ိန္မေ႐ြးေခၚလိုက္လို႔ရပါတယ္။မိန္းကေလးမိတ္ေဆြသူငယ္ခ်င္း လိုခ်င္တယ္ဆိုရင္အငွားသူငယ္ခ်င္းဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီက အဲဒီဝန္ေဆာင္မႈကို ေဒၚလာ(၃၀)နဲ႔ေပးပါလိမ့္မယ္။ သတ္မွတ္အခ်ိန္ထက္ပို လိုခ်င္ေသးတယ္ဆိုရင္ေတာ့ တစ္နာရီ ေဒၚလာ(၃၀)ထပ္ေပးရမွာပါ။ ကိုယ္က မိန္းက ေလးျဖစ္ၿပီး ေယာက္်ားေလး မိတ္ေဆြသူငယ္ခ်င္းလိုခ်င္တယ္ဆိုရင္လည္းရပါတယ္။
ဒါေပမဲ့ အဲဒီဝန္ေဆာင္မႈမွာ ေလာေလာဆယ္ေ႐ြးစရာဆိုလို႔သက္လတ္ပိုင္းအမ်ိဳးသားႏွစ္ေယာက္ပဲရွိပါေသးတယ္။ သူတို႔ကိုဆိုရင္ေတာ့ တစ္နာရီ (၁၀)ေဒၚလာနဲ႔ငွားလို႔ရပါတယ္။ ဒါေပမဲ့သက္လတ္ပိုင္းဆိုလို႔ ႏွာေခါင္းေတာ့မရႈံ႕လိုက္ပါနဲ႔။ သူတို႔က စတိုင္က်က်သက္ လတ္ပိုင္းအမ်ိဳးသားေတြဆိုေတာ့ မိတ္ေဆြအျဖစ္ တြဲသြားတြဲလာလုပ္လို႔ေကာင္းပါတယ္။

အိမ်စာကူလုပ်ပေးသည့်ဝန်ဆောင်မှု
ဂျပန်နိုင်ငံက ကျောင်းသားကျောင်းသူအတော်များများဟာ နွေရာသီမှာအိမ်စာတွေများ လွန်းအားကြီးလို့ မနိုင်မနင်း ဖြစ်ကြလေ့ရှိပါတယ်။ အိမ်စာတွေကို နောက်တစ်ခါ ကျောင်းပြန်မဖွင့်ခင် အပြီးလုပ်ရမှာလေ။ ဒီတော့ ကျွမ်းကျင်သူတွေက အဲဒီအိမ်စာတွေကို
ကူလုပ်ပေးပါတယ်။ ကျွမ်းကျင်သူတွေကို ငှားချင်ရင်ကိုယ်စားလှယ်ကုမ္ပဏီကို ဖုန်းဆက်ရမှာပါ။ သူများကလုပ်ပေးတာဆိုလို့ ကိုယ့်လက်ရေးနဲ့မတူမှာမပူပါနဲ့။ သူတို့က တကယ့်ကိုကျွမ်းကျင်သူတွေဆိုတော့ ကိုယ့်လက်ရေးနဲ့ ကွက်တိတူအောင်ရေးပေးပါတယ်။ ဒီလို အိမ်စာလုပ်ပေးခအဖြစ်တစ်မျက်နှာကို (၅)ဒေါ်လာ နီးပါးပေးရမှာပါ။ ကျောင်းသားတွေကြားထဲမှာတော့ ဒီဝန်ဆောင်မှုကအရမ်းကို ရေပန်းစားလာနေပါပြီ။

