ဇီဝရုပ်ကြွင်းလောင်စာသုံးယာဉ်များအသုံးပြုခြင်းကို ၂ဝ၄ဝ ခုနှစ်တွင် အဆုံးသတ်ရန် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူများ ကတိပြုသော်လည်း တိုယိုတာနှင့် ဗောက်ဝက်ဂွန်တို့ မပါဝင်

 571

Htay Oung (NP News) - နိုဝင်ဘာ ၁၃
ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံများ၊ ကုမ္ပဏီများနှင့် မြို့ကြီးများအနေဖြင့် ၂ဝ၄ဝ ခုနှစ်အရောက်တွင် ဇီဝရုပ်ကြွင်းလောင်စာသုံးယာဉ်များ အသုံးပြုခြင်းကို ရပ်တန့်ရန် နိုဝင်ဘာလ(၁ဝ) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကတိပြုခဲ့ကြသည်။

သို့သော် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူ နှစ်ဦးဖြစ်သည့် တိုရိုတာ မော်တော်ကားကုမ္ပဏီနှင့် ဗောက်ဝက်ဂွန် အေဂျီတို့အပြင် အဓိက ကားဈေးကွက်တည်ရာဖြစ်သော တရုတ်၊ အမေရိကန်နှင့် ဂျာမနီတို့က လက်မှတ်ရေးထိုးခြင်း မပြုကြသောကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညအဆင့်အထိသို့ ကူးပြောင်းရာတွင် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်ကို မီးမောင်းထိုးပြလျက် ရှိသည်ဟု Reuters က ရေးသားသည်။ စကော့တလန် ဂလတ်စ်ဂိုမြို့၌ ကျင်းပလျက်ရှိသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ (၂၆) ကြိမ်မြောက် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်ဖရင့်၌ ဖန်လုံဓါတ်ငွေ့ ထုတ်လွှတ်မှှုလုံးဝမရှိသော မော်တော်ယာဉ်များ ဖြစ်မြောက်ရေး ဂလတ်စ်ဂိုကြေညာချက် ခေါင်းစဉ်အောက်၌ ဆွေးနွေးခဲ့ကြသည်။ တက်ရောက်သူတို့အနေဖြင့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော ယာဉ်များဆီသို့ အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်ကာ ၂၀၃၅ ခုနှစ် အရောက်တွင် အစိမ်းရောင်ဦးဆောင်ဈေးကွက်များသို့ အရောက်လှမ်းနိုင်ရန် ရည်ရွယ်ထားသည်။ အဓိက လက်မှတ်ရေးထိုးကြရာတွင် ဖို့ဒ်နှင့် ဂျင်နရယ် မော်တော်ကားကုမ္ပဏီတို့အပြင် ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံးတိုင်းပြည်ဖြစ်သည့် အိန္ဒိယနှင့် နိုင်ငံပေါင်း (၃၀) တွင် ကားအစီးရေ (၁ ဒသမ ၇) သန်းကို ငှားရမ်းလုပ်ကိုင်သော Leaseplan တို့လည်း ပါဝင်ကြသည်။

သဘောတူညီကြရာတွင် အဓိက စီးပွားရေးလုပ်ငန်းကြီးများနှင့် ထုတ်လုပ်သူများ မပါရှိခြင်းမှာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း လူသားများနှင့် ကမ္ဘာမြေအတွက် တရားမျှတရေး ဂရင်းစ် ပိစ်က သုံးသပ်သည်။ ဇီဝရုပ်ကြွင်းလောင်စာအသစ်များကို ရပ်တန့်ရေးအတွက် ၎င်းတို့အပေါ် မှီခိုမှုကို ဖြတ်တောက်ရန်လိုအပ်သည်။ ဆိုလိုသည်မှာ အတွင်းမီးအား အင်ဂျင်များမှ လျှပ်စစ်ကားများဆီသို့ ဦးတည်ဆောင်ရွက်ကြရန် သန့်ရှင်းလောင်စာအသုံးပြုသည့် အများသုံး သယ်ယူပို့ဆောင်ရေးကွန်ရက်များကို နှောင့်နှေးမှုမရှိစေဘဲ ဖန်တီးကြရန်ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်လုပ်သော်လည်း အတွင်းမီးအားအင်ဂျင်တွင် လောင်ကျွမ်းသောလောင်စာမှ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုထုတ်လွှတ်ခြင်း ရှိ/ မရှိအတွက် "မဖြစ်စလောက်သော ရှုထောင့်"မှ ချဉ်းကပ်၍ ကတိကဝတ်ပြုရေးတွင် ပြည်တွင်းသဘောတူညီချက် မရရှိခဲ့သောကြောင့် နိုင်ငံ၏အစိုးရအနေဖြင့် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ဂျာမနီ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့တွင် ချေပပြောဆိုသည်။

