ကမ္ဘာပေါ်မှ အထူးခြားဆုံးစုံတွဲများ
784
ဝတီ (NP News) - နိုဝင်ဘာ ၁၂
အသွင်တူမှအိမ်သူဖြစ်ဆိုတဲ့ စကားအတိုင်းလူတွေဟာအိမ်ထောင်ဘက်ရွေးတဲ့အခါ ကိုယ်နဲ့လူမျိုးချင်း၊ ဘာသာချင်း၊ အကျင့်စရိုက်ချင်း၊ ဝါသနာချင်း၊ အဆင့်အတန်းချင်းတူတဲ့လူကိုမှရွေးလေ့ရှိပါတယ်။ ဒီနေ့ခေတ်ကြီးမှာတော့ လူမျိုးမတူသူချင်းယူတာတွေ အရင်ခေတ်ကထက်ပိုများလာပြီး တချို့နိုင်ငံတွေမှာဆိုရင် လိင်တူချင်းတောင်တရားဝင် ယူလို့ ရနေပါပြီ။ဒါကြောင့် အဲဒါတွေဟာထူးခြားတဲ့အထဲ မပါတော့ပါဘူး။ဒါဆိုရင်အထူး ခြားဆုံး ဇနီးမောင်နှံတွေ၊စုံတွဲတွေက ဘယ်လိုတွေထူးခြားနေတာပါလဲ။ ဒါကိုသိချင်တယ်ဆိုရင်တော့ အဆုံးထိကြည့်လိုက်ပါနော်။
zawgyi version
ဝတီ (NP News) - နိုဝင်ဘာ ၁၂
မာတင်ဗန်ဘူရန် နဲ့ အန်နာဟိန်းနင်းဆွမ်း
မာတင်ဗန်ဘူရန်ကို အမေရိကန်ပြည်ထောင်စုကန်တပ်ကီပြည်နယ်က ကိုလူထွားကြီးလို့
လူတွေက ခေါ်လေ့ရှိကြပါတယ်။ ကမ္ဘာ့စံချိန်မှတ်တမ်းပြုစုရေးအဖွဲ့က မာတင်ဗန်ဘူရန်ရဲ့အရပ်အမောင်းဟာ (၇) ပေနဲ့ (၇)လက်မ စွန်းစွန်းရှိတယ်လို့ ဖော်ပြထားပါတယ်။အထူး တကာ့အထူးခြားဆုံးအချက်ကတော့ သူကသူနဲ့အရပ်အမောင်းချင်းတူတဲ့ အမျိုးသမီးတစ်ယောက်ကိုရအောင် ရှာယူနိုင်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ အဲဒီအမျိုးသမီးကတော့ အန်နာဟိန်းနင်းဆွမ်းပဲပေါ့။ (၇)ပေ ကောင်းကောင်းကျော်နေတဲ့ အရပ်အမောင်းကြီးကြောင့်ပဲ သူတို့ဟာ အင်မတန်ကိုမှထူးခြားတဲ့ဇနီးမောင်နှံဖြစ်သွားပါတော့တယ်။ ဒီလန်ဘားကြီးနှစ်ယောက်က မွေးလာတဲ့သားသမီးတွေကလည်းလန်ဘားကြီးဖြစ်နေလားလို့ သိချင်နေရင်တော့ပြောပြပါ့မယ်။ သူတို့မှာရင်သွေးတစ်ယောက်ပဲထွန်းကားခဲ့ပြီး အဲဒီကလေးက တော့ သာမန်အရပ်အမောင်းပဲရှိပါသတဲ့လေ။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဇနီးမောင်နှံက တော့ ထူးခြားနေတာပါပဲ။
zawgyi version
အာမက်မိုဟာမက်ဒေါ် နဲ့ ဆိုဖီယာအက်ဘ်ဒူလာ