zawgyi version
အိမ္စာကူလုပ္ေပးသည့္ဝန္ေဆာင္မႈ
ဂ်ပန္ႏိုင္ငံက ေက်ာင္းသားေက်ာင္းသူအေတာ္မ်ားမ်ားဟာ ေႏြရာသီမွာအိမ္စာေတြမ်ား လြန္းအားႀကီးလို႔ မႏိုင္မနင္း ျဖစ္ၾကေလ့ရွိပါတယ္။ အိမ္စာေတြကို ေနာက္တစ္ခါ ေက်ာင္းျပန္မဖြင့္ခင္ အၿပီးလုပ္ရမွာေလ။ ဒီေတာ့ ကြၽမ္းက်င္သူေတြက အဲဒီအိမ္စာေတြကိုကူလုပ္ေပးပါတယ္။ ကြၽမ္းက်င္သူေတြကို ငွားခ်င္ရင္ကိုယ္စားလွယ္ကုမၸဏီကို ဖုန္းဆက္ရမွာပါ။ သူမ်ားကလုပ္ေပးတာဆိုလို႔ ကိုယ့္လက္ေရးနဲ႔မတူမွာမပူပါနဲ႔။ သူတို႔က တကယ့္ကိုကြၽမ္းက်င္သူေတြဆိုေတာ့ ကိုယ့္လက္ေရးနဲ႔ ကြက္တိတူေအာင္ေရးေပးပါတယ္။ ဒီလို အိမ္စာလုပ္ေပးခအျဖစ္တစ္မ်က္ႏွာကို (၅)ေဒၚလာ နီးပါးေပးရမွာပါ။ ေက်ာင္းသားေတြၾကားထဲမွာေတာ့ ဒီဝန္ေဆာင္မႈကအရမ္းကို ေရပန္းစားလာေနပါၿပီ။

မင်္ဂလာပွဲဆောင်အငှားဧည့်သည်ဝန်ဆောင်မှု
မင်္ဂလာပွဲဆိုတာ နှစ်ဖက် မိဘဆွေမျိုးအသိုင်းအဝိုင်းတွေ၊ မိတ်ဆွေတွေအတတ်နိုင်ဆုံးစုံစုံ ညီညီ တက်ရောက်အားပေးကြတဲ့ပွဲပါ။ ဒါပေမဲ့ ကိုယ့်မှာပွဲတက် မိတ်ဆွေသင်္ဂဟအများကြီးမရှိရင်လည်း စိတ်မပူပါနဲ့။ မင်္ဂလာဆောင်အငှားဧည့်သည်ဝန်ဆောင်မှုရှိပါတယ်။ အေဂျင်စီတစ်ခုက ဝန်ထမ်းတွေခန့်ထားပြီး ဟန်ဆောင်ဧည့်သည်အဖြစ် မင်္ဂလာပွဲတွေ တက်ခိုင်းတာပါ။သူတို့ဆီကဝန်ထမ်းတစ်ယောက်လွှတ်ပေးခအဖြစ်ဒေါ်လာ(၂၀၀) တောင်းပါတယ်။ အဲဒီဟန်ဆောင်ဧည့်သည်က သီချင်းတွေဘာတွေဆိုပေးရမယ်၊ သတို့ သားကောင်းကြောင်း၊ သတို့သမီးကောင်းကြောင်းတွေကိုစင်ပေါ်တက် ပြောပေးရမယ်ဆိုရင်တော့ ဝန်ဆောင်ခထပ်ပေးရဦးမှာပါ။ အံ့သြဖို့ကောင်းတာကတော့ အဲဒီ အေဂျင်စီကို တစ်နှစ်တစ်နှစ် ဆက်သွယ်လာတဲ့မင်္ဂလာဆောင်ပေါင်း (၁၀၀)လောက်ရှိပါသတဲ့။ ဒါကြောင့် အေဂျင်စီက ဝန်ထမ်းပေါင်း (၁၀၀၀)ခန့်ထားရပါတယ်။ မင်္ဂလာပွဲစည်ကားမှဂုဏ် ရှိတယ်ဆိုတဲ့အယူအဆရှိလို့ အဲဒီဝန်ဆောင်မှုအလုပ်အရမ်းဖြစ်နေတာဖြစ်ပါတယ်။