မော်တော်ကားများ၊ ထရပ်ကားများ၊ သင်္ဘောများ၊ ဘတ်စ်ကားများနှင့် လေယာဉ်များသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုအားလုံး၏ လေးပုံတစ်ပုံခန့်ရှိကြောင်း၊ အများစုမှာ လမ်းပေါ်ရ၌ ပြေးလွှားနေသော ယာဉ်များမှဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ အချက်အလက်များအရ သိရှိရသည်။၂ဝ၄ဝ ခုနှစ် (သို့မဟုတ်) ထိုထက်စော၍ ကားသစ်များနှင့် ဗင်ကားများအားလုံးတွင် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိစေရန် ကတိပြုသည့် တိုင်းပြည်များတွင် COP26 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဗြိတိန်အပါအဝင် နယူးဇီလန်၊ ပိုလန်နှင့် အခြားနိုင်ငံများလည်း ပါဝင်ကြသည်။ အခြား လက်မှတ်ရေးထိုးသူများတွင် ဆွီဒင်မှ ဗော်လ်ဗိုကားကုမ္ပဏီ၊ ဂျာမနီ ဒိမ်မလာအေဂျီ၏ မာစီဒီးစ် ဘင့်၊ တရုတ် BYD Co ကုမ္ပဏီနှင့် အိန္ဒိယ တာတာ မော်တော်ကားကုမ္ပဏီ၏ ယူနစ်တစ်ခုဖြစ်သော ဂျက်ဂွာလင့် ရိုဗာတို့ ပါဝင်သည်။ ကမ္ဘာတစ်ဝန်းလုံး၌ ကာဗွန်ဈေးနှုန်းလျှော့ချရေး နည်းလမ်းကို နိုင်ငံများက သဘောတူရန် ကြိုးပမ်းနေချိန်တွင် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်၊ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှင့် ဒုတိယအကြီးဆုံး ကားဈေးကွက်ဖြစ်သည့် အမေရိကန်တို့၏ ကတိကဝတ်တွင် ပါဝင်ရန် ဆန္ဒမရှိကြခြင်းမှာ COP26 ၏ ထိရောက်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာသည်။

ကတိကဝတ်ပြုထားသည့် အချို့သော ကားထုတ်လုပ်သူများအနေဖြင့် နည်းပညာ အပြောင်းအလဲပြုလုပ်ရာတွင် ငွေကုန်ကြေးကျများနိုင်ပြီး လိုအပ်သော အားသွင်းစနစ်၊ လျှပ်စစ်ဓာတ်အားလိုင်း အခြေခံအဆောက်အဦများ တည်ဆောက်နိုင်ရေးအတွက် ၎င်းတို့ အစိုးရများထံမှ အလားတူ ကတိကဝတ်များ ကင်းမဲ့နေခြင်းမှာ လည်း သတိပြုစရာပင်ဖြစ်သည်။

Zawgyi Version;
ဇီဝ႐ုပ္ႂကြင္းေလာင္စာသုံးယာဥ္မ်ားအသုံးျပဳျခင္းကို ၂ဝ၄ဝ ခုႏွစ္တြင္ အဆုံးသတ္ရန္ ကမာၻ႔ထိပ္တန္း ကားထုတ္လုပ္သူမ်ား ကတိျပဳေသာ္လည္း တိုယိုတာႏွင့္ ေဗာက္ဝက္ဂြန္တို႔ မပါဝင္
Htay Oung (NP News) - ႏိုဝင္ဘာ ၁၃
ကာဗြန္ထုတ္လႊတ္မႈေလွ်ာ့ခ်ေရးႏွင့္ ကမာၻႀကီးပူေႏြးလာမႈကို တားဆီးေရး ႀကိဳးပမ္းမႈ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ႏိုင္ငံမ်ား၊ ကုမၸဏီမ်ားႏွင့္ ၿမိဳ႕ႀကီးမ်ားအေနျဖင့္ ၂ဝ၄ဝ ခုႏွစ္အေရာက္တြင္ ဇီဝ႐ုပ္ႂကြင္းေလာင္စာသုံးယာဥ္မ်ား အသုံးျပဳျခင္းကို ရပ္တန႔္ရန္ ႏိုဝင္ဘာလ(၁ဝ) ရက္၊ ဗုဒၶဟူးေန႔တြင္ ကတိျပဳခဲ့ၾကသည္။