ယောကျ်ားနဲ့မိန်းမအသက်နှစ်(၂ဝ)လောက်ကွာတာဟာတအားကြီးမထူးခြားပေမယ့်ဒီဇ နီးမောင်နှံကတော့ လူတွေဟာခနဲ၊ ဟင်ခနဲဖြစ်သွားလောက်အောင်ကို အသက်ကွာနေပါတယ်။ အာမက်မိုဟာမက်ဒေါ်ဆိုတဲ့ ဆိုမာလီအဘိုးအိုဟာအသက်(၁၁၂)နှစ်အရွယ်မှာ (၁၇)နှစ်သမီးလေး ဆိုဖီယာအက်ဘ်ဒူလာကိုယူခဲ့တာလေ။ အိမ်ထောင်ကျတဲ့အချိန်မှာအ သက် (၁၇)နှစ်ပဲရှိသေးတဲ့ ဒီကလေးမလေးဟာ အာမက်မိုဟာမက်ဒေါ်ဆိုတဲ့အဘိုးကြီးရဲ့ခြောက်ယောက်မြောက် ဇနီးဖြစ်လာပါတယ်။ ဒီအဘိုးကြီးဟာကမ္ဘာ့အသက်အကြီးဆုံးလူ သားတွေထဲမှာတောင်ပါနေပြီလေ။ (၁၇)နှစ်သမီးလေးကသူ့ထက်အသက်(၁ဝဝနီးပါးကြီး တဲ့ အဘိုးကြီးကိုယူခဲ့တယ်ဆိုတာ တကယ်ကိုမယုံနိုင်စရာပါပဲ။ (၁၇)နှစ်သမီးကိုဇနီးအ ဖြစ်သိမ်းပိုက်လိုက်ချိန်မှာအဘိုးကြီးမှာ သားသမီး(၁၃)ယောက်ရှိနေပါပြီ။ သူ့သားအကြီးဆုံးဟာ အသက်(၈ဝ)အရွယ်မှာဆုံးပါးသွားပါတယ်။ ဒီဇနီးမောင်နှံရဲ့အသက်ကွာခြားချက်က ကမ္ဘာပေါ်မှာအများဆုံးဖြစ်နိုင်လောက်ပါတယ်။ ဒါကြောင့်လည်းကမ္ဘာ့အထူးခြားဆုံး ဇနီးမောင်နှံများစာရင်းထဲသူတို့လည်းပါနေတော့တာပေါ့။
zawgyi version
အန်တွန်ခရက်ဖ်တ်နဲ့ချိုင်းနားဘဲလ်
ဒီဇနီးမောင်နှံဟာလည်း သိပ်ကိုမှတစ်မျိုးတဖုံထူးခြားနေပါတယ်။ အရပ်လေးပေပဲရှိတဲ့
လူပုလေးက အရပ်(၆)ပေ(၃)လက်မရှိတဲ့ လိင်ပြောင်းအမျိုးသမီးနဲ့လက်ထပ်ထားတာလေ။ ကဲ.. မထူးခြားပေဘူးလား။ အန်တွန်ခရက်ဖ်တ်ဆိုတဲ့ လူပုလေးဟာလူကသာပုပေမယ့်ဝိတ်မချန်ပီယံတစ်ယောက်ပါ။ လူပုတန်းထဲမှာတော့ သူကအသန်မာဆုံးလူတစ်ယောက်ပေါ့။ ချိုင်းနားဘဲလ်ကတော့မွေးလာတုန်းက ယောကျ်ားလေးဆိုပေမယ့်နောက်မှ သူကခွဲစိတ်ပြုပြင်လိုက်တာပါ။
zawgyi version
ရှောင်စတက်ဖန်ဆင် နဲ့ မင်ဒီနစ်
ရှောင်ကတော့ အမေရိကန်လူမျိုးကုထုံးဆရာတစ်ယောက်ဖြစ်သလို စာရေးဆရာလည်းဖြစ်၊ စိတ်ဓာတ်မြှင့်တင်ရေးဟောပြောသူလည်းဖြစ်ပါတယ်။ မွေးရာပါရှားပါးရောဂါတစ်မျိုးကြောင့်သူ့အရိုးတွေဟာကြွပ်ဆတ်ပါတယ်။ အရိုးကခဏခဏကျိုးလွယ်နေတဲ့အ တွက် သူ့အရပ်ဟာသုံးပေပဲရှိပြီး ဘီးတပ်ကုလားထိုင်နဲ့လှုပ်ရှားသွားလာနေရပါတယ်။ ဒါ ပေမဲ့ထူးခြားတာက သူ့ဇနီးကတော့သန်သန်စွမ်းစွမ်းသာမန်လူတစ်ယောက်ပါ။ ရှောင်ကမသန်ပေမယ့် ချစ်ရေးချစ်ရာမှာတော့စွမ်းတယ်လို့ သူ့ဇနီးကဆိုပါတယ်။
zawgyi version
ကိုင်လီဂျိုးနက်စ် နဲ့ မာဂျိုရီမက်ခ်ကူးလ်