zawgyi version
မဂၤလာပြဲေဆာင္အငွားဧည့္သည္ဝန္ေဆာင္မႈ
မဂၤလာပြဲဆိုတာ ႏွစ္ဖက္ မိဘေဆြမ်ိဳးအသိုင္းအဝိုင္းေတြ၊ မိတ္ေဆြေတြအတတ္ႏိုင္ဆုံးစုံစုံ ညီညီ တက္ေရာက္အားေပးၾကတဲ့ပြဲပါ။ ဒါေပမဲ့ ကိုယ့္မွာပြဲတက္ မိတ္ေဆြသဂၤဟအမ်ားႀကီးမရွိရင္လည္း စိတ္မပူပါနဲ႔။ မဂၤလာေဆာင္အငွားဧည့္သည္ဝန္ေဆာင္မႈရွိပါတယ္။ ေအဂ်င္စီတစ္ခုက ဝန္ထမ္းေတြခန႔္ထားၿပီး ဟန္ေဆာင္ဧည့္သည္အျဖစ္ မဂၤလာပြဲေတြ တက္ခိုင္းတာပါ။သူတို႔ဆီကဝန္ထမ္းတစ္ေယာက္လႊတ္ေပးခအျဖစ္ေဒၚလာ(၂၀၀) ေတာင္းပါတယ္။ အဲဒီဟန္ေဆာင္ဧည့္သည္က သီခ်င္းေတြဘာေတြဆိုေပးရမယ္၊ သတို႔ သားေကာင္းေၾကာင္း၊ သတို႔သမီးေကာင္းေၾကာင္းေတြကိုစင္ေပၚတက္ ေျပာေပးရမယ္ဆိုရင္ေတာ့ ဝန္ေဆာင္ခထပ္ေပးရဦးမွာပါ။ အံ့ၾသဖို႔ေကာင္းတာကေတာ့ အဲဒီ ေအဂ်င္စီကို တစ္ႏွစ္တစ္ႏွစ္ ဆက္သြယ္လာတဲ့မဂၤလာေဆာင္ေပါင္း (၁၀၀)ေလာက္ရွိပါသတဲ့။ ဒါေၾကာင့္ ေအဂ်င္စီက ဝန္ထမ္းေပါင္း (၁၀၀၀)ခန႔္ထားရပါတယ္။ မဂၤလာပြဲစည္ကားမွဂုဏ္ ရွိတယ္ဆိုတဲ့အယူအဆရွိလို႔ အဲဒီဝန္ေဆာင္မႈအလုပ္အရမ္းျဖစ္ေနတာျဖစ္ပါတယ္။

တစ်ကိုယ်တော်မင်္ဂလာဆောင်ဝန်ဆောင်မှု
အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေအတွက်ကတော့ လက်ထပ်ပွဲကြီးလုပ်ပြီးတစ်အိုးတစ်အိမ်ထူထောင်မယ့်ကိစ္စဟာ အင်မတန်ခက်ခဲတဲ့ကိစ္စပါ။ အိမ်ထောင်သာ မပြုချင်ပေမယ့်
တချို့တွေကျတော့ သတို့သမီးဝတ်စုံအရမ်းဝတ်ချင်ကြပါတယ်။ ဒါကြောင့် သတို့သမီးဝတ်စုံကိုတစ်သက်မှာ တစ်ခါလေးတောင်မဝတ်ရလေခြင်းဆိုပြီး သူတို့ကစိတ်မကောင်းဖြစ်တတ်ကြပါတယ်။ဒီပြဿနာအတွက် ဖြေရှင်းပေးမယ့်ဝန်ဆောင်မှုရှိပါတယ်။ သူတို့က အဲဒီလိုအမျိုးသမီးတွေအတွက်တစ်ကိုယ်တော်မင်္ဂလာဆောင်တွေလုပ်ပေးပါတယ်။ တ ကယ်မင်္ဂလာဆောင်တာ မဟုတ်ဘဲသတို့သမီးဝတ်စုံကို အလှသက်သက် ၊ အမှတ်တရ သက်သက်ဝတ်တဲ့သဘောပေါ့။ ဒီဝန်ဆောင်မှုကို ယူလိုက်ပြီဆိုရင် တကယ့်သတို့သမီးအတိုင်း မိတ်ကပ်စပယ်ရှယ်လိမ်း၊ မင်္ဂလာဝတ်စုံဝတ်၊ ပန်းစည်းလှလှပပကိုင်ပြီး ဓာတ်ပုံလည်း အရိုက်ခံရဦးမှာပါ။ ဟန်ပြအဖြစ် သတို့သားလည်း ငှားလို့ရပေမယ့် ဘယ်အမျိုးသ မီးကမှ မငှားကြပါဘူး။ ဒီလိုတစ်ကိုယ်တော် မင်္ဂလာဆောင်က ပက်ကေ့ဂျ်တစ်ခုကို ဒေါ်လာ (၂၈၀၀) ကစပါတယ်။ အိမ်ထောင်မပြုချင်ပေမယ့် တစ်သက်မှာတစ်ခါဆောင်ရတဲ့ မင်္ဂလာဆောင်ကိုကိုယ်တိုင်ကိုယ်ကျ ကြုံဖူးချင်တဲ့အမျိုးသမီးတွေက ဒီဝန်ဆောင်မှုကို ယူကြတာပါ။