သို႔ေသာ္ ကမာၻ႔ထိပ္တန္း ကားထုတ္လုပ္သူ ႏွစ္ဦးျဖစ္သည့္ တို႐ိုတာ ေမာ္ေတာ္ကားကုမၸဏီႏွင့္ ေဗာက္ဝက္ဂြန္ ေအဂ်ီတို႔အျပင္ အဓိက ကားေဈးကြက္တည္ရာျဖစ္ေသာ တ႐ုတ္၊ အေမရိကန္ႏွင့္ ဂ်ာမနီတို႔က လက္မွတ္ေရးထိုးျခင္း မျပဳၾကေသာေၾကာင့္ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈကို သုညအဆင့္အထိသို႔ ကူးေျပာင္းရာတြင္ စိန္ေခၚမႈမ်ား ရွိေနဆဲျဖစ္သည္ကို မီးေမာင္းထိုးျပလ်က္ ရွိသည္ဟု Reuters က ေရးသားသည္။ စေကာ့တလန္ ဂလတ္စ္ဂိုၿမိဳ႕၌ က်င္းပလ်က္ရွိေသာ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ (၂၆) ႀကိမ္ေျမာက္ ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာ ကြန္ဖရင့္၌ ဖန္လုံဓါတ္ေငြ႕ ထုတ္လႊတ္မွႈလုံးဝမရွိေသာ ေမာ္ေတာ္ယာဥ္မ်ား ျဖစ္ေျမာက္ေရး ဂလတ္စ္ဂိုေၾကညာခ်က္ ေခါင္းစဥ္ေအာက္၌ ေဆြးေႏြးခဲ့ၾကသည္။ တက္ေရာက္သူတို႔အေနျဖင့္ ကာဗြန္ဓာတ္ေငြ႕ထုတ္လႊတ္မႈနည္းေသာ ယာဥ္မ်ားဆီသို႔ အသြင္ကူးေျပာင္းေရးကို အရွိန္အဟုန္ျမႇင့္တင္ကာ ၂၀၃၅ ခုႏွစ္ အေရာက္တြင္ အစိမ္းေရာင္ဦးေဆာင္ေဈးကြက္မ်ားသို႔ အေရာက္လွမ္းႏိုင္ရန္ ရည္႐ြယ္ထားသည္။ အဓိက လက္မွတ္ေရးထိုးၾကရာတြင္ ဖို႔ဒ္ႏွင့္ ဂ်င္နရယ္ ေမာ္ေတာ္ကားကုမၸဏီတို႔အျပင္ ကမာၻ႔ဒုတိယ လူဦးေရအမ်ားဆုံးတိုင္းျပည္ျဖစ္သည့္ အိႏၵိယႏွင့္ ႏိုင္ငံေပါင္း (၃၀) တြင္ ကားအစီးေရ (၁ ဒသမ ၇) သန္းကို ငွားရမ္းလုပ္ကိုင္ေသာ Leaseplan တို႔လည္း ပါဝင္ၾကသည္။

သေဘာတူညီၾကရာတြင္ အဓိက စီးပြားေရးလုပ္ငန္းႀကီးမ်ားႏွင့္ ထုတ္လုပ္သူမ်ား မပါရွိျခင္းမွာ အလြန္စိုးရိမ္ဖြယ္ရာျဖစ္ေၾကာင္း လူသားမ်ားႏွင့္ ကမာၻေျမအတြက္ တရားမွ်တေရး ဂရင္းစ္ ပိစ္က သုံးသပ္သည္။ ဇီဝ႐ုပ္ႂကြင္းေလာင္စာအသစ္မ်ားကို ရပ္တန႔္ေရးအတြက္ ၎တို႔အေပၚ မွီခိုမႈကို ျဖတ္ေတာက္ရန္လိုအပ္သည္။ ဆိုလိုသည္မွာ အတြင္းမီးအား အင္ဂ်င္မ်ားမွ လွ်ပ္စစ္ကားမ်ားဆီသို႔ ဦးတည္ေဆာင္႐ြက္ၾကရန္ သန႔္ရွင္းေလာင္စာအသုံးျပဳသည့္ အမ်ားသုံး သယ္ယူပို႔ေဆာင္ေရးကြန္ရက္မ်ားကို ေႏွာင့္ေႏွးမႈမရွိေစဘဲ ဖန္တီးၾကရန္ျဖစ္သည္။ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္မွ ထုတ္လုပ္ေသာ္လည္း အတြင္းမီးအားအင္ဂ်င္တြင္ ေလာင္ကြၽမ္းေသာေလာင္စာမွ သဘာဝပတ္ဝန္းက်င္ ညစ္ညမ္းမႈထုတ္လႊတ္ျခင္း ရွိ/ မရွိအတြက္ "မျဖစ္စေလာက္ေသာ ရႈေထာင့္"မွ ခ်ဥ္းကပ္၍ ကတိကဝတ္ျပဳေရးတြင္ ျပည္တြင္းသေဘာတူညီခ်က္ မရရွိခဲ့ေသာေၾကာင့္ ႏိုင္ငံ၏အစိုးရအေနျဖင့္ လက္မွတ္ေရးထိုးမည္ မဟုတ္ေၾကာင္း ဂ်ာမနီ သဘာဝပတ္ဝန္းက်င္ ဝန္ႀကီးဌာနမွ ေျပာခြင့္ရပုဂၢိဳလ္က ဗုဒၶဟူးေန႔တြင္ ေခ်ပေျပာဆိုသည္။