အသက်အရွယ် အရမ်းကွာတဲ့ စုံတွဲတွေကို မြင်ဖူးကြမှာဖြစ်ပေမယ့် ဒီစုံတွဲကတော့ သိပ်ကိုထူးခြားနေပါတယ်။ အသက်(၃)ကျော် လူရွယ်လေးက အသက်(၉ဝ)ကျော် အဘွားကြီးကိုမှတန်းတန်းစွဲ ချစ်ခင်နှစ်သက်နေပါသတဲ့လေ။ အသက်(၆ဝ)တောင်ကွာနေပေမယ့် သူတို့ကတစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါသတဲ့။ ဒါကြောင့် ဒီစုံတွဲမှမထူးခြားရင်ဘယ်စုံတွဲကထူးခြားမလဲနော်။
zawgyi version
ပေါလ် နဲ့ မာရီယာဘုဇ်ကီ
သူတို့ကလည်း တစ်မျိုးဆန်းနေပြန်ပါတယ်။ မာရီယာဘုဇ်ကီဆိုတဲ့အမျိုးသမီးကသူနဲ့သူ့ခင်ပွန်းအတူနေတဲ့အိမ်ပေါ်ကို သူ့ရည်းစားဟောင်းပီတာကိုပါခေါ်တင်ထားတယ်လေ။
သုံးဦးသုံးဖလှယ်ကြည်ဖြူနေကြတော့ အဆင်တော့ပြေနေကြတာပါပဲ။ဘယ်မိန်းမမှတစ် အိမ်တည်းမှာယောကျ်ားနှစ်ယောက်နဲ့တပြိုင်တည်းမပေါင်းပေမယ့်မာရီယာကတော့သူ များမလုပ်တာကို လုပ်လိုက်တာပါ။ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဘယ်လောက်အထိကြာ ကြာခံမယ်ဆိုတာမသိရပေမယ့် အခုထက်ထိတော့သူတို့သုံးယောက်ပျော်ပျော်ရွှင်ရွှင်
ပေါင်း ဖက်နေကြတာပါပဲ။
zawgyi version
အမန်ဒါရော့ဒ်ဂျာစ် နဲ့ ရှီဘာ
ဒါကလည်း တစ်မျိုးထူးနေတာပါပဲ။ ထူးနေလို့လည်းဒီစာရင်းထဲမှာပါတာပေါ့လေ။ အမန်ဒါရော့ဒ်ဂျာစ်ရဲ့လက်တွဲဖော်ဟာ လူမဟုတ်ဘဲ ရှီဘာဆိုတဲ့ခွေးဖြစ်နေလို့သိပ်ထူးခြားနေတာပါ။ ဒီဗြိတိသျှအမျိုးသမီးဟာ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။ ဒါ ပေမဲ့အိမ်ထောင်ရေးအဆင်မပြေလို့ ပြတ်စဲလိုက်ရပါတယ်။ ဒါကြောင့် သူကယောက်ျားတွေကိုစိတ်ကုန်သွားပြီး တခြားဘက်လှည့်သွားတော့တာပါ။ ဘာလို့ လူကိုမယူဘဲခွေးကို ယူတာလဲလို့အမေးခံရရင် အမန်ဒါရော့ဒ်ဂျာစ်က ဒီလိုဖြေပါတယ်။ ‘ကျွန်မဘဝထဲကိုရှီဘာ ရောက်နေတာကြာလှပြီ။ သူ့ကြောင့် ရယ်ရ၊ ပျော်ရသလို ကျွန်မစိတ်ဓာတ်ကျနေတဲ့အချိန်မှာလည်း သူကနှစ်သိမ့်ပေးတယ်။ ဘဝလက်တွဲဖော်ဆီကနေဒီ့ထက်ပိုပြီးဘာမှမလိုချင်ပါဘူး။ ဒီလောက်ဆိုလုံလောက်ပါပြီ။အဲဒါကြောင့်မို့ပါ'လို့ အမန်ဒါရော့ဒ်ဂျာစ်ကဆိုပါတယ်။
ကဲ.. ထူးခြားတဲ့ ဇနီးမောင်နှံတွေ၊ စုံတွဲတွေအကြောင်းသိလိုက်ရပြီဆိုတော့ ဒီထဲမှာဘယ်စုံတွဲကအထူးခြားဆုံးလို့ထင်ပါသလဲ။
zawgyi version