zawgyi version
တစ္ကိုယ္ေတာ္မဂၤလာေဆာင္ဝန္ေဆာင္မႈ
အလုပ္လုပ္ေနတဲ့ အမ်ိဳးသမီးေတြအတြက္ကေတာ့ လက္ထပ္ပြဲႀကီးလုပ္ၿပီးတစ္အိုးတစ္အိမ္ထူေထာင္မယ့္ကိစၥဟာ အင္မတန္ခက္ခဲတဲ့ကိစၥပါ။ အိမ္ေထာင္သာ မျပဳခ်င္ေပမယ့္ တခ်ိဳ႕ေတြက်ေတာ့ သတို႔သမီးဝတ္စုံအရမ္းဝတ္ခ်င္ၾကပါတယ္။ ဒါေၾကာင့္ သတို႔သမီးဝတ္စုံကိုတစ္သက္မွာ တစ္ခါေလးေတာင္မဝတ္ရေလျခင္းဆိုၿပီး သူတို႔ကစိတ္မေကာင္းျဖစ္တတ္ၾကပါတယ္။ဒီျပႆနာအတြက္ ေျဖရွင္းေပးမယ့္ဝန္ေဆာင္မႈရွိပါတယ္။ သူတို႔က အဲဒီလိုအမ်ိဳးသမီးေတြအတြက္တစ္ကိုယ္ေတာ္မဂၤလာေဆာင္ေတြလုပ္ေပးပါတယ္။ တ ကယ္မဂၤလာေဆာင္တာ မဟုတ္ဘဲသတို႔သမီးဝတ္စုံကို အလွသက္သက္ ၊ အမွတ္တရ သက္သက္ဝတ္တဲ့သေဘာေပါ့။ ဒီဝန္ေဆာင္မႈကို ယူလိုက္ၿပီဆိုရင္ တကယ့္သတို႔သမီးအတိုင္း မိတ္ကပ္စပယ္ရွယ္လိမ္း၊ မဂၤလာဝတ္စုံဝတ္၊ ပန္းစည္းလွလွပပကိုင္ၿပီး ဓာတ္ပုံလည္း အ႐ိုက္ခံရဦးမွာပါ။ ဟန္ျပအျဖစ္ သတို႔သားလည္း ငွားလို႔ရေပမယ့္ ဘယ္အမ်ိဳးသ မီးကမွ မငွားၾကပါဘူး။ ဒီလိုတစ္ကိုယ္ေတာ္ မဂၤလာေဆာင္က ပက္ေက့ဂ်္တစ္ခုကို ေဒၚလာ (၂၈၀၀) ကစပါတယ္။ အိမ္ေထာင္မျပဳခ်င္ေပမယ့္ တစ္သက္မွာတစ္ခါေဆာင္ရတဲ့ မဂၤလာေဆာင္ကိုကိုယ္တိုင္ကိုယ္က် ႀကဳံဖူးခ်င္တဲ့အမ်ိဳးသမီးေတြက ဒီဝန္ေဆာင္မႈကို ယူၾကတာပါ။