ေမာ္ေတာ္ကားမ်ား၊ ထရပ္ကားမ်ား၊ သေဘၤာမ်ား၊ ဘတ္စ္ကားမ်ားႏွင့္ ေလယာဥ္မ်ားသည္ ကမာၻလုံးဆိုင္ရာ ကာဗြန္ထုတ္လႊတ္မႈအားလုံး၏ ေလးပုံတစ္ပုံခန႔္ရွိေၾကာင္း၊ အမ်ားစုမွာ လမ္းေပၚရ၌ ေျပးလႊားေနေသာ ယာဥ္မ်ားမွျဖစ္ေၾကာင္း အျပည္ျပည္ဆိုင္ရာ စြမ္းအင္ေအဂ်င္စီ၏ အခ်က္အလက္မ်ားအရ သိရွိရသည္။၂ဝ၄ဝ ခုႏွစ္ (သို႔မဟုတ္) ထိုထက္ေစာ၍ ကားသစ္မ်ားႏွင့္ ဗင္ကားမ်ားအားလုံးတြင္ ဖန္လုံအိမ္ဓါတ္ေငြ႕ထုတ္လႊတ္မႈ လုံးဝမရွိေစရန္ ကတိျပဳသည့္ တိုင္းျပည္မ်ားတြင္ COP26 ထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္ ၿဗိတိန္အပါအဝင္ နယူးဇီလန္၊ ပိုလန္ႏွင့္ အျခားႏိုင္ငံမ်ားလည္း ပါဝင္ၾကသည္။ အျခား လက္မွတ္ေရးထိုးသူမ်ားတြင္ ဆြီဒင္မွ ေဗာ္လ္ဗိုကားကုမၸဏီ၊ ဂ်ာမနီ ဒိမ္မလာေအဂ်ီ၏ မာစီဒီးစ္ ဘင့္၊ တ႐ုတ္ BYD Co ကုမၸဏီႏွင့္ အိႏၵိယ တာတာ ေမာ္ေတာ္ကားကုမၸဏီ၏ ယူနစ္တစ္ခုျဖစ္ေသာ ဂ်က္ဂြာလင့္ ႐ိုဗာတို႔ ပါဝင္သည္။ ကမာၻတစ္ဝန္းလုံး၌ ကာဗြန္ေဈးႏႈန္းေလွ်ာ့ခ်ေရး နည္းလမ္းကို ႏိုင္ငံမ်ားက သေဘာတူရန္ ႀကိဳးပမ္းေနခ်ိန္တြင္ ကမာၻ႔အႀကီးဆုံး ကားေဈးကြက္ျဖစ္သည့္ တ႐ုတ္၊ ကမာၻ႔အႀကီးမားဆုံး စီးပြားေရးႏွင့္ ဒုတိယအႀကီးဆုံး ကားေဈးကြက္ျဖစ္သည့္ အေမရိကန္တို႔၏ ကတိကဝတ္တြင္ ပါဝင္ရန္ ဆႏၵမရွိၾကျခင္းမွာ COP26 ၏ ထိေရာက္မႈအေပၚ ေမးခြန္းထုတ္စရာျဖစ္လာသည္။

ကတိကဝတ္ျပဳထားသည့္ အခ်ိဳ႕ေသာ ကားထုတ္လုပ္သူမ်ားအေနျဖင့္ နည္းပညာ အေျပာင္းအလဲျပဳလုပ္ရာတြင္ ေငြကုန္ေၾကးက်မ်ားႏိုင္ၿပီး လိုအပ္ေသာ အားသြင္းစနစ္၊ လွ်ပ္စစ္ဓာတ္အားလိုင္း အေျခခံအေဆာက္အဦမ်ား တည္ေဆာက္ႏိုင္ေရးအတြက္ ၎တို႔ အစိုးရမ်ားထံမွ အလားတူ ကတိကဝတ္မ်ား ကင္းမဲ့ေနျခင္းမွာ လည္း သတိျပဳစရာပင္ျဖစ္သည္။

Related news

© 2021. All rights reserved.