နိုင်ငံခြားသားအငှားဝန်ဆောင်မှု
ဒီတစ်ခါကတော့ နိုင်ငံခြားသားကို ငှားလို့ရတဲ့ဝန်ဆောင်မှုပါ။ ဒီဝန်ဆောင်မှုကတော့ပညာရေးအ တွက်သုံးတာများပါတယ်။ အင်္ဂလိပ်စကားလေ့ကျင့်ချင်တဲ့ ဂျပန်နိုင်ငံသူနိုင်ငံ သားတွေနိုင်ငံခြားသားတွေကို ငှားလို့ရတာဖြစ်ပါတယ်။

zawgyi version
ႏိုင္ငံျခားသားအငွားဝန္ေဆာင္မႈ
ဒီတစ္ခါကေတာ့ ႏိုင္ငံျခားသားကို ငွားလို႔ရတဲ့ဝန္ေဆာင္မႈပါ။ ဒီဝန္ေဆာင္မႈကေတာ့ပညာေရးအ တြက္သုံးတာမ်ားပါတယ္။ အဂၤလိပ္စကားေလ့က်င့္ခ်င္တဲ့ ဂ်ပန္ႏိုင္ငံသူႏိုင္ငံ သားေတြႏိုင္ငံျခားသားေတြကို ငွားလို႔ရတာျဖစ္ပါတယ္။

ပေါင်သားပေါ်တွင် ကုန်ပစ္စည်းကြော်ငြာပေးသည့်ဝန်ဆောင်မှု
ဂျပန်လုပ်ငန်းရှင်တွေဟာ ကိုယ့်ကုန်ပစ္စည်းကို ကြော်ငြာတဲ့နေရာမှာလည်းဆန်းဆန်းသစ် သစ်စိတ်ကူးတတ်ကြပါသေးတယ်။ မိန်းကလေးတွေရဲ့ ပေါင်သားဖွေးဖွေးပေါ်မှာ သူတို့ကုန်ပစ္စည်းတွေကို ကြော်ငြာတာလေ။ ကိုယ့်ကုန်ပစ္စည်းကြော်ငြာစတစ်ကာကို သူတို့က မိန်းကလေးငယ်ငယ်လေးတွေရဲ့ ပေါင်သားပေါ်မှာကပ်ခိုင်းထားတာပါ။ အဲဒီလိုကပ်ပေးခအနေနဲ့ မိန်းကလေးကပိုက်ဆံရပါတယ်။ အဲဒီနေရာမှာ ကြော်ငြာချင်တဲ့လုပ်ငန်းရှင်နဲ့ အဲ ဒီလိုလုပ်ပေးချင်တဲ့ မိန်းကလေးတွေကိုကြော်ငြာအေဂျင်စီကုမ္ပဏီတစ်ခုကချိတ်ဆက်ပေး ပါတယ်။ အဲဒီလိုလုပ်ချင်လို့လာလျှောက်တဲ့မိန်းကလေးတွေမှအများကြီးပါတဲ့။

zawgyi version
ေပါင္သားေပၚတြင္ ကုန္ပစၥည္းေၾကာ္ျငာေပးသည့္ဝန္ေဆာင္မႈ
ဂ်ပန္လုပ္ငန္းရွင္ေတြဟာ ကိုယ့္ကုန္ပစၥည္းကို ေၾကာ္ျငာတဲ့ေနရာမွာလည္းဆန္းဆန္းသစ္ သစ္စိတ္ကူးတတ္ၾကပါေသးတယ္။ မိန္းကေလးေတြရဲ႕ ေပါင္သားေဖြးေဖြးေပၚမွာ သူတို႔ကုန္ပစၥည္းေတြကို ေၾကာ္ျငာတာေလ။ ကိုယ့္ကုန္ပစၥည္းေၾကာ္ျငာစတစ္ကာကို သူတို႔က မိန္းကေလးငယ္ငယ္ေလးေတြရဲ႕ ေပါင္သားေပၚမွာကပ္ခိုင္းထားတာပါ။ အဲဒီလိုကပ္ေပးခအေနနဲ႔ မိန္းကေလးကပိုက္ဆံရပါတယ္။ အဲဒီေနရာမွာ ေၾကာ္ျငာခ်င္တဲ့လုပ္ငန္းရွင္နဲ႔ အဲ ဒီလိုလုပ္ေပးခ်င္တဲ့ မိန္းကေလးေတြကို ေၾကာ္ျငာေအဂ်င္စီကုမၸဏီတစ္ခုက ခ်ိတ္ဆက္ေပးပါတယ္။ အဲဒီလို လုပ္ခ်င္လို႔လာေလွ်ာက္တဲ့မိန္းကေလးေတြမွအမ်ားႀကီးပါတဲ့။

ကိုယ်စားတောင်းပန်ပေးသည့်ဝန်ဆောင်မှု
ကိုယ့်ဘက်က တောင်းပန်စရာရှိပေမယ့် မတောင်းပန်ချင်ဘူးဆိုသူတွေအတွက်ကိုယ်စား တောင်းပန်ပေးတဲ့ ဝန်ဆောင်မှုဂျပန်မှာရှိပါတယ်။ ကိုယ်စားတောင်းပန်ပေးတဲ့အေဂျင်စီက ကိုယ်တိုင်ကိုယ်ကျသွားတောင်းပန်ပေးခအဖြစ် ဒေါ်လာ(၂၄၀)ယူပြီးဖုန်းဆက်လှမ်းတောင်းပန်ပေးခအဖြစ် (၉၆)ဒေါ်လာယူပါတယ်။ ဈေးကတော့ မသေးဘူးနော်။ ဒါပေမဲ့ ကိုယ်က ခခယယသွားပြီး အောက်ကျို့ခံတောင်းပန်နေစရာမလိုတော့ဘူးလေ။အေဂျင်စီက ကိုယ်စားလှယ်တွေက ကိုယ့်မိဘအဖြစ် ဒါမှမဟုတ် ကိုယ့်ဇနီးအဖြစ်ဟန်ဆောင်ပြီးကိုယ်စားသွားတောင်းပန်ပေးကြတာပါတဲ့။

zawgyi version
ကိုယ္စားေတာင္းပန္ေပးသည့္ဝန္ေဆာင္မႈ
ကိုယ့္ဘက္က ေတာင္းပန္စရာရွိေပမယ့္ မေတာင္းပန္ခ်င္ဘူးဆိုသူေတြအတြက္ကိုယ္စား ေတာင္းပန္ေပးတဲ့ ဝန္ေဆာင္မႈဂ်ပန္မွာရွိပါတယ္။ ကိုယ္စားေတာင္းပန္ေပးတဲ့ေအဂ်င္စီက ကိုယ္တိုင္ကိုယ္က်သြားေတာင္းပန္ေပးခအျဖစ္ ေဒၚလာ(၂၄၀)ယူၿပီးဖုန္းဆက္လွမ္းေတာင္းပန္ေပးခအျဖစ္ (၉၆)ေဒၚလာယူပါတယ္။ ေဈးကေတာ့ မေသးဘူးေနာ္။ ဒါေပမဲ့ ကိုယ္က ခခယယသြားၿပီး ေအာက္က်ိဳ႕ခံေတာင္းပန္ေနစရာမလိုေတာ့ဘူးေလ။ေအဂ်င္စီက ကိုယ္စားလွယ္ေတြက ကိုယ့္မိဘအျဖစ္ ဒါမွမဟုတ္ ကိုယ့္ဇနီးအျဖစ္ဟန္ေဆာင္ၿပီးကိုယ္စားသြားေတာင္းပန္ေပးၾကတာပါတဲ့။

Related news

© 2021. All rights reserved.